စမ်းရေကြည်ပေါက်
(Part 14)ချိုတို့နားချိန်ကြတော့ ချိုလက်ထဲတွင်ပါလာသည့်ဖိတ်စာကိုကြည့်ကာ မိုးယံက
"ဘယ်သူ့ဖိတ်စာလဲ"
"ဒေါ်ကြည်မြိုင်သမီးတဲ့လေ...ကိုမိုးသိလား"
"အင်းသိတယ်....၀သုန်တို့နဲ့သူငယ်ချင်းတွေပဲလေ သူ့သမီးအငယ်က၊ သူ့သမီးအငယ်မာလာလား"
"ကိုမိုးက ဘယ်လိုသိတာလဲ"
"ကိုမိုးဆေးကျောင်းမတက်ခင်က ညီလေးတို့အတန်းတူရပ်ကွက်က ကလေးတွေကိုစာပြပေးဖူတယ်လေ၊ အဲ့ဒီတုံးက သိတာပါ"
"အော်"
ချိုချိုစိတ်ထဲတစ်ခုခုကို သိရှိလိုက်ရသလို၀မ်းသာသွားတော့သည်။
၀သုန်နေလည်းကောင်းသွားပြီးမို့ အရင်လုပ်ခဲ့သည့်ကား၀ပ်ရှော့ဆိုင်တွင် ပြန်၀င်နေပါသည်။ ၀သုန်၏ စိတ်များမပျော်ရွှင်ပါ၊ သူ့ကြောင့်မင်းခ ခံစားနေရသည်ကိုသိ၍ ပိုဆိုးလို့နေပါသည်။ သူကမင်းခအတွက် လွန်စွာမှဆိုးသွမ်းသောသူဟု တဖက်သတ်တွေးကာ စိတ်များမကောင်းဖြစ်နေရပါသည်။ မင်းခဘဝလေး သူ့ကြောင့်နစ်မွန်းသွားမည်ကိုတော့ သူစိုးရီမ်သည်။ သူမင်းခကို သံယောဇဉ်ရှိပါသည်။ သူ့မှာချစ်သူရှိသည် မဟုတ်လား၊ ချစ်သူဆို၍ သူရောက်နေတာပင် မာလာသိမှသိပါလေစ၊ သူသည်လည်း မာလာကိုပစ်ထားသလို ဖြစ်နေသည်မဟုတ်လား၊ နေ့လည်ကျရင်တော့ မာလာတို့ဆိုင်ကိုသွားမည်ဟုတွေး ထားလိုက်သည်။
သူတွေးကာမှ မာလာသည်သူမ၏သူငယ်ချင်းများနှင့်အတူ ဆိုင်ထဲ၀င်လာသည်ကို တွေ့လိုက်ရသည်။ သူကိုမြင်သွားသဖြင့် မာလာမျက်နာပျက်ယွင်းသွားသည်။ ထိုနောက်ကား၀ပ်ရှော့ပိုင်ရှင်ထံ ဖိတ်စာတစ်ချို့ ပေးနေတာကိုတွေ့လိုက်ရသည်။ မာလာသည်ဆိုင်ရှင်သားငယ်လေး (၈နှစ်သား) ကိုတစ်စုံတစ်ခုမှာကာ ထွက်သွားသည်ကိုတွေ့လိုက်ရသည်။
ဆိုင်ရှင်သားလေးသည် ၀သုန်ဆီကိုလာပြီးတော့ မာလာ၏အမှာစကားကို လာပြောသည်။
"ဦးသုန် တီလေးမာလာက လမ်းထောင့်ကစောင့်နေမယ်တဲ့ ခုထွက်လာလို့ရရင်လာခဲ့ပါတဲ့"
"အော်...အေး"
၀သုန်သည် အလုပ်များကိုခဏထားကာ ထွက်ခဲ့လိုက်တော့သည်။
မာလာက သူ့အားရပ်စောင့်နေပြီး သူမ၏သူငယ်ချင်းများက ခပ်လှမ်းလှမ်းတွင်ရပ်ကြည့်နေကြသည်။ ကြည့်ရတာ မလာမှာထား၍ဖြစ်မည်။
"အကို"
"အင်းပြောလေမာလာ"
"မာလာ လက်ထပ်တော့မယ်"
"ဟင်"
"ဟုတ်တယ်အကို၊ အကိုကိုယ်မာလာစောင့်နေတာ နှစ်တောင်ချီတော့မယ်၊ ခုတော့မာလာလည်း မိဘတွေစကားတွေကို မလွန်ဆန်နိုင်တော့ဘူး၊ မိဘတွေကစီစဉ်တာကိုပဲလက်ခံလိုက်တော့တယ်၊ အကိုကိုယ် မာလာတောင်ပန်ချင်လို့"
"....."
