EPISODE 3(Uni+Zawgyi)

1.1K 42 0
                                    

စမ်းရေကြည်ပေါက် (Part 3)

လေညှင်းလေတွေတိုက်နေတာကိုလဲ လှလှမခံစားနိုင်၊ ပန်းရနံ့လေများလဲ သင်းပြန့်နေတာကိုလဲ လှလှအားရုံမရ၊ ကြယ်စင်လေးများ ကောင်းကင်းမှာ ပြည့်စုံနေတာကိုလဲ လှလှမကြည်နူးနိုင်၊ လကြီးသာလို့ ရင်ခုန်ဖွယ်ကိုလဲ လှလှမရှာဖွေးနိုင်၊ လှလှဘ၀မှာ ဒီတူသားလေးနှစ်ယောက်သည် သာလေညှ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လေညှင်းလေတွေတိုက်နေတာကိုလဲ လှလှမခံစားနိုင်၊ ပန်းရနံ့လေများလဲ သင်းပြန့်နေတာကိုလဲ လှလှအားရုံမရ၊ ကြယ်စင်လေးများ ကောင်းကင်းမှာ ပြည့်စုံနေတာကိုလဲ လှလှမကြည်နူးနိုင်၊ လကြီးသာလို့ ရင်ခုန်ဖွယ်ကိုလဲ လှလှမရှာဖွေးနိုင်၊ လှလှဘ၀မှာ ဒီတူသားလေးနှစ်ယောက်သည် သာလေညှင်းလေတွေ၊ သူတို့သည်သာ ပန်းရနံ့လေတွေ၊ သူတို့သည်သာ လှလှကြယ်စင်လေးတွေ၊ သူတို့သည်သာ လှလှရဲ့လမင်းကြီးတွေ။
သူတို့တွေအတောင်လက်စုံလို့လှလှ ကိုထားသွားခဲ့လျှင်…… အို လှလှမတွေးရဲ၊ ခိုင်ခိုင်ပြောသလို ကြက်မကြီးက ဘဲကလေးတွေကို ၀ပ်ပြီး အတောင်လက်စုံတော့ ရေထဲဆင်းကူးကြသည့် ဘဲကလေးများကို ကြက်မကြီးက စိုးရီမ်စွာ ကုန်ပေါ်ကနေပြီး အော်ဟစ်နေသလိုဖြစ်နေတော့မည်။
သို့ပေမယ့် သူတို့လေတွေတောင်လက်စုံလို့ အမြင့်ပေါ်မြှင့်တက်စွာ တက်သွားခဲ့မယ်ဆိုခဲ့လျှင် လှလှကျေနပ်ပါသည်။ သူတို့ဘဝလေးတွေ သာယာနေကြမည်ဆိုခဲ့လျှင် လှလှလွန်စွာမှ ၀မ်းသာပီတိဖြစ်ရပါမည်။ လှလှဘ၀က သူတို့လေတွေရှိမှစိုပြေသာယာပါသည်။ သူတို့သည်သာ လှလှအသက်၊ လှလှဘ၀ပင်ဖြစ်ပါသည်။
လှလှရင်ထဲမှာ ဆွေးလေးစွာ တွေးငေးရင် အိမ်သို့ပြန်လာပါသည်။ အိမ်ရောက်တော့ သားငယ်ကို ရှာတော့ မတွေ့သဖြင့် အိမ်ပေါ်မှဆင်းလာသည်။
“ကြီးကြီး”
“ဘယ်သွားနေတာလဲ သားရယ် ကြီးမေအိမ်ရောက်တော့မတွေ့လို့”
“ကိုကိုဆီကဖုန်းလာလို့ သွားနားထောင်တာကြီးကြီး”
“ဟယ် ဟုတ်လား သားကြီးက ဘာတဲ့လဲ”
“သိပါဘူးဗျာ ဘာဖြစ်နေလဲမသိဘူး တစ်ခါမှ မဆက်စဖူဆက်တယ်”
“အရေကြီးလို့ ဒါမှမဟုတ် ပိုက်ဆံလိုလို့လာမှ မသိတာသားငယ်ရယ် မမေးလိုက်ဘူးလာ”
“အဲလိုလဲ မဟုတ်ဘူး ကြီးကြီးအကြောင်းကြီးပဲမေးနေတယ်”
“ဟင် ဘာတွေမေးတာလဲ”
“ကြီးကြီးနေကောင်းလာ စိတ်ကော ကျမ်းမားရဲ့လား ဒါကြီးပဲမေးနေတယ်၊ ြ့ပီးတော့ ခရီးသွားပြီး ပြန်လာတော့ ဘာဖြစ်သေးလဲတဲ့၊ ကျနော်တောင် အံ့သြသွားတယ် ကိုကိုက ကြီးကြီးမန်းကို သွားတာသိလို့လာ လို့မေးတော့၊ မသိပါဘူးတဲ့ ကြီးကြီးလိုပဲ အူးကြောင်ကြောင်နဲ့”
“ဟယ်”
