စမ်းရေကြည်ပေါက်
(Part 7)
နောင်တမဲ့စွာ
လာခဲ့ပါလို့ မခေါ်ခဲ့သလို
မလာပါနဲ့လို့ မတားခဲ့ပါဘူးနော်။
သွားပါလို့ မနှင်ခဲ့သလို
မသွားနှင့်လို့လည်း မချည်နှောင်ခဲ့ပါဘူးလေ။
စွန့်လွတ်ခြင်း ပေးဆပ်ခြင်းနှင့်
အတ္တမဲ့စွာ ချစ်ခဲ့သူမို့
လာလိုလာ သွားလိုသွား
(သခင့်.. အတွက်)
တံခါးမရှိတဲ့ နှလုံးသားမှာ
ပိုင်ဆိုင်လိုမှု မပါ
ရယူလိုမှု မပါ
ချစ်ခြင်းသာရှိခဲ့တာကြောင့်
သခင် မကြင်နာ ဖယ်ခွာခဲ့လည်း
ရင်ထဲက ဒဏ်ရာ
မျိုသိပ်ထားတဲ့ ဝေဒနာတွေကို
တစ်သက်သာအတွက်
နောင်တမဲ့စွာ သိမ်းလို့
နှလုံးသား တံခါးကိုပိတ်
တိတ်တိတ်လေးပဲ
ချစ်နေမယ်။
SSP ( M-LGBT )
(စားကြွင်း ညီငယ် SSP ဆီက ကဗျာကို ခွင့်မတောင်းပဲ ယူသုံးလိုက် တာကို တောင်ပန်းပါတယ်၊ ကိုယ့်ရဲ့ စာလေးမှာ သုံးခွင့်ပြုပါလို့တောင်းဆိုရင် ညီငယ် SSP ကိုကျေးဇူးတင်ပါတယ် )
မင်းခနိုင် ဘယ်နှစ်ကြီမ်မှန်းမသိသော ကဗျာလေးကို ထုတ်ကာ ကြည့်နေမိသည်။ ၀သုန်ပြောသွားသော စကားများကို ပြန်ကြားယောင်ရင် ယခင်ကတိတ်တိတ်လေး နေကာ နုတ်ပိတ်နေတော့မည် ဟုမှတ်ထင်ထားသောလဲ ယခုတော့ နူတ်ပိတ်နေလို့မရတော့၊ ၀သုန်ကပြောသွားသည့်စကားသည် သူ့အားရည်ရွယ်သည်ဆိုသည်ကိုတော့ နုလုံးသားက သိရှိနားလည်နေတော့သည်။
မင်းခနိူင် စာသင်နေသော်လည်း စာထဲစိတ်ကမရောက်တော့၊ တွယ်တာစွာ ချစ်မိသည့် သူတစ်ယောက်ဆီကိုသာ စိတ်အစဉ်ကလွင့်မျောက ပါသွားသည်။
“ဟင် မင်းကဘယ်သွားမလို့လဲ”
သူရုတ်တရက်ထရပ်ကာ လွယ်အိတ်များထဲ ကျောင်းစာအုပ်များ ကောက်ထည့်ပြီး ထွက်ရန်ပြင်လိုက်သည့် အတွက် အားလုံးသော သူငယ်ချင်းများက နားမလည်စွာ သူ့အားကြည့်ကြသည်။ သန့်စင်ကတော့ မေးခွန်းထုတ်လိုက်သည်။
“ငါ သွားစရာရှိလို့လစ်တော့မယ်”
“ဘယ်သွားမှာလဲ”
“ကို၀သုန်ဆီ”
“အဲ..ကို၀သုန်နေတာဘယ်နေရာလဲ ဆိုတာ မင်းကသိလို့လာ”
“အင်း”
“ဘယ်မှာလဲ”
“နန်းရှေ့က ၀ပ်ရှော့ဆိုင်မှာ”
“မင်းကဘယ်တုံးက သိလို့လဲ၊ ဒါမှမဟုတ်မင်းကိုပဲ ပြောပြထားလို့လာ”
“အင်း”
သန့်စင်စကားများကို မြန်မြန်ဖြေပြီး ဆရာမလစ်သည့်နှင့် ထွက်ခဲ့တော့သည်။ အမှန်တော့ ကို၀သုန် သူ့ကိုပြောပြမထားပါ၊ တစ်ရက်က ၀သုန်ကို မြို့ထဲမှာတွေ့သဖြင့် နောက်ကလိုက်ကာ ကြည့်ခဲ့သည်။ ထိုကြောင့် ၀သုန်လုပ်သည့် ကား၀ပ်ရှော့ဆိုင်ကို သိရှိခဲ့ပါသည်။
မင်းခနိုင်ကား ၀သုန်တို့လုပ်နေသော ဆိုင်ထဲသို့၀င်လိုက်သည်။ ၀ပ်ရှော့ထဲမှ လူရွယ်တစ်ယောက်ထွက်လာသည်။ ၀သုန်တော့မဟုတ်ပါ။
“အကို ကားပြင်မလို့လာ”
“အင်း ရေဆေးဆီလိုက် လုပ်မလို့၊ ပြီးတော့ ကားလဲစစ်မလို့”