"အကို....မာလာကိုစိတ်ဆိုးသွားလား"
"မဆိုးပါဘူး...မာလာအလွန်မှမဟုတ်တာ၊ ကိုဘက်ကဖြစ်တာပါပဲလေ...ဘာမှစိတ်ထဲမထားပါနဲ့...နင်နဲ့ငါတို့က သူငယ်ချင်းတွေပဲ...သူငယ်ချင်းလိုပဲနေကြတာပေါ့"
"ဟင်...မာလာကြားချင်တာက ဒီစကားမဟုတ်ဘူးလေ"
"အော်..မာလာရယ် ဒါကလူကြီးတွေကောင်းလို့စီစဉ်တာပဲ လက်ခံလိုက်ပါ...ငါအလုပ်တွေရှိသေးလို့ ပြန်အုံးမယ်"
၀သုန်မာလာကို ထားခဲ့ကာ အလုပ်ဆီသို့ပြန်လာခဲ့သည်။ စိတ်ထဲမှာတော့မကောင်းဖြစ်ရပါသည်။ သို့ပေမယ့်လို့ သူသည်လည်းလူကောင်းတစ်ယောက်မဟုတ်ခဲ့ပါဘူး၊ မာလာသည် သူ့ထက်တော်သည့် လူနှင့်အိမ်ထောင်ကျမည်ဖြစ်သည့်အတွက် သူ၀မ်းသာရမည်မဟုတ်လား၊ မိဘကစီစဉ်သည့် အိမ်ထောင်သည် သူ့ထက်သာလို့သာပင် ဖြစ်ပေမည်မဟုတ်လား။
၀သုန်ညနေဘက်ရောက်တော့ အိမ်ကိုပြန်လာပါသည်။ အိမ်ရှေ့ရောက်တော့ ၀သုန်သည်မင်းခကို တွေ့လိုက်ရတော့သည်။ အစကတော့ ၀သုန်၀မ်းသာသွားသည်။ နောက်ပိုင်းတွင်တော့ ၀သုန်စိတ်ကိုပြန်ထိန်းကာ တင်းထားလိုက်သည်။
"မင်းဒီကိုဘာလာလုပ်တာလဲ"
"ဘာလုပ်လုပ်ပေါ့"
"မင်းလာချင်တိုင်းလာရအောင် ဒါကပန်းခြံမဟုတ်ဘူးကွ"
"ခင်များလဲ ကျနော်ကိုတားချင်တိုင်တားရအောင် ခင်များဆီကိုလာတာမဟုတ်ဘူး ကြီးမေဆီလာတာ"
"ဘာ...ကွ....ငါ့ကိုဘယ်လိုခေါ်လိုက်တယ်"
"ဘာဖြစ်တာလဲ ခင်များတောင်မှ ကျနော်ကို မင်းလို့နာမ်စားသုံးသေးတာပဲ ခင်များလို့ကျနော်ခေါ်တာစမ်းလား"
"မခေါ်နဲ့ မကြိုက်ဘူး"
"ခေါ်မှာပဲ"
"ငါ့ကြီးမေကို ကြီးမေလို့လဲမခေါ်နဲ့"
"ခေါ်မှာပဲ ကျနော့်အမရဲ့ကြီးမေကို ကြီးမေလို့ခေါ်တာဘာဖြစ်လဲ"
"မင်းနော်...မင်း"
"ခင်များနော်...ခင်များ"
"ဟဲ့ အဲ့ဒါကဘာဖြစ်နေကြတာလဲ"
လှလှအိမ်အောက်မှ စကားများသံကြားနေရသဖြင့် အောက်သို့ဆင်းလာခဲ့သည်ဖြစ်ပါသည်။
"ဒီမှာလေ...သားကိုဒီလူကြီးကငေါက်နေတယ်"
"ဟဲ့...၀သုန်...ဘာဖြစ်တာလဲ"
"သူကဘယ်လိုကနေပြီးရောက်လာတာလဲ"
"ငါ့ဆီလာလည်တာလေ၊ နင့်ဆီလာတာမဟုတ်ဘူး၊ လာ..သားမင်းခ...သူနဲ့ဖက်မပြောနေနဲ့"
"ပြောချင်ပါဘူးဗျာ၊ ဆီချီးတွေပေနေတာ ဖက်မပြောချင်ပါဘူး"
မင်းခစကားကြောင့် ၀သုန်ကျွဲမှီတိုကာ မိမိကိုယ်ကိုပြန်ငုံံ့ကြည့်မိသည်။ ကြီးမေနှင့်မင်းခကတော့ အိမ်ပေါ်တက်သွားလေပြီးဖြစ်သည်။ ၀သုန်စိတ်ထဲမကျေလည်ပဲကျန်ရစ်ခဲ့ပါတော့သည်။
မင်းခသည် မမလာခေါ်တော့ ပျော်နေပါသည်။ မမကလမ်းတွင်သူ့အားသေးခြားမှာထားသည်။
"၀သုန်လေးက မောင်လေးကို အားနာနေတာ၊ သူနဲ့အလိုက်အထိုက်ပြောလိုက်သိလား၊ မောင်လေးလဲ သဘောပေါက်မှာပါ၊ သူကမောင်လေးကို ဘာဘာညာညာပြောပြီး စိတ်နာအောင်လုပ်ထားတာဆိုတော့ မျက်နာပူနေမှာ၊ မမပြောတာမောင်လေးသဘောပေါက်တယ်နော်"
"ဟုတ်...ကျနော်သဘောပေါက်တယ်၊ ကိုကြီးနဲ့အနီးနားမှာနေရရင်ကိုပျော်နေပြီး...ဟီး"
ထိုကြောင့်လဲပဲ မင်းခသည်၀သုန်ကို ဘုပြောကာ နေလိုက်သည်။ ထိုသို့ပြောနေရသည်ကိုပင် မင်းခမှာပျော်ရွှင်နေသည်။ ထမင်းစားဝုိင်းတွင်လဲ မင်းခကိုအားလုံးက ဂရုတစိုက်ဖြင့်ကျွေးကြသဖြင့် မင်းခမှာတော့ပျော်ရွှင်နေသည်။ ကိုကြီးမျက်နာဆူပုတ်လေ ပိုပျော်လေးပါပဲ။
....တောက်....ဖြစ်နေလိုက်ကြတာ...ဖြစ်နေလိုက်ကြတာ...ငါ့ပုကန်ထဲကျတော့ဘာမှမရှ်ိဘူး....မင်းခပုကန်ထဲကျတော့ ထည့်ပေးထားလိုက်ကြတာ တောင်ကြီးပုံနေတဲ့အတိုင်းပဲ...ကြီးမေဆိုပိုတောင်ဆိုးနေသေးတယ်...သားလေးမင်းခ...သားလေးမင်းခနှင့်...ဟင်းဟင်းး.....ကြည့်မရတော့ဘူး။....