“ကိုကိုလဲ ဘာဖြစ်နေလဲ မသိဘူး စာတွေကျက်ပြီး လွတ်ချင်နေပြီးလာမသိဘူး၊ ကြီးကြီးကိုပြောလိုက်ပါတဲ့ သူတောင်ပန်ပါတယ်တဲ့၊ ဘာမှလဲ အကြောင်းကမဟုတ်ပဲနဲ့ သားမုန့်ဘိုးထဲက ၃၀၀ ထွက်သွားတယ်”
သားကြီးက လှလှကိုခွင့်လွတ်ပါတယ်တဲ့၊ အိုသားကြီးရယ် ကြီးမေက သားတို့ကို ခွင့်လွှတ်ပြီးသားပါကွယ်…
“ကြီးကြီး”
“ဟေ”
“ဘာဖြစ်သွားတာလဲ ငိုင်သွားလိုက်တာ ကြီးကြီးလဲ မဟုတ်တော့ဘူး ကိုကိုလဲ မဟုတ်တော့ဘူး”
၀သုန်အူကြောင်ကြောင်ဖြစ်ကာ အိမ်ပေါ်တက်သွားပါတော့သည်။ လှလှမှာတော့ သားကြီးစကားကို ကြားလိုက်သည့်အတွက် ကြည်နူးနေမိပါတော့သည်။
အချိန်များက ရာသီစက်၀န်းကို ကျော်လွှားခဲ့တော့သည်။ လှလှမှာတော့ တူးသားနှစ်ယောက်ကြားဗျာများနေဆဲပါပဲ၊ ခုဆို သားငယ်၀သုန်လဲ ဆယ်တန်းပြီးလို့ သွားခဲ့ပြီး။ သားကြီးအတွက်ရင်အေးခဲ့သလောက် ရင်မအေးရသေးတဲ့ သားငယ်ကတော့ စာပေးစာယူ အဝေးသင်သာယူပြီး အလုပ်တစ်ဘက်ဖြင့် ကျောင်းတက်ခဲ့သည်။
“ကိုကိုအတွက် ကြီးကြီးပဲ ရှာနေရတာမောလှပြီး၊ ဒီကြားထဲကျနော်အတွက်ပါဆိုရင် ကြီးကြီးပိုဆိုးတော့မယ်၊ ကျနော်ကလဲ ဆယ်တန်းကို ရိုးရိုးပဲအောင်တာဆိုတော့ အဝေးသင်လောက်နဲ့ ဖြစ်ပါတယ်ကြီးကြီးရယ်၊ ကျနော်လဲ ကြီးကြီးအတွက် ကိုကို့အတွက် တစ်ဘက်တစ်လမ်းက ရှာမယ်နော်၊ ကျနော်ကိုခွင့်ပြုပါ”
ဟုဆိုကာ အလုပ်ကို အတင်းလုပ်ပါတော့သည်။ ခုတော့ ကား၀ပ်ရှော့မှာ ၀င်လုပ်နေတာပင် ၂နှစ်ပြည့်တော့မည်။ မနိုင်သည့်အဆုံး ကောင်းရာကောင်းမွန်လုပ်သည့် သားငယ်ကိုလဲ ခွင့်ပြုခဲ့ရသည်။
သားကြီးကလဲ ကျောင်းပြီးရန် နောက်ဆုံးနှစ်စာမေးပွဲပင်ဖြေတော့မည်။ နောက် လပိုင်းဆိုသားကြီး လှလှဆီပြန်လာတော့မည်။ ထိုကြောင့် လှလှပျော်ပါသည်။ သို့ပေမယ့် ကံကြမ္မာသည် လှလှကိုိ ကြည်စယ်နိုင်လွန်းသည်။
သားကြီးမိုးယံထက် အိမ်ပြန်ရန် တစ်လလောက်အလိုမှာ လှလှဆီဖုန်းဆက်ပြီး ရင်ဖွင့်ရှာသည်။
“ကြီးမေကိုပြောစရာရှိလို့”
“ပြောလေသား”
“သားမှာချစ်သူရှိနေပြီးကြီးမေ၊ ဒုတိယနှစ်ကတည်းကပါ၊ သူနာမည်က ချိုချိုတဲ့၊ သူမကလဲ သားတို့နေတဲ့ရွှေဘိုကပဲ”
“ဟင်”
သားကြီး၏လေသံသည် လှလှကိုတိုင်ပင်နေခြင်းမဟုတ်၊ အသိပေးနေခြင်းလို့လှလှခံစားရသည်။ လှလှမထင်မှတ်ထားပါ၊ သားကြီး မိုးယံသည် ခပ်အေးအေးနေကာ လူကနွဲ့နွဲ့နှင့်မို့ လှလှလိုဖြစ်မှာကိုပင် စိုးရီမ်ခဲ့ရသူပါ။ ယခုတော့ သားကြီးက ချစ်သူမိန်းခလေးရှိပြီးဟုပြောလိုက်တော့ ရင်ထဲ အလိုလို၀မ်းနည်းလာသည်။ လှလှရင်ခွင်ထဲက တစ်ချိန်ချိန်ခွဲထွက်သွားမည်ကို ကြိုသိထားသော်လည်း ယခုလိုမြန်မြန်ကြီးတော့ ခွဲထွက်သွားလိမ့်မည်တော့ ကြိုတင်မစဉ်းစားခဲ့မိ။
“ချိုချိုမိဘတွေနဲ့လဲ သားတွေ့ပြီးပြီ သူတို့ကိုလဲ ပြောပြထားပါတယ် ကျနော်ဦးလေးနဲ့နေတယ်လို့”
“ဟင်………….”