“အော်ဟုတ်ကဲ့ ကားကိုထားခဲ့မှာလာ”
“မဟုတ်ဘူး တခါတည်းယူသွားမယ်”
“ဒါဆိုရင်တော့ ၂နာရီလောက်တော့ ကြာမယ်အကို”
“ရပါတယ်၊ ဒါနဲ့ ကို၀သုန်ရှိလာမသိဘူး”
“အော် ၀သုန်နဲ့ သိလို့လာ ရှိတယ် ခဏနော်ကျနော်ခေါ်ပေးမယ်”
လူရွယ် အထဲသို့၀င်ကာ ၀သုန်ကိုသွားခေါ်ထုတ်လာသည်။ ၀သုန်ထွက်လာသည်ကို မင်းခနိုင် ကြည့်နေမိသည်။ ဆီချေးများ ဖြင့်ပေးကျံနေပေမယ့် လွန်စွာမှ ကြည့်ကောင်းနေသည်။ ဒါကလဲ မင်းခနိုင် စိတ်ထဲအမှန်တကယ် ထင်ထားမိသည့်အကြောင်းရာပါပဲလေ။
“မင်းခနိူင်ပါလာ၊ ကားဘာဖြစ်လို့လဲ”
“အကိုကလဲ ကျနော်ကားလာစစ်တာပါ၊ ပြီးတော့ အကိုနဲ့စကားပြောချင်တယ်”
“အော် ကိုက မအားဘူး မင်းခနိုင်ရ၊ ခုတော့ ဧည့်မခံနိူင်တာခွင့်လွှတ်ပါကွာ”
“အော်….”
မင်းခနိုင်မျက်နာတွင် ၀မ်းနည်းမှု့တွေ ယိုးဆီးသွားတော့သည်။ ပြီးတော့ သူ့အားမင်းခနိုင် ဟုနာမည် အပြည့်စုံခေါ်လိုက်သည့် အတွက်လဲ ၀မ်းနည်းမိသည်။
“၀သုန်ရတယ်လေ ကိုယ့်ရဲ့ ဖေါက်သည် အသစ်ကို မိတ်မပျက်စေပါနဲ့ သွားလေ စကားပြောလို့ရပါတယ်”
ဆိုင်ရှင် အကိုမှခွင့်ပြုလိုက်သည့် အတွက် မင်းခနိုင်တစ်ယောက် ကလေးတစ်ယောက် လိုချင်သည့် မုန့်ကိုရသလို ၀မ်းသာပီတိဖြင့်ကာ ၀င်းပသွားပါတော့သည်။
၀သုန်လဲ ဆိုင်ရှင်ခွင့်ပြုလိုက်သဖြင့် မင်းခနိုင်ကိုခေါ်ကာ ဘေးမှ လက်ဘက်ရည်ဆိုင်သို့သွားထိုင်လိုက်သည်။
“ပြောပါအုံး လာရင်းကိစ္စက”
“အကိုရယ် ကျနော်က ကိစ္စရှိမှလာရမှာလာ၊ ဒီအတိုင်းလဲလာလို့မရဘူးလာ”
“အော်ရပါတယ် မင်းခရဲ့”
“အဲလိုလုပ်ပါ၊ ဒါပေမယ့် မကျေနပ်သေးဘူး”
“ဘာကိုလဲ”
“ကျနော်ကို မင်းခနိုင်လို့ သူများတွေရှေ့မှာခေါ်လို့”
“အဲ…ဘာဖြစ်လို့လဲ ဒီလိုပဲမဟုတ်ဘူးလာ”
“မင်းခလို့ ခုလိုခေါ်လေ၊ ကျနော် အဲလိုမျိုးပဲကြားချင်တယ်”
၀သုန် ဟန်ပါပါ ပြုံးလိုက်မိပါတော့သည်။
“အဲလို မပြုံးနဲ့ဗျာ ကျနော် မနေနိုင်အောင် မလုပ်နဲ့ဗျာ”
“ဟားဟား…မင်းခကတော့ ဒီနေ့အထူးဆန်းတွေလုပ်နေပါလာ၊ ဘာဖြစ်လို့မနေနိုင်တာလဲ၊ ပြောစမ်းပါအုံး”
“ကျနော်မကောင်းဘူး သိလာ၊ ကျနော်ဦးနှောက်က တားပေမယ့် နှလုံးသားကတော့ တားလို့မရတော့ဘူး၊ အကိုမနက်ကပြောသွားတဲ့ စကားကို ကျနော်အတိကျသိချင်လို့လိုက်လာတာ”
“ဘာများပါလိမ့်”
“အကိုခုမှ ရူးချင်ယောင်ဆောင်မနေနဲ့၊ ကျနော်ကို ပြုစားသွားပြီးတော့”
“တစ်ကယ်မသိတာပါ၊ ပြောမှသိမှာပေါ့ မင်းခရဲ့”
“အကိုချစ်သူကို အကိုပြောခဲ့တယ်နော်၊ ဓာတ်လှေကာ ထဲမှာဖြစ်ခဲ့တဲ့ အချစ်လေ”
“အင်း”
“အဲ့ဒါကျနော်လာ”