၀သုန်စိတ်ထဲမှမကျေနပ်သမျှကို ပုကန်ထဲရှိထမင်းလုံးများအား ဖိအားဖြင့်တွန်းနေပါတော့သည်။ ထိုအချိန်တွင် ၀သုန်စိတ်ထဲတွင် စိတ်ညစ်တာတွေမရှိတော့၊ မာလာနှင့်ပက်သက်တာတွေမရှိတော့။
ဒေါ်မိမိနိုင်သည် လှလှတို့ဆိုင်ကိုအလာစိတ်လာတော့သည်။ ဒေါ်မိမိနိုင်လာသည့် အချိန်များတွင် လှလှတစ်ယောက်ကတော့ ဧည့်၀တ်ကျေစွာလက်ခံစကားပြောသည်။ ဒေါ်မိမိနိုင်သည်လဲ လှလှတို့ဆိုင်လာကာ စကားပြောရသည်ကိုပျော်ရွှင်နှစ်သက်နေသည်။
"မမနိုင်ကို ခိုင်အကောင်းဆုံးပြင်ပေးလိုက်မယ် မေသန်းနူထက်လှသွားစေရမယ်"
"ခိုင်ခိုင်ရယ် မမနိုင်မလုပ်တော့ပါဘူး အရင်ရက်ကလဲ လုပ်ထားတယ်လေ"
"ဟုတ်ပါ့ခိုင်ခိုင်ရယ် မမနိုင်စိတ်ညစ်နေပါအုံးမယ်"
"မမပိုင်နော်...ဘယ်သူကမလှပဲနေချင်မတုံး၊ လှချင်တာပေါ့၊ ခိုင်ခိုင်ပြင်ပေးတာ လှလို့၊ ကြည့်ပါလား မမနိုင်ကိုကြည့်လိုက် သမီးချိုချိုနဲ့ညီအမလားထင်ရတယ်"
"ခိုင်ခိုင်"
"ရှင် မမနိုင်"
"မမ ပိုက်ဆံသိပ်မပါဘူးနော်၊ မုန့်၀ယ်ကျွေးရမှာ များနေပြီး"
"အိုမမကလဲ ခိုင်ခိုင်ကမုန့်စားချင်လို့ပြောတာမဟုတ်ဘူးနော်"
လှလှကတော့ ပြုံး၍သာကြည့်နေမိပါတော့သည်။ လှလှသည်လဲ အလှလာပြင်သည့်ဧည့်တစ်ယောက်ကို ဆံသပေးနေပါသည်။
"ပြောရအုံးမယ်၊ ဟိုတစ်ရက်က ခိုင်ခိုင်ပြင်ပေးလိုက်တာ အိမ်ကလူကြီးက ဧည့်သည်တစ်ယောက်မှတ်ပြီး လာပါလာပါ ဘယ်သူနဲ့တွေ့ချင်လို့လဲဆိုပြီး ဧည့်ခံနေလို့ ရယ်လိုက်ရတာရှင်"
"ဟား......."...."ခစ်ခစ်....."..."ဟင်းဟင်း"
အခြောက်တို့ထုံးစံအတိုင်း မခိုတရို့ရယ်လိုက်မိကြပါတော့သည်။
"လှလှ"
"ရှင် အမကြီး"
"သားငယ်လေး အိမ်ကိုလာတာ အဆင်မှပြေရဲ့လား"
"ပြေပါတယ်၊ သူတို့လေးတွေ အနယ်ထိုင်သွားရင်တော့ စိတ်ရင်းအမှန်ကိုသိရမှာပဲလေ၊ ဒါကြောင့်လဲ သူတို့လေးတွေကို ပေးတွေ့လိုက်တဲ့ မမနိုင်ရဲ့ အကြံဥာဏ်ကောင်းပါတယ်"
"ဟုတ်ပါတယ်၊ သူတို့လေးတွေ ငယ်ရွယ်သေးတယ်ဆိုတော့ စိတ်ရင်းသဘောကို သိရှိပြီး၊ ရှေ့ဆက်ရမည့် လမ်းတွေကို ဖြောင့်အောင်လျှောက်နိုင်မှာပါ၊ ဒါကလဲ သူတို့လေးတွေရဲ့စိတ်ကို ကုသနည်းတစ်မျိုးပေါ့လေ"
"မမနိုင်တို့ စီစဉ်တာကို ကလေးတွေသိကြလား"
"ဘယ်သိခံလို့ဖြစ်မလည်းမပိုင်ရယ်၊ သူတို့ကိုလက်တည့်စမ်းနေလားလို့ အတွေးမှားတွေ မ၀င်စေချင်ဘူးလေ၊ သမီးကိုလဲ မပြောရဲဘူး၊ သူကသူ့မောင်လေးဘက်ကလေ၊ သူ့မောင်လေး ဖြစ်ချင်တာကို အစအဆုံးလုပ်ပေးချင်နေတာလေ၊ ဒါကြောင့်လဲ သမီးနဲ့လဲ မတိုင်ပင်ပဲ လှလှတို့တွေ နဲ့လာတိုင်ပင်ပြီးလုပ်ရတာပဲ"
"မမနိုင်ရယ် သူတို့လေးတွေက ဟိုလေ...ဟိုလေ.."