ဦးလေးတဲ့လာ သားရယ်…
“ချိုချိုမိဘတွေလဲနားလည်ကြပါတယ်၊ ကျနော်တို့ မပြည့်စုံတာကိုပေါ့၊ ဒါပေမယ့် ကြီးမေဘာတွေလုပ်တယ်ဆိုတာတော့ သားမပြောမိသေးဘူး၊ ဖြေးဖြေးခြင်တော့ ပြောမှာပါ၊ ချိုချိုကနားလည်နိုင်ပေမယ့် သူမမိဘတွေက အထင်မြင်သေးမှာဆိုးလို့သားလဲ မပြောပြသေးတာပါ၊ ဒါကို ကြီးမေနားလည်ပေးပါနော်”
“ရပါတယ် သားရယ်”
ရှိုက်သံပါသွားမည်ကို လှလှကြောက်လှသည်။ ထိုကြောင့် အသံကိုထိမ်းကာ ပြောနေရသည်။
“ချိုချိုမိဘတွေက သားတို့အတွက် ဆေးခန်းဖွင့်ပေးမယ်လေ၊ သားလက်ထပ်ပြီးရင်တော့ ကြီးမေတို့ကိုလဲပြုဆုရင်းနဲ့ သူတို့ဆေးခန်းမှာပဲ သားတို့နှစ်ယောက်လုံးထိုင်ကြမယ်ကြီးမေ”
“ရပါတယ်သားရယ်၊ သားအဆင်ပြေရင်ပြီးတာပါပဲ”
“ဟိုလေ ဘယ်လိုပြောရမှန်းမသိတော့ဘူး ကြီးမေရယ် သားကိုတော့စိတ်မဆိုးပါနဲ့၊ ကျောင်းပြီးရင် ဒီလိုလုပ်လိုက်တာကလဲ ကြီးမေတို့ကိုရှာကျွေးလို့ရတယ်လေ၊ သားလဲ တစ်ဖန်ကြီးမေတို့ကိုရှာကျွေးခွင့်ရတာပေါ့နော်”
သားကြီးဆီက ဖုန်းလာပြီးသည့်နောက်မှာတော့ လှလှငိုင်ကာသွားတော့သည်။ ဖုန်းကလဲ လှလှလုပ်နေသည့် မမပိုင်တို့ဆိုင်က ဖုန်းကို ဆက်ခြင်းဖြစ်သဖြင့်၊ မမပိုင်တို့ လှလှအဖြင့်ကို သိကာသွားတော့သည်။
“အော်လှလှရယ် နင့်သားကြီးကို နှမျှော်နေလို့ မဖြစ်ဘူးလေ၊ ကောင်းပါတယ် သီးချိန်တန်သီး ပွင့်ချိန်တန် ပွင့်ကြတာဆိုတော့ လှလှရယ် ကောင်းတဲ့ဘက်စဉ်းစားကြည့်ရင် ကောင်းမလေးကလဲ ဆရာ၀န်ဆိုတော့ လှလှမွေးရကျိုးနပ်တာပေါ့ မဟုတ်ဘူးလာ”
“ဟုတ်ပါတယ် လှလှက သားကြီးကို ချစ်လို့တောင်မဝသေးဘူးမမပိုင်ရယ်”
“အိုလှလှရယ်”
လှလှကိုတော့ ချစ်သူငယ်ချင်းများက အားပေးစကားပြောကြားခဲ့ပါသည်။ လှလှမှာတော့ စိတ်ကမကောင်းစွာ အိမ်သို့စောစောဆီးဆီးပြန်လာခဲ့ပါတော့သည်။
လှလှပြန်လာသည့်လမ်းတစ်လျှောက် သားကြီး၊ သားငယ်တို့ ကလေးဘ၀အကြောင်းလေးများ ပြန်စဉ်းစားရင် လွမ်းလို့နေပါသည်။
လှလှအိမ်ရှေ့ရောက်တော့ လှလှမသိသော မိတ်ဆွေများက စောင့်လို့နေပါသည်။
“ဟင်…ငါ့အိမ်ရှေ့မှာ ကားကြီးတစ်စီးနဲ့ ဘယ်သူတွေများပါလိမ့်”
လှလှဇဝေဇ၀ါဖြင့် ကားကိုသေခြားကြည့်နေမိပါသည်။ ထိုနောက် အိမ်ခြံတံခါးကို ဖွင့်လိုက်တော့မှ ကားပေါ်မှ ရွှေတွေအသီးလိုက် ၀တ်ကာ ဆင်းလာသော မိန်းမကြီးတစ်ယောက်ကို လှလှအားကြည့်နေကာ မျက်နာထားတည်တည်ဖြင့် ဆင်းလာပါတော့သည်။
“ဒီအိမ်က မိုးယံထက်ဦးလေးတို့အိမ်လာမသိဘူး”
“ရှင်”
လှလှကို ဆိုင်ကပြန်လာသည့်အ၀တ်များကိုသေခြားကြည့်ပြီး မိန်းမကြီးက နှခေါင်းချုံ့ကာကြည့်လိုက်သည်။
“သားကြီးနဲ့ဘယ်လိုပက်သက်နေလို့ပါလဲ”
“သားကြီး….သားကြီးဆိုတာက”
“ဟုတ်ကဲ့ အမကြီးပြောတဲ့ မိုးယံထက်ကိုပြောတာပါ”
“ဒါဆိုရှင်က”
“ဟုတ်ပါတယ် ကျမက မိုးယံရဲ့ အုပ်ထိမ်းသူပါ”
“အလိုတော်…….