၀သုန်ပြုံးလိုက်ပါတော့သည်။ သူဆင်ထားသည့် အကွက်ထဲ စိုက်စိုက်မြိုက်မြိုက်ရောက်လာသည့် သားကောင်တစ်ခုကို တွေ့လိုက်ရသလို ကျေနပ်သွားပါတော့သည်။
“မင်းခက ဘယ်လိုထင်လို့လဲ”
“အဲဒါကျနော်လို့ တွက်မိလို့”
“တွက်မိလို့…ဟုတ်လား…ဒါဆိုရင် မင်းခက တွက်ချက်သမားလာ”
“ဗျာ”
“ကိုဆိုလိုတာက မင်းခ ကိုပြောခဲ့တဲ့စကားကို နားနဲ့နားထောင်ခဲ့တာလာ၊ နှလုံးသားနဲ့ နားထောင်ခဲ့တာလာ၊ နှလုံးသားနဲ့ဆိုရင်တော့ တွက်ချက်စရာမှမလိုတာ”
“ကျနော် အကိုလိုတော့ စကားလှလှတွေ မပြောတတ်ဘူး၊ ဒါပေမယ့် ကျနော် နှလုံးသားက ကျနော်ကိုပြောနေတယ်၊ အကိုကျနော်ကို ရည်ရွယ်ပြီး ပြောခဲ့တာလို့”
“ဒါဆို ဘာလိုအပ်သေးလဲ၊ မင်းခ နှလုံးသားကို မင်းခမေးကြည့်ပါ၊ ဘာတွေဖြစ်နိုင်လဲ၊ ဘာတွေဆက်လုပ်ချင်လဲ”
“ကျနော့် နှလုံးသားကို မေးစရာမလိုပဲ အဖြေကတစ်ခါတည်း ထွက်ခဲ့ပြီးသား”
“စကားလှလှ မပြောတတ်လို့သာပဲ၊ ကဲမင်းခ အတိကျသိရင်ဘာလုပ်မှာလဲ”
“ကျနော်လာ အချစ်နဲ့အတူ အလှတွေဆင်ချင်တယ်”
“ဟုတ်ပါပြီးလေ၊ မင်းခကို မညာချင်ပါဘူး၊ ကို မင်းခတို့နောက်လိုက်နေတာ ဘာလို့လဲလို့ မေးခဲ့ရင် မင်းခကိုစိတ်၀င်စားလို့၊ ချစ်ချင်လို့”
“ဗျာ တစ်ကယ်”
“အင်း..ဟုတ်တယ် မင်းခဘက်က ဘာမှန်းမသိတော့ ကိုယ်ကဘာပြောရမှန်းမသိခဲ့ဘူးလေ၊ ကိုက မင်းခတို့ သူငယ်ချင်းတွေ မကြိုက်တဲ့ အနေထားမှာ ရှိနေခဲ့တာကိုး”
“ဒါက အရင်တုံးကပါ၊ ခုတော့ ကျနော်အပါအ၀င် သူငယ်ချင်းတွေလဲ နားလည်လာပြီးလို့ ထင်မှတ်ထားပါတယ်”
“ဒါဆို မင်းခ အဖြေကရော”
“ကျနော် ဒီအထိလိုက်လာတယ် အကိုဆီကို၊ အကိုနှလုံးသားနဲ့ ကျနော်ကို ပြန်ကြည့်လိုက်လေ၊ အကိုအပေါ်မှာ ကျနော် ဘယ်လောက်ရူးသွပ်နေတယ်ဆိုတာ အကိုမြင်တွေ့ရမှာပေါ့”
“ဟာ..၀မ်းသာလိုက်တာ မင်းခရယ်”
“အကိုကလဲ ဆိုင်ထဲမှာ လူတွေနဲ့ လက်ကို အဲလိုကြီးကိုင်ရလာ”
“ဆော်တီး ဆော်တီး ဟီးဟီး…၀မ်းသာလို့ သတိလက်လွတ်သွားတယ်၊ စိတ်မဆိုးနဲ့”
“မဆိုးပါဘူးဗျာ ကျနော်က ကြည်နူးနေတာပါ၊ ဒါက ကျနော်ရဲ့ ရင်ခုန်သံ အစစ်မှန်ပါ၊ ကျနော် အကိုကိုယ် ချစ်တယ်”
“၀မ်းသာလိုက်တာ မင်းခရယ်၊ ဒါဆို ကိုတို့က ဒီနေ့ကစပြီး ဘာတွေလဲ”
“အကိုကလဲ ချစ်သူတွေပေါ့ဗျ”
“ဟုတ်တယ် ချစ်သူတွေ၊ အကိုရော မင်းခရော သတ္တိရှိမှဖြစ်မယ်နော်၊ ကိုတို့တွေက သာမန်မှမဟုတ်ကြပဲ”
“ဟုတ်တယ် အကို၊ ဒါကတော့ တစ်ဖြေးဖြေးချင်လုပ်ယူရမှာလေ”
“ဒါပေါ့ ဒါပေ့ါ”
၀မ်းသာ စွာလူရွယ်နှစ်ယောက် ကြည်နူးစွာ ရင်ခုန်နေကြပါသည်။ ၀သုန်သည်လဲ ပျော်ရွှင်နေသည်။ ရင်ထဲ တစ်လှပ်လှပ်နေအောင်ကို ကြည်းနူးနေမိပါသည်။
လူရွယ်လေးနှစ်ယောက်