"ပြောမှာသားပြောပါ ခိုင်ခိုင်ရယ် ဘာအားနာစရာလိုလို့လဲ"
"သူတို့လေးတွေ မခွဲနိုင်တော့ဘူးဆိုလျှင် မမနိုင်အနေနဲ့..ဘယ်လိုသဘောရလဲ...အဲ့ဒါလေးတော့ သိချင်တယ်"
"ခိုင်ခိုင်ရယ် ဒီလိုဆိုရင်လဲ အမေတစ်ယောက်အနေနဲ့ သားတစ်ယောက်ကို ခွင့်လွှတ်နိုင်အောင် ကြိုးစားရမှာပေါ့"
မင်းခသည် ၀သုန်အိမ်ကိုလာလိုက်ပြန်လိုက်နှင့် ချောင်းပေါက်နေပါတော့သည်။ ၀သုန်စိတ်ထဲမှာ မင်းခကိုတွေ့လျှင်မကျေနပ်သလိုဖြစ်သလို ၊ မင်းခကိုမတွေ့ရရင်တော့ ၀သုန်မသိမသာ လိုက်ရှာမိနေတာ ၀သုန်ကိုယ်တိုင်သိရှိနားလည်နေပါသည်။
ဒီနေ့စောစောပြန်လာသော ၀သုန်အိမ်တွင်မည်သူုမှမရှိနေသည့်အတွက် အနည်းငယ်စိတ်မကျေနပ်သလိုဖြစ်နေပါတော့သည်။ ယခင်ရက်များဆိုလျှင် ၀သုန်ပြန်ရောက်သည့် အချိန်တွင် တစ်ယောက်ယောက်ရှိနေတတ်ပါသည်။ သူကပင်စောလို့နေသည်လားမပြောတတ်ပါ၊ မည်သူကိုရန်ရှာလို့ ရှာရမည်မှန်းလဲမသိတော့၊ ထိုကြောင့် အိမ်နောက်ဘက်ကိုသွားကာ ရေချိုးလိုက်ပါတော့သည်။
ရေချိုးပြီးနောက်တွင် မိမိအခန်းကိုပြန်လာကာ အ၀တ်စားများလဲရန်အတွက် ပြင်ဆင်နေတုန်းမှာပဲ အိမ်ရှေ့မှ လူသံကြားလိုက်သည်။ ကြည့်ရသည်မှာ ကိုကိုတို့ပြန်လာသည်ဟုထင်မှတ်ပြီး ၀သုန်အ၀တ်ကို စိတ်အေးလက်အေးလိုက်ရှာနေလိုက်သည်။
မင်းခသည် ကြီးမေနှင့်အတူ ကြီးမေတို့ဆိုင်မှပြန်လာခြင်းဖြစ်ပါသည်။ လေးခိုင်တို့လေးပိုင်တို့လဲပါလာသည်။ သူတို့တွေက အိမ်တွင်ညကျရင် တစ်ခုခုလုပ်စားရန် စျေး၀င်၀ယ်နေသဖြင့် မင်းခတစ်ယောက်တည်း အိမ်သို့ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ကိုကြီးသည်ဒီအချိန်ဆိုလျှင် ပြန်မလာသေးဟုတွက်ထားသော မင်းခကတေ့ာ ကိုကြီးအိမ်ကိုမရောက်ခင်လုပ်နေကြအတိုင်း ကိုကြီးအခန်းထဲ၀င်ကာ ကိုကြီးအ၀တ်များကို နမ်းကာပြန်ဖွ ပြန်ခေါက်ပေးနေကြအတိုင်း လုပ်ရန် ကိုကြီးအခန်းကိုတန်းတန်းမတ်မတ် ၀င်ခဲ့လိုက်တော့သည်။
ဖြစ်ချင်တော့ ၀သုန်သည်က အ၀တ်ဗီရိုတွင်ထိုင်ကာ အ၀တ်ရှာနေသည်။ အ၀တ်ဗီရိုသည် ကုတင်း၏ ယာဘက်အခြမ်းတွင်ရှိနေသည်။ ကုတင်နှင့် ဗီရိုကြားတွင် အ၀တ်ခန်းစီးတစ်ခုကာထားသည်။ ထိုခန်းစီးကို ၀သုန်စိတ်ကူးဖြင့်ကာထားခြင်းဖြစ်ပါသည်။ ထိုအကာကိုယူကာ ၀သုန်အမြဲတမ်း အ၀တ်စားများကို လွတ်လွတ်လပ်လပ်လဲတတ်သည့် အကျင့်ကြောင့် အခန်းတံခါးမရှိသော သူတို့အိမ်လေးအတွက် အကာကွယ်တစ်ခုသာဖြစ်နေပါသည်။ အိပ်ခန်းလို့သတ်မှတ်ထားသော အခန်းတံခါးများသည် လိုက်ကာခန်းစီးများသာ ကာထားသဖြင့် တံခါးသဖွယ်ရှိနေပါသည်။
ထိုကြောင့်မင်းခ၀င်လာလာခြင်း၀သုန်ကိုမမြင်မိပါ၊ ၀သုန်သည်လဲ မိမိအခန်းထဲကို မင်းခ၀င်လာသည်ကို မသိရှိပဲ စိတ်လွတ်ကိုယ်လွတ်ပြုမူနေပါသည်။ မင်းခသည် အ၀တ်ဗီရိုကိုကာထားသော ခန်းစီစကို ဖယ်လိုက်တော့ မထင်မှတ်ပဲ ၀သုန်ကိုမြင်ကာ လန့်အော်သည်။ ၀သုန်သည်လဲ မထင်မှတ်ပဲ မင်းခကာထားသည့် ခန်းစီးစကို ဖယ်လိုက်သောကြောင့် လန့်ဖြတ်သွားပါတော့သည်။
"အား...