“ဟယ်ဒါတော့ တင်စီးလွန်အားကြီးပါတယ်အေ၊ မဖြစ်သင့်ပါဘူး”
“ဟုတ်တယ်မမပိုင်ရယ် လှလှမှာတော့ ဒွိဟတွေနဲ့ကျန်ရစ်ခဲ့တာပေါ့”
လှလှမနေ့က အဖြစ်အပျက်ကို မမပိုင်တို့အားပြောပြနေခြင်းဖြစ်ပါသည်။
“လှလှလေ လူကိုတစ်ခွန်း ငဆပြောသွားရင်ကျေနပ်ပါသေးတယ်၊ ခုတော့ အိမ်ရှေ့ကိုလဲ လာတယ် ပြီးတော့ လူကိုမတူသလိုမတန်သလို အချိုးမျိုးလုပ်သွားတာ ဆတ်ဆတ်ခါအောင်နာတယ်”
“အေးလေဟယ်”
“မေးလို့လည်းဖြေရသေးတယ်၊ ဒါမိုးယံထက်တို့ ဦးလေးဟုတ်တယ်လဲပြောရောတော် တစ်ကယ်ပဲ လူကိုကြည့်သွားလိုက်တဲ့မျက်လုံးတွေ သိပ်မုန်းဘို့ကောင်းတာပဲ၊ ရွံ့ရှာသလိုလို၊ စကားပြောရမှာကို မတူသလို မတန်သလို လုပ်သွားတယ်၊ လှလှကိုလဲ ဘာမှထက်မပြောတော့ဘူး ကြည့်သွားတဲ့ အကြည့်တွေကိုနာလှတယ်၊ တကယ်ပဲ”
“တောက်…ဘယ်ကဟာတွေလဲ မသိလိုက်တာ နာတာပဲ၊ ခိုင်ခိုင်သာရှိလို့ကတော့ အဲဒီမိန်းမကြီး နှစ်အိုးကွဲ ပြီးသာမှတ်”
“ဟဲ့ ဘာအိုးလဲ”
“အိုမမပိုင်ကလဲ အရှက်အိုးလို့ပြေတာပါ”
“ဂလိုရှင်းရှင်းပြောစမ်းပါအေ တကယ်တယ်တော် စိတ်တိုတာတောင် သူ့ပြောတဲ့ အိုးထဲရောက်သွားတယ်”
“လုပ်ပြီး မမပိုင်ကတော့”
“ဒါနဲ့လှလှ အဲဒီတစ်ယောက်ကလေ နင့်သားကြီးရဲ့ …ဟယ် ဖြစ်နေရင်….အိုဟုတ်မှာပါ”
“ဟုတ်တယ် မမပိုင်ရယ် လှလှအဲ့ဒါကိုပဲ စိုးရီမ်တာ၊ သားကြီးက အဲလိုမိသားစုထဲသွားမယ်ဆိုရင်….အိုလှလှ တွေးတောင်မတွေးရဲဘူး”
ဟုတ်ပါသည်။ လှလှညကလဲ တစ်ညလုံးအိပ်မပျော်၊ ဒီအကြောင်းသာ ခေါင်းထဲရောက်နေသည်။ သားကြီးခများ လှလှကြောင့်မျက်နာငယ်နေမည်လာ လို့တောင်စိုးရီမ်မိပါသည်။ လှလှညကလဲ ငိုပွဲလေးနွဲလိုက်ရသည်။ သားငယ်မသိအောင်လဲ နေရသည်။ အိုလှလှစိတ်များ ညစ်လှပါသည်။
“မဟုတ်မှလွဲရော မဟုတ်ဘူးတော်ရေ ဟုတ်ကိုဟုတ်နေမှာ၊ နေစမ်းပါအုံး ရွှေဘိုမြို့မှာ ခိုင်ခိုင်မသိတဲ့သူ မရှိပါဘူး၊ လှလှလဲ မသိဘူးလာ အဲဒီလာတဲ့မိန်းမကြီးကို”
“အင်းမမှတ်မိဘူး ခိုင်ခိုင်၊ ရွှေတွေကို အထူးကြီး၀တ်လာလိုက်တာ၊ မျက်နာထားကလဲ တင်းနေတာပဲ”
“ကားက အဖြူရောင်လေးမဟုတ်လာ”
“ဟုတ်တယ်”
“ဒါဆိုသေးခြားပြီး ဒေါ်မိမိနိုင်ပဲဖြစ်ရမယ်၊ မိန်းမကြီးက တင်းတာများပြောမနေနဲ့ တင်းစရာမရှိရင် သူ့လင်သူ့ဆွေမျိုးသားတွေတောင်တင်းတာ”
“ဟဲ့ ဟုတ်လို့လာ ခိုင်ခိုင်ရယ် အဲဒီမိန်းမကြီးက တော်ရုံကိုလူထင်တာမဟုတ်ဘူးနော်”
“မပြောတတ်ဘူးလေ မမပိုင်ကလဲ နီးဆပ်တာဆိုလို့ ဒီမိန်းမကြီးပဲရှိတာ”
“အင်း”
“လုပ်ကြပါအုံးမမပိုင်တို့ရယ်”
“အိုညည်းသားကို ညည်းနိုင်အောင်ပြောပေါ့၊ သိပ်ပြီးလဲ အောက်ကျခံမနေနဲ့ ကိုယ်ကသားရှင် ခပ်တင်းတင်းသာထား၊ ပြီးတော့ တပြားမှမလျော့နဲ့ ဘယ်နဲ့တော် ကိုယ်က ကျွေးမွေးလာတာ ကလေးဘ၀ကတည်းက၊ ပညာစုံဂုဏ်လဲစုံတော့ အသာလေးကောက်မသွားလို့ရမလာ”
လှလှအတွက် မမပိုင်နှင့် ခိုင်ခိုင်တို့ ဆွေ့ဆွေ့ခုန်နေပါတော့သည်။
“ခုညည်းသားကို ဖုန်းဆက် သူ့ယောက်ခမ နာမည်ကိုမေး”
“မမပိုင်ရယ် ဘယ်လိုခေါ်လို့ရမှာလဲ သားကြီးစားမေးပွဲကလဲ နီးနေပြီး ထိခိုက်နေအုံးမှဖြင့်”
“အို လှလှနော် ဒါတွေကြောင့် ညည်းကို အားမရတာ၊ ကျန်တဲ့ကိစ္စတွေဆို ညည်းက ဇိုးကနဲ ပတ်ကနဲ ပဲ ညည်းသားတွေနဲ့ ပက်သက်လာရင် ညည်းကအမြဲပဲ ဒီလိုကြီးပဲ”
