Zawgyi
At morning
"မေမေရေ သားကျောင်းသွားပြီ မနက်စာ မစားသွားတော့ဖူးနော် သားနောက်ကျနေလို့"
"အေး…အေး သေချာဂရုစိုက်သွားနော် သားရေ"
~~~~~~~~~
လေပြေကျောင်းရောက်တော့ နောက်ကျနေတာနဲ့ ကန်တင်းမဝင်တော့ပဲ အတန်းထဲပဲတန်းလာခဲ့လိုက်တော့ တီချယ်တောင်ဝင်နေပြီ တီချယ့်ကိုခွင့်တောင်းပြီးတာနဲ့ လေပြေလည်း မိမိနေရာသို့ပဲလာခဲ့လိုက်သည်
At company
ကုမ္ပဏီတွင်တော့ အာဏာတစ်ယောက် မိမိကုမ္ပဏီငွေတွေကို လိမ်လည်၍ထွက်ပြေးသွားသော မန်နေဂျာဖြစ်သူကိုစိတ်တိုနေလေသည်
"တောက်…ငါ့ကိုဒါမျိုးလာလုပ်လို့ရမလား…ဝေယံငါသူ့ကိုအရှင်လိုချင်တယ်"
"ဟုတ်ကဲ့ပါ…Boss"
"စိတ်လျှော့ပါ ငါ့ကောင်ရာ မင်းရဲ့ဒီပုံကို မင်းရဲ့ငယ်မြင်ပြီး လန့်သွားပါဦးမယ်ကွာ"
ငယ် ဆိုတဲ့အသံကြားမှအာဏာလည်းချက်ချင်းပြုံးသွားကာ "မင်းပြောမှ ငါငယ့်ကိုသတိရသွားပြီ ကျောင်းမှာသွားကြည့်ဦးမှပါကွာ…"
"ဟား…ဟား မင်းကတော့မလွယ်ဖူးကွာ ဒါနဲ့ မင်းသွားရင်ငါလည်းလိုက်မယ်နော်"
"နေပါဦး မင်းကဘာလိုက်လုပ်မှာလဲ"
"ငါ့ကလေးကိုတွေ့ချင်လို့ပေါ့ကွာ"
"ကလေး…ဘာလဲ မင်းက ဝိုင့်ကိုသဘောကျနေတာလား"
"ဟာ…ပေါက်ကရ"
"ဒါဆို လရောင်ပေါ့"
"ဟဲ…ဟဲ ဟုတ်တယ် ငါလည်းအစကတော့မြင်မြင်ချင်းအချစ်ဆိုတာကိုမယုံဖူးကွာ ဒါပေမယ့် ကလေးကိုတွေ့လိုက်တော့ မြင်မြင်ချင်းအချစ်ဆိုတာကို ငါယုံသွားပြီ"
"အချစ်နဲ့တွေ့တော့ ငါ့ကောင်ကြီးတောင် နူးညံ့နေပါရောလား"
"အောင်မယ်…မင်းရော ဘာထူးလဲ အတူတူပဲကို"
"ဟား…ဟား ဟုတ်ပါပြီကွာ"
~~~~~~~~
လေပြေတို့သုံးယောက်လည်း အတန်းချိန်ပြီးတာနဲ့ ကန်တင်းသို့ပဲထွက်လာခဲ့ကြသည်
YOU ARE READING
မောင့်ရင်ခွင်မှာခိုနားလှည့်ပါ...ငယ်(Completed)
Romanceကိုယ်ကအခုမှစာစရေးတာဆိုတော့အမှားတွေပါသွားရင်လည်းခွင့်လွှတ်ကြပါနော်...ဒီFicလေးကိုပေါ့ပေါ့ပါးပါးပုံစံမျိုးလေးပဲရေးသွားမှာပါ...လုံးဝအဆွိဖက်ကိုသွားမှာပါ...ဒီFicလေးကကိုယ်စိတ်ကူးထဲကအတိုင်းရေးထားတာဖြစ်တဲ့အတွက်တစ်စုံတစ်ရာတူညီမှုရှိခဲ့ရင်ကြိုပီးတောင်းပန်ပါတယ်...