"အားးးး...."
"ဘာလဲ...ဘာလာလုပ်တာလဲ"
မင်းခလူမိသလိုဖြစ်သွားကာ ရှက်ရှက်ဖြင့် အခန်းထဲမှပြေးထွက်ခဲ့တော့သည်။ မင်းခထွက်သွားမှ ၀သုန်ဒေါသထွက်သွားပြီးရပ်လိုက်သည့် မိမိအဖြင့်ကိုပြန်တွေးကာ ရှက်နေမိသည်။ အ၀တ်မှမရှိတာကိုး။
၀သုန်အပြင်ထွက်လာတော့ ကြီးမေတို့လဲရောက်နေပါသည်။ မင်းခကိုကြည့်လိုက်တော့ ၀သုန်ကို မျက်နာချင်းမဆိုင်ပဲ မျက်နာလွှဲလွှဲသွားသည်ကို သတိထားမိသည်။
"ဟဲ့..သားငယ်၀သုန်..."
"ဗျာလေးခိုင်"
"လာအုံး...လေးခိုင်ကိုအုန်းသီးခြစ်ပေး"
"ဘာလုပ်မလို့လဲဗျ"
"ထမင်းနှဲထိုးမလို့လေ"
"အော်"
၀သုန်သည်လေးခိုင်ကိုကူညီကာ အုန်းသီးခြစ်ပေးနေလိုက်သည်။
"မင်းခနဲ့ဘယ်လိုလဲ"
"ဘာကိုဘယ်လိုလဲရမှာလဲဗျ"
"အံမယ် ခုမှဘာမသိချင်ယောင်ဆောင်ချင်နေတာလဲ"
"လေးခိုင်ကလဲ ဘာပြောနေတာလဲ"
"မင်းခလေးကို မသနားဘူးလား၊ သူ့ခများ၀သုန်ဆီကိုလာနေတာလေ"
"လေးခိုင်ကလဲ သူကသူ့အမဆီကိုလာတာပါ"
"အော်..ဒီလိုပဲပြောရမှာပေါ့ဟဲ့...လေးခိုင်တော့ မင်းခလေးကိုသနားတယ်၊ မင်းခလေးခများ"
"လေးခိုင်ရယ် မဟုတ်တာပဲ၊ ကျနော်လိုစိတ်ထားမကောင်းတဲ့သူနဲ့ မင်းခနဲ့မထိုက်တန်ပါဘူးဗျာ"
"ဟဲ့...ဒါတွေကဖြစ်သင့်လို့ဖြစ်တာပဲ၊ ကဲ...လေးခိုင်မေးပါ့မယ်၊ သားငယ်က မင်းခကိုမချစ်ဘူးလား"
"ဟင့်အင်း....ညီလေးတစ်ယောက်လိုပဲ"
"ဒါဆို...ဒီလက်က၀တ်ထားတဲ့လက်စွပ်ကြီးကဘာလို့မခြွတ်သေးတာလဲ"
"ဟာဗျာ..ကတ်သီးကတ်သက်လာမေးနေတယ်၊ သိဘူး...၀တ်ချင်လို့၀တ်ထားတာ"
"ဟင်း..ဟင်း...လေးခိုင်ပြောလိုက်ရင်မကောင်းတော့ဘူး၊ ...ဟဲ့...ဟဲ့...အုန်းသီးခြစ်တာဖြေးဖြေးခြစ်လေ၊ အမည်းတွေပါတော့မှာပဲ"
၀သုန်မည်သို့မျှပြန်မပြောတော့ပါ။ ကိုကိုတို့လဲ အိမ်ကိုပြန်ရောက်နေကြပြီး ဖြစ်ကြသဖြင့် လူများစုံသွားတော့သည်။
လူစုံတက်စုံ ထမင်းနဲပွဲလေးပြီးဆုံးသွားတော့သည်။ ကောင်းလိုက်သည့် ထမင်းနဲပွဲလေးကို လက်စုံကာ စားလိုက်ကြတော့သည်။ အငယ်ဖြစ်သော ၀သုန်ကတော့ ပုဂံများကိုဆေးကြောရန် နောက်ဘက်သို့ထွက်လာခဲ့သည်။
မင်းခယောင်ပေယောင်ပေဖြင့် ၀သုန်အနားရောက်လာသည်။
"ခင်များကြီး ပုဂံဆေးနေတာနှေးလိုက်တာ"
၀သုန်မင်းခကို ဘုကြည့် ကြည့်ကာပုဂံများကို ဆေးကြောနေပါသည်။
"ဒီနေ့လူတစ်ယောက်ကို ရှက်လဲမရှက်ဘူး တုံးလုံးကြီးတွေ့လိုက်ရတယ်....ဟီး"
"ဘာကြ"
"ခင်များကိုဘာပြောလို့လဲ"
"မင်းနော်မင်း....."