တစ်ယောက်ကတော့ ရင်ခုန်သံ အစစ်မှန်တွေနဲ့ ကြည်နူးကာ ပျော်ရွှင်နေခဲ့ပါသည်။
တစ်ယောက်ကတော့ ဟန်ဆောင်ခြင်းတွေ ဖုံးလွှမ်းကာ ပျော်ရွှင်နေပါသည်။
သို့ပေမယ့် သူတို့နှစ်ဦး တိုက်ဆိုင်စွာ ခံစားနေရသည်ကတော့ ရင်ခုန်ခြင်းများ၊ ပျော်ရွှင်ခြင်းများ၊ ကြည်နူးခြင်းများ ရင်ထဲ သိုးသိပ်စွာ ကြည်းနူးနေကြပါတော့သည်။
====================================
ကြည်နူးစွာ စိုက်ကြည့်နေကြသည့် လူရွယ်နှစ်ဦးကတော့ မျက်၀န်းတွေထဲမှာ ကျေနပ်ပျော်ရွှင်နေသော ပိတိများဖြင့် ပျော်ရွှင်နေပါတော့သည်။
“အကို…”
“မင်းခကို တစ်ခုတော့ တောင်းဆိုချင်တယ်”
“ဘာများလဲ အကို”
“အကို ကိုယ် ကိုကြီးလို့ခေါ်ပါလား”
“ကိုကြီး ဟုတ်လား”
“ဟုတ်တယ် အကိုလို့ခေါ်တာ သူများတွေလဲ ခေါ်နေကြတော့ ရိုးလွန်းတယ် ကိုကတော့ ချစ်သူတစ်ယောက်က ထူးထူးခြားခြားခေါ်တာလေတော့ ခံချင်တယ် ဒါကြောင့် ကိုကြီးလို့ခေါ်ပါလား”
“ကိုကြီးသဘောပါတဲ့ဗျာ”
“ဒါမှပေါ့…ကဲဘာပြောမလို့လဲ”
“မနက်ကျရင် ကျောင်းကိုလာမှာမဟုတ်လာ”
“အင်းဟုတ်တယ်လေ ကိုကြီးချစ်သူလေးကို လာကြည့်ချင်သေးတာပေါ့”
“ဒါဆိုမနက်ကျရင် ကျနော်လာခေါ်မယ်”
“ကောင်းပါပြီးဗျာ၊ ဒါနဲ့ မင်းခကရော ကိုယ်ကိုဘယ်လိုခေါ်စေချင်လဲ”
“ကျနော်ကတော့ အကိုခေါ်တဲ့ မင်းခ ဆိုတဲ့ နာမ်စားလေးကို သဘောကျတယ်”
“အဟ…..ကောင်းပါပြီးတဲ့ဗျာ”
ပထမဦးဆုံး ချစ်သူများ ဖြစ်ကြသည့် သူတို့နှစ်ယောက်သည် ချစ်သူများ ဖြစ်ခဲ့သည့် အတွက် လျှောက်လည်ရန်လဲ မစဉ်းစားခဲ့ကြ၊ အမှတ်တရ အနမ်းတစ်စုံ လဲမပေးခဲ့ကြပါ၊ ချစ်တယ် ဟူ၍လဲ မဖက်ခဲ့ကြပါ။ အိန္ဒရည် ရှိစွာ ဖြတ်သမ်းခဲ့သည့် ချစ်စရာကောင်းသည့် ညနေအချိန်တွင် ချစ်စရာကောင်းစွာ အသိမှတ်ပြုခဲ့ကြပါသည်။ ရင်ထဲမှာ နှစ်ယောက်သားကတော့ ဘာကိုဘာလိုချင်သည်ဟု မတောင်းဆိုခဲ့ကြသလို၊ ဘာကို ဘယ်လိုနေရမည်ကိုလဲ မတောင်းဆိုခဲ့ကြပါ၊ သူတို့ အချစ်သည် ငြိမ်းချမ်းစွာ ဖြတ်သမ်းခဲ့သည်။ ထိုရက်က မင်းခနိုင် နှင့် ၀သုန် နှစ်နာရီလောက် ထိုင်စကားပြောခဲ့ကြသည်ဟု မင်းခနိုင် သူငယ်ချင်းများသိခဲ့လျှင် အံ့သြကြမည်။ ထိုအတူ ၀သုန်သည် နှစ်နာရီလောက်ထိုင်ကာ တစ်စုံတစ်ရာ နှင့်စကားပြောခဲ့သည်ကို ကြီးမေ သိခဲ့မည်ဆိုရင် မှင်သက်ကာ မေ့လဲသွားလောက်မည်။
အမှန်တိုင်းက သူတို့နှစ်ယောက်သည် မည်သူနှင့်မှ နှစ်နာရီမပြောနှင့် တစ်နာရီတောင် ပြည့်အောင် နှစ်ယောက်တည်း ထိုင်ကာ ကောင်းကောင်းပြောခဲ့ဖူကြသည်မဟုတ်သည်ကိုတော့ သူတို့နှစ်ယောက်သာ သိခဲ့ပါသည်။