ဟုတ်လည်းဟုတ်ပါသည်။ မမပိုင်တို့က ဂရုနာဒေါသများဖြင့် လှလှအပေါ်ဖြစ်နေကြပါတော့သည်။ လှလှကတော့ သားကြီးအတွက် ဘာတွေလုပ်ပေးရမည်ကို စဉ်းစားရတာ ခေါင်းများပင် ကိုက်လှပါပြီး၊ စိတ်များပင် ညစ်လှပါပြီး။
သားကြီးကိုလဲ မေးချင်သည်။ မေးလဲမမေးရက်၊ သားကြီးကိုလဲပြောချင်သည်။ သဘောမတူပါဟု သို့သော် မပြောရက်ပါ။
လှလှထိုင်က ငေးငိုင်နေချိန်မှာ ခိုင်ခိုင်က အပြင်ထွက်ကာ သတင်းစုံထောက်လှမ်းတော့သည်။ နှစ်နာရီလောက်ကြာတော့ ခိုင်ခိုင်ဆိုင်သို့ပြန်ရောက်လာပါတော့သည်။
“ဟုတ်တယ်တော်ရေ၊ မှန်လိုက်တာမှပြောမနေနဲ့တော့”
“ဟဲ့ ခိုင်ခိုင် ဘာတွေဟုတ်လာတာလဲ”
“အိုမမပိုင်ကလည်း လှလှသားကြီးနဲ့ပက်သက်နေမလားလို့ သွားစုံစမ်းတာပေါ့”
“ဟယ်ဒါဆိုပြောပြစမ်း၊ ပြောပြစမ်း”
“အို မမပိုင်ကလဲ နေပါအုံး ခဏရေသောက်လိုက်အုံးမယ်”
“သေနာမ သိချင်နေတာကို စျေးကကိုင်သေးတယ်”
လှလှလဲ ကြားချင်လှသဖြင့် ခိုင်ခိုင်အနားပြေးကပ်မိသည်။ စိတ်ကတော့ ဆုတောင်းနေမိသည်။ မဟုတ်ပါစေနဲ့လို့။
ခိုင်ခိုင်မှာတော့ ရေကိုအလှဆုံးဖြစ်အောင် အိုက်တင်ပေး၍သောက်သည်။ မမပိုင်မျက်စောင်းကြီးထိုိးလိုက်သည်။
“ကောင်မ အထာကကိုင်သေးတယ်”
“အမလေး မမပိုင်ရယ် ပြောပါ့မယ်၊ ဒီလိုဒီလို ဒေါ်မိမိနိုင်မှာ သမီးတစ်ယောက်သားတစ်ယောက်ရှိတယ်၊ သားက ခုဆယ်တန်းဆိုလာပဲ၊ ချောတယ်တဲ့ ဖြောင့်ချက်တော် မန်းမှာကျောင်းတက်နေတယ်တဲ့”
“ဟယ် မသာမရယ် သူ့သားအကြောင်းသိချင်တာမဟုတ်ဘူး”
“အို….ကိုယ်သန်ရာသန်ရာ အရင်စုံစမ်းရသေးတယ်လေ”
“…………………..မ”
“မမပိုင်ရယ် စိတ်မလောပါနဲ့ ခိုင်ခိုင်ပြောပါလိမ့်မယ်”
“လှလှ ငါကတော့ ညည်းအတွက် မအေးဆေးနိုင်ဘူး သိချင်လှပြီး၊ ဟိုကောင်မ ဒေါသတွေနင့်အပေါ်ပုံကျသွားမယ် ပြောစမ်းမြန်မြန်”
ခိုင်ခိုင် ထိုအခါမှ တစ်ချက်စဉ်းစားသလို မျက်တောင်တုတက်ထားသည့် မျက်လုံးကြီးဖြင့် လည်ကာလည်ကာ လုပ်လိုက်သေးသည်။ နောက်မှ မမပိုင်ကို အပြုံးလေးပေးပြီး
“ဒေါ်မိမိနိုင်ဆီမှာ သမီးကြီးရှိသေးတယ်၊ ချိုချိုနိုင်တဲ့”
“ဟယ်နာမည်ကြီးကလဲ ချိုချိုနိုင်တဲ့ တော်တော်နိုင်မယ့် ပုံပဲနော်”
အရေးထဲ မမပိုင်က ထဖေါက်သေးသည်။
“အဲ့ဒီချိုချိုနိုင်ကလဲ ချောတယ်တဲ့ မန်းမှာဆေးတက္ကသိုလ်တက်နေတာတဲ့၊ ဆယ်တန်းကိုလဲ မန်းကနေပြီးပဲအောင်တာဆိုတော့ ခိုင်ခိုင်တို့ အလှမ်းဝေးသွားတာပေါ့၊ လှလှသားကြီးပြောတဲ့ ချိုချိုဆိုတာလဲ အဲဒီချိုချိုပဲဖြစ်မှာပေါ့၊ ရွှေဘိုက ဆေးကျောင်းတက်တဲ့ ချိုချိုဆိုလို့ သူပဲရှိတာလေ၊ ဒါကြောင့်သေးခြားတာသွားတာပေါ့”
“အို….”
“အလို ဟုတ်ရဲ့လာဟယ်”
လှလှမှာတော့ ဘာမှမပြောနိုင်တော့ပဲ ထိုင်ခုန်တစ်ခုတွင် အရုပ်ကြိုးပြတ်သလို ထိုင်မိလိုက်တော့သည်။
“အို ဟုတ်ပါတယ်ဆိုမှပဲ ဂယ်ပဲ”
“လှလှ ဟဲ့ လှလှ ဒီလိုစိတ်ညစ်နေလို့ ဖြစ်မလား သားကြီးကိုပြောလိုက် ကောင်မလေးကို ဖြတ်လိုက်လို့”
လှလှရင်ထဲ ဘလောင်ဆူလို့နေပါသည်။
“လှလှမပြောရက်ဘူး”
“နင်မပြောရဲရင်နေ ငါပြောမယ်”
“မလုပ်ပါနဲ့ မမပိုင်ရယ် လှလှကံပဲပေါ့”