"ခင်များနော်...ခင်များ"
"မင်းငါ့ကို ခင်များလို့မခေါ်နဲ့ကွ"
"ခေါ်မှာပဲ ခင်များတောင်ကျနော်ကို မင်းလို့ခေါ်သေးတာကို"
"တော်တော့...ဆက်မပြောနဲ့"
"ပြောတော့ဘာဖြစ်လဲ၊ တုံးလုံးလေး"
"အင့်.."
၀သုန်ဆပ်ပြာများနှင့် မင်းခ၏မျက်နာကို ပက်လိုက်ပါတော့သည်။
"အား.....စပ်တယ်..စပ်တယ်"
"ဟင်"
၀သုန်မှာ စိတ်လွတ်သွားကာ လုပ်လိုက်တာ လွန်သွားသဖြင့် မင်းခအနားသို့ပြေးကပ်သွားကာ ရေဖြင့် မျက်နာကိုဆေးပေးလိုက်ပါတော့သည်။ လူမှာလဲ ပြာယာခတ်ကာ ပူပန်သွားပါတော့သည်။
"စော်ဒီး...မင်းခရယ် ကိုကြီးတောင်ပန်ပါတယ်နော်၊ ကိုကြီးလွန်သွားတယ်၊ နော်နော်...ရေလေးဆေးလိုက်ပါ၊ ကိုကြီးလုပ်ပေးမယ်"
"သွား...မကိုင်နဲ့..ခင်များကြီးတော်တော်ရက်စက်ပါလား၊ ကျနော်ကတော့ ချစ်လိုက်ရတာ၊ မျက်နာပြောင်တိုက်ပြီးလာရသေးတယ်၊ ခင်များကြီးကတော်တော့ကို ရက်စက်တယ်"
"မဟုတ်ပါဘူးမင်းခရယ်၊ ကိုကြီးတောင်ပန်ပါတယ်၊ မင်းခကိုလေး ကိုကြီးကြောင့်မနစ်မွန်းစေချင်လို့ပါ၊ မင်းခလေးကိုလေ ကိုကြိးကချစ်ပါတယ်"
"တကယ်လား"
မင်းခသည် ၀သုန်ပြောလိုက်သော စကားကြောင့် စပ်တာတွေပျောက်ကာ ၀မ်းသာအားရဖြစ်သွားသည်။
"အင်း...ညီလေးတစ်ယောက်လို"
"ဟာဗျာ....အားစပ်တယ်...စပ်တယ်"
"ဟင်..ခုဏကတော့ ကောင်းသွားပြီးမဟုတ်လား"
"မကောင်းဘူး..."
မင်းခအသံနည်းနည်းကျယ်သွားသည်။ ချိုချိုသည်လည်း မီးဖိုချောင်တွင်သန့်ရှင်းရေးလုပ်နေရင်းက အသံကြားသဖြင့် ထွက်လာလိုက်သည်။
"ဘာဖြစ်နေကြတာလဲမောင်လေးတို့"
"မမ...ဒီလူကြီးပေါ့ မောင်လေးကို ဆပ်ပြာတွေနဲ့ပတ်တယ်"
"ဟယ်....."
"ဟို...မမချို...မတော်တဆဖြစ်သွားတာပါ..ဟိုလေ...ဟို"
"ဘာမတော်တဆလည်း တမင်လုပ်ပြီးတော့များ...တော်ပြီး မကူညီတော့ဘူး"
မင်းခပြောပြောဆိုဆိုနှင့်ထထွက်သွားတော့သည်။ ချိုချိုသည်လည်း မင်းခနောက်သို့လိုက်သွားသည်။ ၀သုန်ကတော့ စိတ်မကောင်းစွာကျန်ခဲ့ပါတော့သည်။
ထိုညက ၀သုန်အိမ်ပေါ်မတက်တော့ပါ၊ အိမ်အောက်တွင်ထိုင်နေမိတော့သည်။ မင်းခအတွက်သူစိတ်မကောင်းဖြစ်လို့နေပါတော့သည်။ မင်းခကလဲ အိမ်ကဖုန်းဆက်ခေါ်သည်ဖြင့် ညတွင်းချင်ပင် အိမ်သို့ပြန်သွားတော့သည်။ ဘာအကြောင်းကြောင့်တော့ ၀သုန်မသိပါ။
ထိုအချိန် ချိုချိုသည် ၀သုန်အနားသို့ရောက်လာတော့သည်။ မျက်နာကတော့ အနည်းငယ်စိတ်မကောင်းသည့်ပုံပေါက်နေပါသည်။ ၀သုန်သည်လဲ မျက်နာပူမိပါသည်။
"မောင်လေး"
"ဗျာ....မမချို"
"မောင်လေးကို မမမေးမယ် မောင်လေးလဲ စိတ်ထဲရှိတဲ့အတိုင်းပဲဖြေပါ၊ ဘာမှအားနာစရာမလိုဘူး၊ မမသိချင်တာက ရှင်းရှင်းလင်းလင်းဖြစ်စေချင်တာပေါ့"
"ဟုတ်ကဲ့"
၀သုန်ဖြေသာဖြေလိုက်သည်၊ စိတ်ထဲမှာတော့ စိုးထိတ်နေပါသည်။
"မောင်လေးအနေနဲ့ မမမောင်လေးကို တော်တော်ကြီးကို နာကြီးနေတာလား"
"ဟာ...မဟုတ်ပါဘူး..မမချိုရယ်"