ချစ်သူများ ဖြစ်ပြီးသည့်နောက်ပိုင်းတွင်တော့ သူတို့နှစ်ယောက်ကို မနက်တိုင်း တွဲလာကာ ကျောင်းသို့လာခဲ့သည်ကို သူငယ်ချင်းများက သဘောရိုးသာ ထင်မှတ်ပြီး နေထိုင်ခဲ့ကြပါသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်နားလည်နိုင် အောင်ကြိုးစားကြသည်။ မင်းခနိုင်ရင်ထဲမှာတော့ ၀သုန်သည်သာ ပထမ၊ ၀သုန်သည်သာ ဒုတိယ၊ ၀သုန်သည်သာ တတိယ ဖြစ်လို့နေပါတော့သည်။ ဒါကလဲ အချစ်က မင်းခနိုင်ကို သယ်ဆောင်သွားသည့် အကြောင်းရာတွေ ပင်ဖြစ်ပါတော့သည်။
ချစ်သူသက်တမ်း ၂ လပြည့်တော့မှ ၀သုန်စတင်လှုပ်ရှားပါတော့သည်။ သူအကြံအစည်းများကို ကောင်းထည်ဖေါ်ရန် ခြေလှမ်းစတင်လိုက်ပါတော့သည်။
ကြိုတင်စုံးစမ်းထားသည့် အတိုင်း ဒေါ်မိမိနိူင် တစ်ယောက်တည်း ရှိသည့် အချိန်ကို ရွေးချယ်ကာ ဒေါ်မိမိနိူင် ရွှေဆိုင်ကို လာခဲ့လိုက်သည်။ အချိန်က နေ့လည် ၂ နာရီကျော်၊ ဒေါ်မိမိနိူင် ရွှေဆိုင်တွင် အရောင်းစားရေးမလေးတွေ မရှိသည့် အချိန်၊ ထမင်းစားသည့် အချိန်တွင် ဒေါ်မိမိနိုင် တစ်ယောက်တည်း ဆိုင်ထိုင်တတ်သည်။ ထိုအချိန်တွင်လဲ ဧည့်နည်းသည့် အချိန်များတတ်သဖြင့် ဆိုင်တွင်လဲ လူရှင်းနေသည်။
ဒေါ်မိမိနိုင် ဆိုင်ထိုင်နေတုန်းကောင်းလေးတစ်ယောက် ၀င်လာသည်ကို သိလိုက်သည်။ ကောင်းလေးက သားမင်းခနိုင် အရွယ်လောက်ပင် ရှိအုံးမည်။ ကောင်းလေးက စမတ်ကျကျ၀တ်စားလာသည့် ပုံက ပိုက်ဆံရှိမည့် ပုံပင်ဖြစ်နေသည်။ ကောင်းလေး နေကာမျက်မှန်ကို ၀တ်လာသည့်က လိုက်ဖက်လှသည်။
“သား…ဘာလိုချင်လို့လဲကွယ့် ကြည့်လို့ရတယ် model ဆန်းဆန်းလေးတွေလဲ ရှိတယ်”
“ကျနော် လက်စွပ်ကြည့်ချင်လို့ပါ”
“ရတယ်လေသား ဒီဘက်က ဟာလေးတွေက တစ်ယောက်တည်း အတွက်၊ ဒါလေးတွေက စုံတွဲတွေ အတွက်၊ သားကရော ဘယ်အတွက် စဉ်းစားထားလဲ၊ ဘယ်လိုပုံစံမျိုးလေးလဲ”
“မောင်းကွင်း ရိုးရိုးရှင်းရှင်းလေ လိုချင်တယ်၊ စုံတွဲပါ”
“ဒါလေးဆိုလှမယ်၊ ဒါလေးက နည်းနည်း ရိုးတယ်၊ ခုနောက်ဆုံးပေါ်လေးပေါ့ ဒါမျိုးလေးကို ပိုပြီးသွက်တယ် ဒီလိုမျိုးလေးဆိုရင် ကောင်းတာပေါ့…”
စသည် စသည် များကို ရှင်းပြရင် ဒေါ်မိမိနိုင်ရွေးထုတ်ပေးနေသည့် မောင်းကွင်း ရွှေဖြူလေးများကို ၀သုန်သေးခြားလိုက်ကြည့်သည်။ စိတ်ပါလက်ပါကို ကြည့်သည်။ မျက်လုံးများကို ရိုးရှင်းစွာထားသည်။ ဒီအကွက်ကို ၀သုန်စောင့်နေခဲ့တာ၊ ဒေါ်မိမိနိုင်ကိုယ်တိုင် စိတ်ကြိုက်ရွေးပေးသည့် လက်စွပ်မျိုးကို အမှတ်ရစေရန် ရည်ရွယ်ကာ လုပ်ကြံထားသည့် ၀သုန်စိတ်ထဲမှာတော့ နည်းနည်းညစ်နေမည်ဆိုတာတော့ ၀သုန်သိသည်။ တစ်ချက် တစ်ချက် မင်းခနိုင်ကိုပင် အားနာသွားသည့် စိတ်ရင်းအခံလေးက ၀င်၀င်လာသည်။
