စမ်းရေကြည်ပေါက်
(Part 5)အနည်းငယ်ကြာတော့မှ ၀သုန်လွှတ်ပေးလိုက်သည်။
“သက်သာလာ”
“ဗျာ”
“သက်သာလာလို့မေးတာ၊ စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထား၊ မလှုပ်ရှားနဲ့ စိတ်ကမောရင် လူကမောတယ်”
“ဗျာ”
မင်းခနိုင်သေခြားကြည့်လိုက်ပေမယ့် မျက်နာကို သဲကွဲစွာမတွေ့မိ၊ မိမိကို လေသံတိုးလေးဖြင့် မေးလာသည့်သူသည် ဦးထုတ်ကို ငိုက်စိုက်စွာဆောင်းထားသည်။ မျက်နာတွင်လဲ မျက်မှန်နတ်ကြီးဖြင့်ကာထားသည့် အတွက်သဲကွဲစွာမမြင်ရ။
မင်းခနိူင် အံ့သြကာကြောင်ကြည့်နေသည့်သူ့ကို နုတ်ခမ်းလေးလှုပ်ရုံသာ တစ်ချက်ပြုံးပြလိုက်သည်။
တီတောင်----ဓာတ်လှေကာ ဖွင့်သွားသည်နှင့် အကျီင်္အနတ်နှင့်လူသည် ထွက်သွားတော့သည်။ မင်းခနိုင်မှာတော့ ဓာတ်လှေကားထဲ ထိုင်ရက်ဖြင့် ထွက်သွားသောသူ၏ နောက်ကျောကို ငေးကာ ကျန်နေရစ်ခဲ့တော့သည်။
မင်းခနိုင် ထိုင်ရာကမထိုင်သေးပဲ ထွက်သွားသူ၏ ကျောပြင်ကို ငေးကြည့်နေသည့်အချိန်မှာတော့ စိုးရီမ်တကြီး ဖြင့်၀င်လာကြသော ၀န်ထမ်းများကြား အဝေးသို့ပျောက်ကွယ်သွားသူအား ကြည့်နေမိသည့် မင်းခနိုင်ပါ။
“ဟာ…ဘာဖြစ်သွားသေးလဲ ကြည့်ကြစမ်း၊ မင်းတို့ကိုပြောထားတယ် မဟုတ်လား maintance ၀င်ရင် သတိပေး ဆိုဒ်ဘုတ်တင်ပါလို့ပြောထားရဲ့သားနဲ့ မင်းတို့တွေလုပ်လိုက်ရင် သောက်ရမ်းကြီးပဲ”
အကြီးတစ်ယောက် ကလက်အောက်ကလူတွေကို အော်ငေါက်နေသည့်ကြားကမှ မင်းခနိုင် ထွက်လာခဲ့ပါတော့သည်။ မည်သူကိုမှ လဲအပြစ်မတင်ရက်တော့၊ အပြစ်တင်စရာ အကြောင်းလဲ ရင်ထဲမှာ ဘာမှမပေါ်လာအောင် ဗလာဖြစ်နေတော့သည်။
မင်းခနိူင်ကျောင်းကို ရောက်တော့လူက ငေးငေးငိုင်ငိုင် တက်တက်ကြွကြွမရှိနေ။ မိမိကိုယ်တိုင် ဘာဖြစ်နေသည်ကိုတော့ မသိပါ၊ ဘာတွေ လွတ်ထွက်နေသည်ကိုလဲ နားမလည်ပါ။ သို့သော် ဘေးမှကြည့်နေကြသော သူငယ်ချင်းများကတော့ မြင်ပါသည်။
“မင်းမခ မင်းဘာဖြစ်နေတာလဲ”
“အန် ဘာမှမဖြစ်ပါဘူးကွာ သန့်စင်ရာ”
“မဟုတ်သေးပါဘူး မင်းရောက်လာတော့လဲ နောက်ကျမှ၊ ကားပေါ်ကဆင်းလာတော့လဲ တက်တက်ကြွကြွမရှိ၊ ငေးငေးငိုင်ငိုင်နဲ့ ငါ့တို့ပြောနေတဲ့စကားဝုိင်းလဲ ၀င်မပါဘူး”
“ဟုတ်တယ် ပြီးတော့ ဒီနူတ်ခမ်းကိုကြီးပဲ ပွတ်နေတယ်၊ ဘာလဲ စတိုင်လုပ်တာလာ”