"ဒါနဲ့များ...ဘာဖြစ်လို့ ရက်ရက်စက်စက် ဆပ်ပြာတွေနဲ့ပတ်လိုက်ရတာလဲ၊ ခုတော့မျက်လုံးတွေရဲနေတာပဲ"
အမှန်တော့ ထိုလောက်ထိ မဖြစ်ပါ၊ ချိုချိုအနေနဲ့ ပိုပိုသာသာလေးပြောလိုက်ခြင်းဖြစ်ပါသည်။
"ကျနော်...ကျနော် အဲလောက်ထိမရည်ရွယ်ပါဘူး၊ မင်းခက ခင်းများကြီး ခင်များကြီး လို့ခေါ်နေတာကို စိတ်ကလက်မခံနိုင်ပဲ သတိလက်လွတ်ဖြစ်သွားတာပါ၊ မမချိုရယ်၊ ကျနော်တောင်ပန်ပါတယ်"
ချိုချိုနည်းနည်းတော့ ကျေနပ်သွားသည်။
"ဒါဖြင့် ဘာလို့သူစိမ်းလိုနေ, နေတာလဲ၊ မင်းခလေးခများသနားစရာ၊ မောင်လေးကို ချစ်ရှာလို့သာ ဒီကိုလာနေရတာ၊ ခုတော့ သူလဲစိတ်တွေမကောင်းဖြစ်ပြီး နာကျင်သွားရတော့မှာပေါ့၊ သွား..မင်းခလေးကို သွားချော့လိုက်"
"နေပါစေတော့မမချိုရယ်၊ သူစိတ်နာလက်စနဲ့နာပါစေတော့၊ ကျနော်လေ မင်းခကိုလေ ကျနော်ချစ်တယ်၊ ချစ်လို့လဲ ကျနော်နှလုံးသားတွေ အကြေခံပြီးတော့ကို သူစိတ်နာအောင်လုပ်မိတာတွေရှိပါတယ်၊ ဒါပေမယ့်လို့ အရမ်းရက်စက်ရာကျမှာစိုးလို့"
"ချစ်ရင် ဘာဖြစ်လို့ စိတ်နာအောင်လုပ်ရမှာလဲ"
"မမချိုရယ်...မင်းခလေးကတက်လူလေ၊ သူလေးကမိုးပေါ်ပျံတက်ဖို့အားအင်းတွေယူနေချိန်မှာ ကျနော်ကြောင့် ပတ်၀န်ကျင်မှာ မျက်နာမပြ၀ံ့ လူတော်မတိုးရဲတဲ့ဘဝလေး ရောက်မှာစိုးရီမ်တယ်"
"အိုမဟုတ်တာ....လူနှစ်ယောက်ချစ်တာနဲ့ လူတော်မတိုးဝံ့တာဖြစ်စရာလား"
"ဖြစ်တာပေါ့ ကျနော်ရှေ့မှာ သင်ခန်းစာအဖြင့် ကြီးမေတစ်ယောက်လုံးရှိနေတယ်လေ၊ ကြီးမေက ကိုကြီးမင်္ဂလာဆောင်ကိုတောင် လာချင်ရဲ့နဲ့ ဖိတ်မခံရတဲ့လူတစ်ယောက်ဖြစ်ခဲ့ရှာတာ မမချိုအသိပဲ"
"အို.."
ချိုချိုစိတ်မကောင်းစွာ ခံစားလိုက်ရသည်။ ၀သုန်၏အချစ်တစ်ချို့ကိုလဲ မြင်တွေ့သွားခဲ့တော့သည်။
"ကြီးမေကလေ ကျနော်တို့ကို မြေတောင်မြှောက်ပေးခဲ့ပေမယ့် ကျနော်တို့ဆီက ဘာမှမျှော်လင့်မထားရှာဘူး မမချိုလဲ အသိပဲမဟုတ်လား၊ ဒါကြောင့်လေး မင်းခလေးကို ကျနော်တန်ဖိုးထားခဲ့တာ၊ မင်းခလေး နစ်မွန်းသွားမည့်လမ်းတွေဆိုရင် ကျနော်အသဲတွေ ကြေမွချင်ကြေမွသွားပါစေ ကျနော်ခံစားလိုက်ပါ့မယ်၊ မင်းခလေးကိုတော့ ဒီလိုလမ်းကိုတော့ မလျှောက်စေချင်တော့ဘူး"
"မောင်လေး ကိုမမချိုတစ်ခုပြောမယ်၊ မြှောက်ပေးတာလဲမဟုတ်ဘူးပေါ့၊ လူ့ဘ၀ဆိုတာ တိုတိုလေးပါမောင်လေးရယ်၊ လောကကြီးမှာလေ အသက်ရှင်နေထိုင်နေရတာက မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်စွာနေထိုင်တာပိုပြီးသဘာ၀ကျပါတယ်၊ စိတ်ကိုအညစ်ခံပြီး နစ်မွန်းနေမယ်ဆိုရင်တော့ ရှင်သန်ရတာ ဘာအဓိပ်ပါယ်ရှိတော့မှာလဲ မောင်လေးရယ်၊ မည်သူမဆို ချစ်သူနဲ့နေထိုင်သွားချင်ကြတာကြီးပဲ မဟုတ်လား၊ မောင်လေးသာ သတ္တိရှိဖို့တော့လိုတာပေါ့၊ တကယ်လို့ မောင်လေး နောင်တချိန်မှနောင်တရရင်လေ မောင်လေးတသက်လုံးပြင်လို့မရပဲ နောင်တတွေနဲ့ ရှိနေမယ်"