“ဟဲ့ ကံဆိုတာလူလုပ်တာကြီးပဲ၊ ကံပေါ့ ကံပေါ့ လို့လွယ်လွယ်မပြောနဲ့၊ ပြတ်ပြတ်သားသားလုပ်၊ ဒါမျိုးဆိုတာ သားကြီးကိုပြောလိုက် သဘောမတူဘူးလို့”
“မလုပ်ပါနဲ့ မမပိုင်ရယ် လှလှမပြောရက်ဘူး၊ သားကြီးစိတ်ညစ်မှာကိုလဲ လှလှမကြည့်ရက်ဘူး”
“အို အဲလိုမှမလုပ်ရင် ညည်းကို ဟိုမိသားစုတွေက ခေါင်းပေါ်တက်ထိုင်သွားမယ်”
“ဟုတ်တယ် လှလှ၊ လှလှမပြောရင် ခိုင်ခိုင်တို့ပြောပေးမယ်”
“မမပိုင်တို့ ခိုင်ခိုင်တို့ စေတနာတွေကို လှလှနားလည်ပါတယ်၊ လှလှအပေါ်ထားကြတဲ့ ညီအမစိတ်ဓါတ်တွေကိုလဲ လှလှကြည်နူးရပါတယ်၊ လှလှဘဝလေးဟာ စိုပြေနောတာ မမပိုင်တို့ ခိုင်ခိုင်တို့ သူငယ်ချင်းတွေလက်နဲ့ ဖေးမလာလို့ပါ၊ လှလှက အစကတည်းက အရှူံးသမားပါပဲ၊ ဒါကြောင့်ထူးပြီးလဲ မဖြစ်တော့ပါဘူး၊ အဓိကတော့ လှလှသားတွေ စိတ်ချမ်းသာရင် လှလှနေပျော်ပါတယ်”
“အို မဟုတ်တာဟယ်”
“လှလှရယ် အားမလျှော့စမ်းပါနဲ့ ဒါကို ခုချိန်တားရင်ရပါသေးတယ်”
“လှလှမတားရက်ဘူးသူငယ်ချင်းတို့ရယ်၊ လှလှတို့က မြန်မာလူမျိုးတွေလေ၊ လှလှတို့စဉ်းစားပေးရမှာက မိန်းခလေးကို၊ မိန်းခလေးက သားကြီးနဲ့တွဲလာတာ ခုမှမဟုတ်ဘူးလေ၊ ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက၊ မိန်းခလေးဘက်ကို စဉ်းစားပေးရမယ်၊ ဒီအချိန်ကြီးမှ သားကြီးကို ခွဲခိုင်ရင် လှလှတို့ မိန်းခလေးကို ပိုပြီး နှစ်ရာမရောက်ဘူးလာ၊ လှလှကျေနပ်ပါတယ် သူငယ်ချင်းတို့ရယ်”
လှလှပြောပြီးသည်နှင့် နားနေခန်းထဲ ၀င်သွားလိုက်ပါတော့သည်။ မမပိုင်နှင့် ခိုင်ခိုင်မှာ စိတ်မကောင်းစွာ လှလှကျောပြင်ကို ငေးကာကျန်ရစ်ခဲ့ပါတော့သည်။
===============================================
လှလှဘ၀ အမောတွေပျောက်ပြီး ထင်မှတ်ခဲ့တာ ယခုအမောက ပိုဆိုးနေတော့သည်။ လှလှ ရင်တွင်က ခံစားချက်များကို တစ်ယောက်တည်း ကြိတ်မှိတ်နေခဲ့သည်။ သားငယ်ကိုလဲ မသိစေချင်၊ ယခင်ကဆို လှလှသည်ဘယ်လိုပဲ နေခဲ့သည်ဖြစ်စေ အားမငယ်ခဲ့၊ ပျော်ရွှင်စွာ ရှေ့ဆက်ခဲ့သည်ပဲ၊ ယခုတော့ အားငယ်စိတ်က အလိုလိုရင်း ရင်ထဲပြွှတ်သိပ်နေတော့သည်။။ လှလှ ခုတလော ဆိုင်တွင်လဲ ငေးငိုင်နေသည်။ အမြဲလိုလို ဆိုင်မှ စောစောပြန်လာခဲ့သည်။ နားလည်ကြသော သူငယ်ချင်း မမပိုင်နှင့် ခိုင်ခိုင်က လှလှကို ဘာမှမပြောကြပါ။ မမပိုင်နှင့် ခိုင်ခိုင်ကဆိုရင် လှလှကို အားပေးနေခဲ့ကြသည်။ လှလှ စိတ်ညစ်နေမှန်းသိ၍ စနောက်နေခဲ့ကြသည်။
“လှလှ သားကြီးဆိုတော့ ပိုင်တို့ရဲ့ သားကြီးပဲ၊ သားကြီးရဲ့ပွဲမှာတော့ အပြီပဲ အလှဆင်အပိုင်ကနေပြီး တာ၀န်ယူလိုက်မယ် ဟင်းဟင်း”
“မမပိုင်ကလဲ မင်္ဂလာမိတ်ကပ်ကို ခိုင်ခိုင်တာ၀န်ထားပါ၊ မမပိုင်က မင်္ဂလာ၀တ်စုံတာ၀န်ယူ”
မမပိုင်နှင့် ခိုင်ခိုင်က လှလှစိတ်ညစ်တာတွေပျောက်စေရန် လှလှရှေ့တွင် အလုအယက်ပြောဆိုနေကြသည်။ လှလှကတော့ သူငယ်ချင်းတွေကို ကြည့်ကာ ပြုံးပြယုံကလွဲ ပြီးဘာမှမလုပ်ခဲ့တော့ချေ။
ခုလဲ လှလှအိမ်ကို အစောကြီးပြန်ရောက်နေသည်။ သားငယ် ၀သုန်ခေါင် ကအလုပ်မှပြန်မလာသေးချေ၊ စိတ်များကလဲ ညစ်နေပါသည်။ သားကြီးကလဲ နောက်အပတ်ဆို စားမေးပွဲပြီးလာ ပြန်လာတော့မည်။ ထိုအခါကြလျှင် သားကြီးကို လှလှမည်သို့ မျက်နာထားဖြင့် ကြိုဆိုရမည်ကိုပင် ရင်လေးနေမိသည်။