သန့်စင်ရဲ့မှတ်ချက်ကို အနိုင်ကထောက်ခံသည်။ သူငယ်ချင်းမလေး နှစ်ယောက်က သူ့မျက်နာကို အထူးတဆန်းသဖွယ်လိုက်ကြည့်သည်။
မင်းခနိုင် မိမိဘာဖြစ်ကာ ဘာတွေလုပ်နေသည်ကိုမသိပဲဖြစ်ကာနေသည်။ သူတို့ပြောမှ သတိထားမိကာ လက်ကို ရုတ်သိမ်းလိုက်သည်။
“ဟင် ကြည့်စမ်း ဒါလေးပြောတာလေး နဲ့မျက်နာကြီးလဲ နီရဲသွားတာပဲ”
နန်းရင်မွှေးက အထူးတဆန်းလုပ်ကာ ပြောလိုက်တော့ မင်းခနိုင် နေရထိုင်ရ ပိုခက်သွားသည်။
“မဟုတ်မှလွဲရော နင်စိတ်ထဲ တစ်ခုခုစိုးမိုးလာလို့ဖြစ်မယ်”
ချစ်သမီးကလဲ မီးစာတင်ပေးလိုက်သည်။
“ဟာ…ဘာမှမဟုတ်ဘူး ဒါလေးဖြစ်ရုံနဲ့ ငါကဘာဖြစ်ရမှာလဲ ဘာမှဖြစ်ဘူး၊ ငါယောက်ျားပါ”
“အေးလေ နင်ယောက်ျားမှန်ငါတို့သိသားပဲ၊ အဲဒါဘာမှဖြစ်ဘူး၊ မထူးဆန်းဘူး၊ ခုဖြစ်နေတာက နင်ပ၊ဲ နင်အမူယာတွေ ပျက်နေတာ အသိသာကြီး”
မလုံသည့်အိုး ဟောင်းလောင်းကြီး ဆိုသည့်အတိုင်း ရိုက်မစစ်ပါပဲ မင်းခနိုင်ပေါ်တော့မည့် မိမိစကားမှားသွား သည်ကိုနောက်ကျ မှသိသွားသည်။ ချစ်သမီးကလဲ စကားအထောက် ကောက်ကာ ပို၍ဆိုးပါတော့သည်။
“တော်ပြီးကွာ ဆက်မပြောတော့နဲ့”
“ဒီကောင် ညကဟိုဇာတ်ကားတွေ ကြည့်ပြီး ဟဲဟဲ”
“ဟေ့ကောင် အနိုင် လဒ မင်းလိုများမှတ်နေလာ”
“ဟဲ့ဘာဇာတ်ကားလဲ ငါတို့ကိုလဲ ပြောပြ”
“ချစ်သမီး ဒါနင်မေးရမယ့်စကားမဟုတ်ဘူး အသက် ၁၈ နှစ်မပြည့်သေးဘူးနင်က”
“သောက်ကောင်စုတ် အနိုင် ဒီအရပ်လေး ပုတာကိုပဲ ရန်ရှာနေတယ်”
“ဟား….ဟား……
ချစ်သမီး ဖြစ်ပျက်သွားကိုကြည့်ကို သူတို့အားလုံးဝုိင်းရယ်မိကြသည်။ သူတို့သူငယ်ချင်းမလေး ချစ်သမီးသည် အရပ်ပုကာ ချစ်စရာကောင်းသည့် မျက်နာလေးပိုင်ဆိုင်ထားသူဖြစ်သည်။ ငယ်ရုပ်လေးလဲ မပျောက်ရှာသေး၊ နာမည်နှင့်လိုက်ကာ ချစ်စရာကောင်းပါသည်။ စကားအပြောင်းလဲ များကြောင့် မင်းခနိုင် အဖြစ်ကို မေ့လျော့သွားကြတော့သည်။
လေညှင်းလေးတစ်စုံ
ပန်းရနံ့အစုံ
သယ်လို့လာကာ
ရင်ကိုဖြတ်ခတ်
ခတ်သည့်လေမှာ
တေးသံသာ
အချစ်လေလာ အလွမ်းလေ လာ…
ဖြေခဲ့ပေးပါ……ချစ်သက်လျာ။
&&&&&&&&&&&&&&&&&
မင်းခနိုင် လမ်းသွားလေတိုင် နေကာ မျက်မှန်နှင့် အကျီင်္အနတ်နှင့် လူမြင်တိုင်း သတိလက်လွတ် လိုက်ကြည့်နေမိသည်။ ဒါတွေကလဲ သူသတိလက်လွတ်ဖြစ်တတ်သည့် အခါတိုင်းပါပဲ၊ သတိပြန်ရမည့် အခါတွင်တော့ မိမိကိုယ်ကို မကျေနပ်ပဲ ရှက်နေမိသည်။