သို့သော်ကြီးမေ မျက်ရည်များကို မြင်ယောင်လိုက်သည့် အချိန်၊ ကြီးမေအား ငွေစက္ကူများဖြင့် ပစ်ပေါက်လိုက်သည့် ဒေါ်မိမိနိူင် မျက်နာထားများကို မြင်ယောင်မိသည့် အချိန်မှာတော့ ၀သုန်စိတ်ထဲမှာတော့ အာနားခြင်းတွေကင်းကွာနေသည်။ မင်းခနိုင်၏ ချစ်စရာကောင်းသည့် မျက်နာ များသည်လဲ ပျောက်နေခဲ့တော့သည်။
“ဒါလေးကတော့ အဒေါ်စိတ်ကြိုက်ရွေးချယ်ပြီး လုပ်ထားတာ၊ ပုံစံလေးကိုလဲ အဒေါ်ပဲ ဆုံးဖြတ်ပေးထားတာကွဲ့”
လက်စွပ်မောင်းကွင်းလေး ၏အလယ်ကြောတွင် အရောင်လဲ့လဲ့လေးဖြင့် I LOVE U ဟုရေးထိုးထားသည့် နေရာလေးက တော်တော်ကိုကြည့်ကောင်းလှပါသည်။
၀သုန်စိတ်ပါလက်ပါ လက်တွင်စွပ်ကြည့်ကာ ၀တ်ကြည့်လိုက်သည်။
“ကြည့်စမ်း လှလိုက်တာ သားလက်နဲ့များ တိုင်လုပ်ထားလာ အောက်မေ့ရတယ် တစ်ကယ်လှတယ်တော့၊ ဒါနဲ့ သားကောင်းမလေးရဲ့ လက်တိုင်းရောပါလာ”
“ဗျာ”
“အော် သားကောင်းမလေးရဲ့လက်တိုင်းရောလို့မေးတာ”
“မပါလာပါဘူး..ကျနော်ကို ဒီယောက်ျား၀တ် နှစ်ကွင်းပဲပေးပါ”
“ဘယ်လို”
“ဟုတ်ကဲ့ ကျနော် ဒီပုံစံတူ နှစ်ကွင်းပဲယူမယ်၊ ကျနော်ချစ်သူက ယောက်ျားလေးပါပဲ”
“အဲ….”
ဒေါ်မိမိနိူင် ဘာပြောရမှန်းမသိအောင်ဖြစ်သွားသည်။ ယခုခေတ်ကလေးတွေက ဒေါ်မိမိနိုင် တို့ခေတ်တုံးကလို ကြောက်ရွံ့ရှက်နေခြင်းမရှိတော့၊ လူကြီးတစ်ယောက်ဖြစ်သည့် သူမကတော့ အနည်းငယ်တော့ တွေဝေသွားသည်။ သို့သော် သူမရွှေရောင်းရသည့် အတွက် သူမဘာမှ စဉ်းစားမနေတော့ချေ။
“အန်တီက လန့်တောင်လန့်သွားတယ်၊ သားက သူ့ကိုတစ်ကယ်ချစ်လို့လာ”
“ဗျာ”
“အို အန်တီလဲ ဘာတွေမေးနေတယ် မသိပါဘူး၊ ရပါတယ် ဘာမှမဟုတ်ဘူး၊ အန်တီက ဟိုလေ ဘယ်လိုပြောမလဲ သာမန်မဟုတ်တော့ နည်းနည်းစိတ်၀င်စားသွားလို့ ကဲသားက ဒီအတိုင်းပဲ ယူမှာလာ”
“ဟုတ်ကဲ့”
စျေးအကြောင်းပြောကြဆိုကြပြီးမှ ၀သုန်အေးအေးဆေးဆေး နူတ်ဆက်ကာ ပြန်ထွက်လာခဲ့တော့သည်။ ၀သုန် စျေးကြီးကြီးမှ ရွေး၀ယ်ခဲ့သည့် လက်စွပ်ကို တစ်ပြားမှ စျေးမစစ်ပဲ ယူုခဲ့သည်။ ထိုအရာများက ဒေါ်မိမိနိူင်ကို အမှတ်ရှိစေဘို့ရည်ရွယ်ခဲ့ပါသည်။
ထိုလက်စွပ်ကိုလဲ ဒေါ်မိမိနိုင် ကြီးမေကို ပစ်ပေါက်ကာ ပေးခဲ့သည့် ငွေတွေထဲမှ ၀ယ်ခဲ့ခြင်းဖြစ်ပါသည်။ သူမ၏ငွေဖြင့် သူမ၏သားလက်ကို လက်စွပ်ပေးလိုက်သည်ဟု ဒေါ်မိမိနိုင် သိခဲ့လို့ကတော့၊
“ဟားဟား….အဲ့ဒီအခါကျရင်လေ ခင်များမျက်နာကြီးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိမလာပဲဗျာ”
“ကိုကြီး ဒီအတိုင်းကြီး မနေချင်တော့ဘူး”