“အိမ်ရှင်တို့ အိမ်ရှင်တို့”
လှလှတစ်ယောက်တည်း တွေးငေးနေသည်မှာ မည်မျှကြာသွားသည့်မသိ၊ အိမ်ရှေ့မှ လူခေါ်သံကြောင့် လှလှထွက်လာလိုက်သည်။ အိမ်ရှေ့တွင် ရပ်ထားသည့် ကားကို ကြည့်ပြီး လှလှမျက်လုံးပြူးသွားတော့သည်။ ကားအဖြူလေး၊ လှလှ ရင်ကို စိုးရီမ်စိတ်တွေပေးခဲ့သည့် ကားကြီးပင်။
လှလှ အပြင်ထွက်လိုက်တော့ အိမ်ရှေ့ရှိ ပန်းရုံးမှာတော့ ဒေါ်မိမိနိုင် ဖြစ်နေပါသည်။ လက်ထဲမှာက ကိုင်ထားသော ဖိတ်စာများ၊ ပြီးတော့ ပိုက်ဆံအိတ်ကြီးကို ဂျိုင်းကြားတွင် ညှပ်ထားသည်။ ယဉ်မောင်းကတော့ လှလှကို ခေါ်ပြီးနောက် ကားပေါ်ပြန်တက်သွားသည်။ သဘောကတော့ ရှောင်ပေးသည့် သဘောပင်။
“ရော့”
“ဟင် ဒါတွေက”
“ဟုတ်တယ် ကျမသမီးနဲ့ မောင်မိုးယံထက် တို့မင်္ဂလာဖိတ်စာပဲ”
“လှလှကိုလဲ ဘာမှမမေးဘူး၊ ဘာမှလဲ မတိုင်ပင်ပဲ”
“မောင်မိုးယံထက်နဲ့တိုင်ပင်ြ့ပီးလုပ်လိုက်တာပဲလေ၊ သူရေးပေးတဲ့ မိဘရယ်၊ လိပ်စာရယ်၊ အားလုံးရေးလိုက်တယ်”
“ဟင် ..မဖြစ်နိုင်တာရှင်”
“အို…ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ဖိတ်စာလဲ သေးခြားကြည့်လိုက် အားလုံးအမှန်တွေကြီးပဲ၊ တစ်ခုပဲပြောလိုက်မယ် မောင်မိုးယံတို့ကို ဖုန်းဆက်ဘို့ စိတ်မကူးနဲ့ အုံး၊ ကလေးတွေက ဒီစားမေးပွဲ နောက်ဆုံးရက်မှာ ဘာမှ စိတ်သောက မရောက်စေချင်ဘူး၊ တစ်ခါတည်းရှင်းရှင်းပြောရရင် ကလေးတွေကို ချစ်ရင် ရှင်လဲဘာမှ စောဒက တက်မနေနဲ့၊ ခုလဲမောင်မိုးယံနဲ့ တိုင်ပင်ပြီးမှလုပ်လိုက်တာ၊ ရော့…ဒါကဖိတ်စာ၊ မန်းမှာလုပ်မယ်”
“အို ဘာတွေလဲ ရှင်၊ လှလှနားလည်တာတော့ ဖိတ်စာဆိုတာ နှစ်ဘက်သော မိဘတွေတိုင်ပင်ပြီးမှလုပ်ရတာလေ၊ ခုလိုတစ်ဘက်သက်ကြီးတော့”
“ရော ပြောပြီးပါကောလာ၊ မောင်မိုးယံနဲ့တိုင်ပင်ပြီးသားလို့၊ ကဲပါ ဖိတ်စာ အရင်ဖတ်ကြည့်ပါအုံး”
လှလှ လက်များတုန်ကာ ဖိတ်စာလေးကို ဖွင့်ဖတ်လိုက်သည်။ ငွေရောင် ဖိတ်စာလေးပေါ်မှာ စာလုံးလေးများကတော့..
ရွှေဘိုခရိုင် ၊ ၀က်ခဲမြို့ အဖ (ဦးမင်းခေါင်) + အမိ (ဒေါ်ပိုးဝါး) တို့၏ သားကြီး
မောင်မိုးယံထက် (M.B.B.S)
နှင့်
လှလှ သတို့သား၏ လိပ်စာနှင့် မိဘနေရာတွင် လှလှနာမည် မရှိ၊ သားငယ် ၀သုန်နာမည်ပင်မပါချေ။ လှလှလက်များတုန်ယင်လာပါတော့သည်။
သားကြီးရယ် လှလှကို လူသိရှင်ကြားအသိပေးမလုပ်ရက်ဘူးလားကွယ်
ထိမ်းထားသည့်ကြားက မျက်ရည်များဝေ့၀ဲတက်လာသည်။ လက်များလည်းတုန်နေသည်။
“ဒီမှာ ရှင့်ကိုလဲ ပြောရအုံမယ်၊ ရှင့်ကသားကြီး သားကြီးနဲ့ ခေါ်ပြောနေပေမယ့် အများအမြင်မှာ မသင့်တော်ဘူး၊ မောင်မိုးယံက ဆရာ၀န်ကြီး ဖြစ်တော့မှာ၊ ဒီတော့ရှင့်ကို ပြောထားချင်တာတော့ လာမည့် အပတ်ထဲ မင်္ဂလာဆောင်ကို မလာနိုင်တာပိုကောင်းမယ်၊ လူကြားထဲမှာ ရှင့်ကို ဦးလိုလို အဒေါ်လိုလို မိဘနေရာပေးရမှာ သားမိုးယံလေးကို သနားပေးလိုက်ပါ၊ ခုလဲ သူ့ရဲ့သဘောအုတိုင်းလုပ်လိုက်ရတာ၊ ဒီတော့မင်္ဂလာဆောင်ကို ရှင်မလာနိုင်လဲ ကိစ္စမရှိဘူး”