မသိစိတ်က လုပ်နေမိသည်ကိုတော့ သူ၀န်ခံပါသည်။ ထိုကြောင့်လဲ မိမိကိုယ်တိုင် နားမလည်နိုင်အောင် ခံစားနေရသည်။ ခုတလော သူသွားသည့် မည်သည့်နေရာတွင်မဆို တစ်ခုတော့ လိုအပ်နေခဲ့သည်။ ဘာလိုအပ်နေသည်လဲ လို့မေးခဲ့လျှင် မင်းခနိုင် ကောင်းကောင်းမရှင်းပြတတ်၊ လိုအပ်နေတာတော့ မင်းခနိုင်သိတယ်။ တစ်ခါတရံ သူ့နုတ်ခမ်းကို ကိုင်ကာ တစ်စုံတစ်ရာကို လွှမ်းဆွတ်နေမိသည်။
မည်သူကိုလွှမ်းဆွတ်နေတာလဲလို့ တစ်စုံတရာက မေးလာခဲ့လျှင် မင်းခနိုင် ဖြေနိုင်တာကတော့
မသိဘူး……………….
“ကြီးမေ ကြီးမေ”
လှလှ အိမ်ရှေ့မှ ခေါ်သံကြောင့် အိမ်ရှေ့သို့ထွက်လာလိုက်တော့ သားကြီး မိုးယံထက် နှင့် ချိုချို ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ လှလှ စိတ်တွေတင်းထားသည့်ကြားက သားကြီးကို မြင်လိုက်သည် နှင့် မျက်ရည်များဝေ့သီးလာတော့သည်။
“ကြီးမေ သားကိုစိတ်ဆိုးနေတာလာ”
“အို မဆိုးပါဘူးသားကြီးရယ် သားကြီးတို့ကို ကြီးမေက ဘာလို့စိတ်ဆိုးရမှာလဲ”
“ကြီးမေက သားမင်္ဂလာဆောင်ကိုတော့ မလာဘူးနော်”
“အို မဟုတ်ပါဘူး သားရယ် ကြီးမေ….ကြီးမေ…လေ…ဟို…”
“ကိုမိုးရယ် ကြီးမေကို စိတ်မကောင်းအောင် ပြောမနေနဲ့လေ၊ ကြီးမေကို သမီးတို့လာကန်တော့တာ ကြီးမေ၊ သမီးတို့ကို ခွင့်လွှတ်နော်”
ချိုချို အခြေအနေကို ၀င်ထိန်းလိုက်သည်။ ကိုမိုးကတော့ အကြောင်းရင်းကို မသိခဲ့ပေမယ့် ချိုချိုကတော့သိခဲ့သည်။ ထိုကိစ္စကြောင့် သူမနှင့်မေမေ သည်လဲ စကား ကတောက်ကဆန့် ဖြစ်ခဲ့သည်။ မေမေသည် ကြီးမေကိုလာတွေ့ပြီးနောက် ချိုချိုနှင့်တိုင်ပင်သည့် ဖိတ်စာကိစ္စများကို ချိုချိုသဘောမတူပါပဲ မေမေတဘက်လှည့်နှုင့် ပြုလုပ်ခဲ့သည်။ ထိုကြောင့် ကိုမိုးရဲ့ကြီးမေ ကိုလဲအားနာသည်။ ခုတောင် ဟန်နီးမွန်က ပြန်လာသည်ကို အိမ်ကိုမ၀င်ပဲ ကြီးမေဆီတန်းလာကြသည်ပါ။ ဒါကလဲ ချိုချိုစီဆင်ခဲ့သည့် လမ်းကြောင်းပါပဲ။ အိမ်ရောက်သွားရင်တော့ ကြီးမေဆီကိုလာဘို့လမ်း မမြင်နိုင်ပါ။
လှလှသည် သားကြီးနှင့် သမီး ကန်တော့ကြသည်ကို လက်ခံကာ မျက်ရည်များဝဲတက်လာသည်။ လှလှ ရင်ထဲဆို့တက်လာသဖြင့် ဆုတောင်းကောင်းကောင်းမပေးနိုင်ရှာပါ။