“ဘယ်လိုနေချင်လို့လဲ ကိုကြီးကလဲ”
“ရှင်းရှင်းပြောရရင် မင်းခတို့လဲ ကျောင်းကလဲ စားမေးပွဲဖြေပြီးတော့မယ်၊ ဖြေပြီးရင် ကျောင်းတွေပိတ်တော့မယ် အဲ့ဒါဆိုရင် ကိုကြီးတို့ ခုလိုတွေ့လို့ရပါ့မလား”
“ကိုကြီးကလဲ ဘာလို့မတွေ့လို့ရမှာလဲ တွေ့လို့ရတာပဲကိုး”
“ကိုကြီးဆိုလိုတာက မင်းခသူငယ်ချင်းတွေကို အရင်ဖွင့်ပြောကြည့်ပါလာ”
“ဟင်”
“မင်းခသတ္တိမရှိဘုးလာ”
“ကိုကြီးရာ အဲလိုမပြောပါနဲ့ ကိုကြီးကို ကျနော်ချစ်တာ ချစ်သတ္တိတွေ အပြည့်နဲ့ပါ”
“ဒါဆို မင်းခ အရင်ဆုံးရင်ဆိုင်ကြည့်ရမှာက သူငယ်ချင်းတွေပဲလေ”
“ကိုကြီးပြောတာလက်ခံပါတယ်”
“လက်ခံရင် လုပ်တော့ကွာ၊ ကိုကြီးဘက်ကတော့ မင်းခကို အမြဲတမ်းသတ္တိရှိရှိရင်ဆိုင်သွားမယ်၊ မင်းခစားမေးပွဲ ပြီးရင် အိမ်ပြန်ပြီးတော့ မင်းခကို ကြီးမေနဲ့ပေးတွေ့ပေးမယ်၊ ကိုကြီးက အစစအရာရာ အားလုံးရင်ဆိုင်ဘို့ အသင့်ရှိနေပြီး”
“ကိုကြီးရယ် ကျနော် ဘယ်လို၀မ်းသာမှန်းမသိအောင်ကိုကြည်နူးမိပါတယ်၊ တကယ်ပါ”
“အင်း မင်းခ သူငယ်ချင်းတွေကို ရင်ဆိုင်ဘို့လုပ်တော့၊ ပြီးတော့ ကျောင်းလဲ စားမေးပွဲဖြေရတော့မယ်၊ ကိုကြီးဆီကိုလာတာတွေ လျော့အုံး၊ မင်းခလာတိုင် ကိုကြီးက ထွက်ထွက်တွေ့နေရတာ၊ ကြာတော့ ဆိုင်ရှင်က မျက်မုန်းကျိုးတော့မယ်”
“ကိုကြီး ကျနော်ကြောင့် စိတ်တွေညစ်နေလာ”
“မညစ်ပါဘူး၊ အမှန်တိုင်းပြောပြတာလေ၊ ပြီးတော့ မင်းခ ကျောင်းက စားမေးပွဲလဲ ရှိသေးတယ်၊ စားမေးပွဲ အတွက် ကြိုတင်ပြင်စင်အုံး၊ စားမေးပွဲ ပြီးမှပဲ လာတော့နော်”
“ဟုတ်ပါတယ်လေ၊ ကိုကြီးရယ် ဒါပေမယ့် တစ်ရက်ခြားလေးတော့ လာပါ့ရစေဗျာနော်”
၀သုန် မင်းခနိုင်ကို တစ်ချက်တွေဝေစွာ ကြည့်လိုက်သည်။ ၀သုန်စိတ်ရင်းအတိုင်း မင်းခနိုင်ကို မြင်တွေ့ချိန်တွင်တော့ ၀သုန်စိတ်ထဲမကောင်းပါချေ၊ ခုလို မင်းခနိူင် အားငယ်လျှော့ကာ ပြောလာခဲ့ရင်တော့ ၀သုန်စိတ်များက မင်းခနိုင်ကို သနားလာမိတော့သည်။
မင်းခနိုင်နှင့် ၀သုန်ချစ်သက်တမ်းကလဲ တော်တော်လေး ရင့်လာချေပြီး၊ ထိုအချိန်ထိ နမ်းတာလေတောင် မပြုလုပ်သော ကိုကြီးကိုမင်းခနည်းနည်းတော့ စိတ်မချဖြစ်မိသည်။ တစ်ခါတစ်ရံ ကိုကြီးပြောသည့်စကားများသည် မင်းခကို ရင်တွေပို၍ ခုန်စေပြီး အချစ်တွေပိုတိုးစေသည်။ ကိုကြီးကတော့ ပြောရှားသည်။ အနမ်းလေးတောင် မရသဖြင့် မင်းခမကျေနပ်ပြောတိုင်း။
“မင်းခကို ချစ်တာလေ ဖြူစင်စွာ ရင်ခုန်ချက်နဲ့ပါ၊ ဒါလေးတော့ယုံပါ”
တစ်ခါတစ်လေ ဆိုရင်ကိုကြီး မင်းခကို ဘေးမှာထားကာ အဝေးကို ငေးနေတတ်သည်။ ထိုအခါမျိုးဆိုလျှင် ကိုကြီးဘေးတွင် မင်းခ အလိုက်သိစွာ ငြိမ်ငြိမ်သက်သက်ထိုင်နေမိတတ်သည်။