"ဒါတော့ ဒါပေါ့မမချိုရယ်၊ ကျနော်ကတော့ ကျနော်ချစ်သူတစ်ယောက် ပျော်ရွှင်နေမယ်ဆိုရင် ကျနော်အနေနဲ့ ဘာမဆိုပေးဆပ်ဖို့ အသင့်ပါပဲ"
"ဒါနဲ့များ မင်းခလေး စိတ်ညစ်အောင်ဘာလို့လုပ်နေလဲလို့"
"သူခုခံစားရလဲ အလွန်ဆုံးတစ်နှစ်ပေါ့့ မမချိုရယ်၊ နောင်ကျရင်တော့ ကျနော်ကိုမေ့သွားလောက်မှာပါ"
"မောင်လေး အဲလိုထင်လား၊ မမတော့မထင်ဘူး၊ မောင်လေးကို မင်းခလေး မေ့သွားမယ်ဆိုရင် အရင်တစ်ခါမောင်လေး ပြောလိုက်တဲ့စကားတွေကြောင့် သူအဝေးကိုထွက်သွားလောက်ဖို့လုံလောက်နေပြီး"
"မမချိုက ဒါတွေသိနေလား"
"မသိရှိမလား၊ ကဲ ညနည်းတော်တော်နက်နေပြီး အိပ်တော့၊ မမလဲ မနက်ဆေးခန်းသွားရအုံးမယ်"
"ဟုတ်ကဲ့ မမချို၊ ကျနော်ခဏတော့ ထိုင်လိုက်အုံးမယ်"
"အင်းပြီးရောလေ ညည့်နက်အောင်မနေနဲ့နော်"
"ဟုတ်ကဲ့"
ချိုချိုထထွက်လာခဲ့သည်။ ချိုချိုရဲ့စိတ်ထဲမှာ မောင်လေးမင်းခအတွက် ၀မ်းသာသွားသည်။ သူမကို ဆိုးသည့်အမလို့ပြောချင်လဲ ပြောကြပါစေတော့၊ မောင်လေး မင်းခအတွက်ဆိုရင်တော့ သူမသည် အမတစ်ယောက်အနေနဲ့ မောင်လေးစိတ်ချမ်းသာအောင် လုပ်ပေးရမည်။
၀သုန်ငူငေါင်စွာကျန်ရစ်ခဲ့သည်။ သူရင်ထဲတွင်တော့ မင်းခကိုချစ်တာ ဖြူစင်သည်ဟု ထင်မှတ်ထားသည်။ မင်းခအတွက်ဆိုရင်တော့ သူဘာပေးဆပ်ရပဲ ဖြစ်ဖြစ်သူအသင့်ပင် ထားလိုက်သည်။ နောက်ရက်ကျရင်တော့ မင်းခကို သူအရင်လိုပြန်နေတော့မည်ဟု တွေးလိုက်မိပါတော့သည်။
၀သုန် သည်ညကနောက်ကျမှ အိပ်ယာ၀င်ခဲ့သဖြင့် နောက်ကျစွာ အိပ်ယာမှနိူးလာခဲ့သည်။ သူနိူးလာတော့ ကြီးမေတို့က မရှိတော့ စောစောစီးစီးဘယ်ထွက်သွားသည်မသိလိုက်ပါ။ မမချိုနှင့် ကိုကိုကလဲ ပြာယာခတ်ကာ ပြင်ဆင်နေကြသည်။ ဘယ်ကိုသွားမည်တော့ မသိပါ။
"ချို..မပြီးသေးဘူးလားကွာ"
"ပြီးတော့မှာပါ ကိုမိုးရယ် နည်းနည်းလေး အလှပြင်နေတာပါ"
"ချိုက လှပြီးသားပါကွာ"
"အို..ဒီလိုရက်မှာ ဒီလောက်တော့ပြင်သင့်တာပေါ့ကိုမိုးရယ်"
ဘာတွေလောနေကြသည်မသိသော် ၀သုန်သည်လဲ နားမလည်စွာကြည့်နေမိသည်။ နောက်တော့ ကိုယ်လက်သန့်စင်ပြီးတော့ မှအိမ်ရှေ့ကိုထွက်လာခဲ့သည်။
"ချိုရယ် ကြာလိုက်တာ"
"ကြာပါဘူး ကိုမိုးရယ်၊ ဘာလဲ ဒီလောက်လေးစောင့်ရတာကို ညိုရင်တယ်ပေါ့လေ၊ ခုတော့ ဒီလိုဖြစ်နေပြီးပေါ့"
"မဟုတ်ပါဘူးချိုရယ် ဟိုမှာလူကြီးတွေစောင့်နေရတာ အားနာစရာဖြစ်တော့မယ်လေ"
"ကြီးမေတို့လဲ ခုမှသွားတာပါနော်၊ ပြီးတော့ မောင်လေးမင်းခက ခုမှပြင်ဆင်နေမှာနဲ့ ချိုတို့သွားတာနဲ့ အချိန်ကောင်းပဲ"
မင်းခအသံကြားလိုက်သဖြင့် ၀သုန်ပို၍စိတ်၀င်စားသွားသည်။
"အင်းပါ...အင်းပါ..."
"အော်...မောင်လေး ၀သုန်ဘာမှမပြင်ထားဘူးလား"
"ကျနော်က ဘာပြင်ရမှာလဲ၊ မမချိုတို့ကလဲ ဘယ်သွားမှာမို့ ဒီလောက်ပြင်ဆင်နေတာလဲ"
"ဟယ်...ခက်တော့တာပဲ မောင်လေးမင်းခနဲ့ ချစ်သမီးနဲ့ဒီနေ့ စေ့စပ်တာလေ"