လှလှရင်ထဲ မှာ မီးတောက်များလောင်ကျွမ်းနေကာ ဘာမှမပြောနိုင်ရှာတော့၊ လှလှစိတ်ထဲမှာတော့ ၀မ်းနည်းမူ့တွေနဲ့ပါပဲ၊ လှလှဘာလုပ်လို့ဘာကိုင်ရမှန်ပင်မသိတော့၊ လှလှ ၏ခေါင်းထဲမှာတော့ သားကြီးရက်စက်တယ်၊ ရက်စက်တယ် လို့သာ ပြောနေမိပါတော့သည်။
ဒေါ်မိမိနိူင် သူမပြောချင်ရာပြောပြီး ပြန်သွားပါတော့သည်။ အရင်က ဆတ်ဆတ်ထိမခံ လှလှ၊ ခုတော့ သားကြီးဇောဖြင့် ဘာမှမပြောနိုင်ရှာတော့၊ လှလှရင်တွေကွဲကြေရပါပြီး။
သားကြီးမင်္ဂလာဆောင်ရက် ၂ရက်အလိုမှာတော့ လှလှအလုပ်လည်းမသွားတော့ အိမ်တွင်အောင်းနေပါတော့သည်။ သူငယ်ချင်းများဖြစ်ကြသည့် မမပိုင်နှင့် ခိုင်ခိုင်တို့လဲ ဖိတ်စာများရကာ အံ့သြနေခဲ့ကြသည်။ လှလှဘက်မှ ဖိတ်သော ဖိတ်စာမဟုတ်ခဲ့ပါ။ ကံအဆိုးဆုံးကတော့ သားငယ် ၀သုန်ကတော့ ဘာမှမသိရှာပါ။ သူသည်လည်း အကိုတစ်ယောက် မင်္ဂလာဆောင်မည်ကို မသိရှိခဲ့ပါချေ။
သားကြီး မင်္ဂလာဆောင်သည့် မနက်အစောကြီး အိမ်ဘေးမှ ဖုန်းခေါ်သည်ဟုပြော၍ လှလှဖုန်းရှိသည့် အိမ်သို့ ထွက်လာခဲ့သည်။ မနက်အစောကြီး မည်သူကခေါ်သည်ကိုတော့ လှလှမစဉ်းစားတတ်ခဲ့ပါ။
“ဟယ်လို”
“ဟယ်လို ကြီးမေလာ”
“ဟင် သားမိုးယံထက်”
“ကြီးမေ ခုချိန်ထိ ရွှေဘိုမှာပဲလာ ဘာဖြစ်လို့မလာတာလဲ”
“ဘယ်လို”
“ဟုတ်တယ်လေ ကြီးမေကလဲ သားမင်္ဂလာဆောင်ကို အုပ်ထိမ်းသူ ကြီးမေ မလာဘူးလာ၊ သားကိုစိတ်မကောင်းအောင်မလုပ်ပါနဲ့လာ၊ သားမင်္ဂလာဆောင်တော့ ကြီးမေလာသင့်တာပေါ့”
“ဟင်”
“မေမေလာခေါ်သေးတယ်ဆို”
“မေမေ…..”
“ချိုချိုမေမေလေ၊ တစ်ပတ်ကြိုတင်လာခေါ်တာတဲ့ ကြီးမေ ကရွာပြန်နေလို့ မတွေ့ခဲ့ဘူးပြောတယ်၊ ပြီးတော့ ဖိတ်စာမှာ ဘာဖြစ်လို့ ကြီးမေနာမည် မထည့်တာလဲ၊ ကြီးမေကို သားကမိဘနေရာမှာပဲ ထားတာပါ၊ ကြီးမေဘာဖြစ်ဖြစ်ပေါ့ သားက ကြီးမေသားပါပဲ ကြီးမေရယ်”
“အို”
“ပြီးတော့ သားရေးလိုက်တဲ့ ဖိတ်စာအကြမ်းကို ကြီးမေက ပြန်ပြင်လိုက်တာဆို၊ ညီလေးနာမည်လဲ မပါဘူး၊ ညီလေးကော မန်းကိုလာမှာလာ၊ သားသိပ်အားငယ်တာပဲ ခုလို နှစ်ဘက်မိဘတွေဆုံတဲ့ရက်မှာ သားကို ကြီးမေစိမ်းကားတာပဲ၊ သားစိတ်မကောင်းဘူး”
“အို……..”
ဘာအဆက် ဆက်မှမရှိပဲ သားကြီးက သူပြောချင်ရာတွေ ဇွတ်ပြောနေတော့သည်။
“ခုတော့ သားက မိဘမရှိတဲ့တကောင်ကြွက်လိုပဲ ကြီးမေတကယ်စိမ်းကားတယ်ဗျာ၊ သားကိုပြောပါတော့လာ၊ သဘောမတူရင်လဲ၊ သားကြိုစားပြီးညှိနှိူင်းမှာပေါ့၊ ခုတော့ ကြီးမေကသားကို ကပ်ပြီးမှဖြုတ်လိုက်တယ်၊ ကြီးမေရယ် သားတောင်ပန်ပါတယ် ကြီးမေကို သားစိတ်ညစ်အောင်လုပ်ခဲ့ရင်လေ”
“အို…မဟုတ်ဘူး…မဟုတ်ဘူး…သားကကြီးမေကို ဘာမှမလုပ်ခဲ့ပါဘူးသားရယ်၊ သားကြီး…ရယ်…ကြီးမေထင်တာကလေ…..”
“မောင်မိုးယံ လာတော့လေ မင်္ဂလာကားက လာပြီးကွယ့် ဖုန်းနောက်မှပြောတော့ လာလာ အချိန်မရတော့ဘူး နောက်ကျနေပြီးကွယ်ံ”
တစ်ဘက်မှ အတင်းဆွဲခေါ်သွားသံကို လှလှကြားလိုက်သည်။ လှလှ ဖုန်းကိုကိုင်ကာ ကြောင်ပြီးရပ်နေမိတော့သည်။ အို…………………………….
“ငါ့ကို ဒေါ်မိမိနိူင် နှစ်ပတ်တစ်ပတ်ရိုက်လိုက်တာပဲ၊ ငါနဲ့ ငါ့သားကြီးကြားမှာ ကလန်ဖန်ထိုးသွားတာပဲ၊ ဒါဆိုဖိတ်စာတွေကလဲ ဒင်းလက်ချက်ပဲပေါ့၊ အိုမဖြစ်ပါဘူး မမပိုင်တို့ဆီသွားရမယ်”
ဆက်ရန်
Jinjar

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now