“မင်းခ…အချစ်မှာလေ တစ်ခါတစ်ရံ မှားယွင်းစွာ ရင်ခုန်တတ်တာတွေ ဖြစ်လာတတ်တယ်၊ မင်းခ ကိုကြီးကို ချစ်တာတွေကို နည်းနည်းတော့ လျှော့စေချင်တယ်၊ ကိုကြီးတို့တွေက ကြိုးစားရမည့်လမ်းတွေက တစ်ခြားသူတွေနဲ့ မတူအောင် ပိုပြီးကြီုးစားမှရမယ်၊ မင်းခသာ သတ္တိရှိဘို့လိုတယ်”
“ကိုကြီးသာ မင်းခဘေးမှာ ရှိနေမယ်ဆိုရင် မင်းခသတ္တိတွေက ကိုကြီး အားနဲ့ ပြည့်စုံနေမှာပါ”
မင်းခစကား ကြားတိုင်း ကိုကြီး ပြုံးသွားသည့် အပြုံးများကို မင်းခမမေ့နိုင်အောင်တွယ်တာမိသည်။
“ကျနော်တစ်ခုမေးချင်တယ်”
“မေးလေး”
“ကိုကြီးနဲ့ ကျနော်တို့ချစ်ကြတဲ့ အချစ်တွေက ဘယ်လိုပြောမလဲ ရိုးအဆင့် ခွဲခြားထားသေးလာ”
“မင်းခက ဘာကိုဆိုလိုတာလဲ”
မင်းခ ရှက်ရဲ ရှက်ကာ ခေါင်းကို လက်ချောင်းလေးများဖြင့် တိုးဖွလိုက်သည်။
“ကျနော် ကိုကြီးကို စချစ်ကတည်းက လွိင်တူ ချစ်သူများအကြောင်းကို လေ့လာထားတယ်၊ သူတို့တွေမှာ ရိုးခွဲပြီး ပြုလုပ်ထားတာ ရှိကြတယ်ပေါ့ဗျာ၊ တော့(လ်) ဆိုရင်တော့ ….ဘာ….ဘော့(လ်) ဆိုရင်တော့….”
မင်းခ နူတ်ခမ်းကို ၀သုန်လက်ဖြင့်ကာ ပိတ်လိုက်သည့် အတွက် မင်းခရှေ့ဆက်ပြောလို့မရခဲ့ပါ။ ကိုကြီးပြန်ပြောလိုက်သော စကားက မင်းခကိုကျေနပ်စေခဲ့ပါသည်။
“တကယ်ချစ်ကြပြီးဆိုခဲ့လျှင်လေ တော့(လ်) တွေ ဘော့(လ်) တွေဆိုတာက ဘေးမှာထားခဲ့လိုက်ပါ၊ ချစ်ခဲ့သည့် အကြောင်းကသာ အဓိကမဟုတ်လား၊ ချစ်သူလို့သတ်မှတ်ထားမှတော့ တော့(လ်) လို့ပဲပြောလို့ရပြီး ရှေ့ဆက်မှာလာ၊ ဘော့(လ်) လို့ပဲပြောပြီးသတ်သက်လုံး နေနိုင်ပါ့မလား၊ ဒါကတစ်ခုနော် နောက်ပြီး ချစ်တတ်သူတိုင်းက ရိုး(လ်) ကိုလိုက်ခွဲနေစရာမလိုပဲ ချစ်တတ်တဲ့ အချစ်ကပဲ သူ့နေရာနဲ့ သူပဲခွဲပေးသွားလိမ့်မယ်၊ ရိုး(လ်) ဆိုတာက စည်းတစ်ခုပဲ မဟုတ်လာ၊ ချစ်သူတွေကြားစည်း တစ်ခုရှိနေတာတော့ မကောင်းသလိုပဲ ဒါကလဲ ကိုယ့်အမြင်ပါ။ ချစ်ခဲ့သည်ဆိုကြပါဆို့ ချစ်သူအလိုတိုင်း ဖြည့်စည်းပေးနိုင်သည်က အချစ်စစ်ပဲ မဟုတ်လား၊ ချစ်တတ်သည်က အဓိကပဲလေ မင်းခရဲ့၊ ဒါကြောင့် ကိုကြီးနဲ့ မင်းခကြားမှာ ဘာရိုးမှမရှိတဲ့ အချစ်ကို စတင်ကြရအောင်၊ ချစ်တတ်သည့် အကြောင်းရာများကို ရှားဖွေးကြည့်ရအောင်၊ ကိုတို့ အချစ်က ဘာတွေလဲလို့ သေးခြားစမ်းစစ်ကြီးမှ ဒီအကြောင်းရာကို စဉ်းစားကြတော့ပေါ့ကွာ”
မင်းက ကျေနပ်၀မ်းသာစွာ ပျော်ရွှင်ခဲ့ရပါသည်။
ဆက်ရန်
Jinjar
![](https://img.wattpad.com/cover/248373930-288-k521711.jpg)