သားကြီးတို့ ပြန်သွားကြတော့ လှလှရင်ထဲ ကျေနပ်ခြင်းများ ဖြင့် ကြည်နူးနေမိပါသည်။ အဘယ်ကြောင့်ဆိုသော် သားကြီး နှင့်သမီး ချိုချိုသည် လှလှကို မိဘလို သဘောထားသည့် အတွက် လှလှ၀မ်းသာမိသည်။ လှလှလောက်ပျော်ရွှင်ရသူ မည်သူရှိနိုင်တော့မည်နည်း။ မည်သူတွေ လှလှကို အသိမှတ်မပြုလျှင် နေပါ၊ သားကြီးနှင့်သားငယ် တို့က အသိမှတ်ပြုရင် လှလှ အတွက် လုံလောက်ပါပြီး။
၀သုန်သည် ခြေလှမ်းများကို အနည်းငယ်နောက်ဆုတ်ထားလိုက်သည်။ သူရိပ်မိပါသည်။ သူလုပ်ရပ်ကြောင့် မင်းခနိုင် ရင်ထဲထိမရောက်တောင် မင်းခနိုင် နှလုံးသားကို ခပ်ပါးပါးလေး ထိခလုတ်ကာ ပြုနိုင်သည်ကိုကျေနပ်နေသည်။
၀သုန် ရက်အနည်းငယ်လောက် ခြေလှမ်းဖျောက်ကာ နေခဲ့လိုက်တော့သည်။ မင်းခနိုင် အကြောင်းများကိုလဲ သေခြားလေ့လာနေသည့်အတွက် မည်သည့်အချိန်တွင် မည်သို့သွားတက်သည်ကို လမ်းကြောင်းများကို သိပြီးသားဖြစ်သည်။
ကြာသာပတေးနေ့တိုင်း မန်းစျေးချိုရှိ ညစျေးတန်းကိုလာတတ်သည်ကို သိနေသည်။ ထိုကြောင့်လဲ သူတို့လာတတ်သည့် လမ်းကြောင်းတွင်စောင့်ကာ နေခဲ့သည်။
မင်းခနိုင် သူငယ်ချင်းများနှင့် ညစျေးကို ၀က်သားတုတ်ထိုးလာစားရင် ပျော်ရွှင်စွာ၀င်လာခဲ့သည်။ သူရင်က မသိစိတ်ဆွဲနေသည့် အနမ်းတစ်စုံသည်လဲ နှစ်ရက်လောက်နေတော့ ပျောက်ကင်းကာစဖြစ်နေပါပြီး၊ ပုံမှန်လို ဖြတ်သန်းလို့နေပါသည်။
သူငယ်ချင်းများကလဲ ဝေလာဝါးလာ လုပ်ကာ ညစျေးတွင်လျှောက်ပတ်ကာ ကြည့်နေကြပါတော့သည်။ ထုံးစမ်းအတိုင်း စကတ်တိုတို ၀တ်လာကြသည့်ကောင်မလေးများကို ငမ်းသည်။ သူငယ်ချင်း ချစ်သမီး နှုင့် နန်းရင်မွှေးတို့ ကောင်မလေးများကလဲ ညစျေးမှ ညည့်ငှက်ပျော်ကောင်ချောလေးများကို အထာပေးကြသည်။ တိုးကြဝေ့ကြဖြင့် သွားလာနေကြသည်ကို သူတို့နှစ်သက်ကြသည်မဟုတ်လား။
တစ်ကြိမ်တော့ မင်းခနိုင် နောက်ကတိုးသလို ခံစားလိုက်ရသည်ကို မင်းခနိုင်ကတော့ ပုံမှန်ပဲလို့တွက်လိုက်သည့် အတွက် လှည့်မကြည့်ပါ။
“မင်း…သက်သာသွားပြီးလာ”
“ဟင်”
နား အနားသို့လေသံတိုးတိုးလေ ကပ်ကာပြောလိုက်သော် အသံကြောင့် မင်းခနိုင် ခေါင်းများကြီးကာ လန့်ဖြတ်သွားသည်။ ငြိမ်သက်နေသည့် နှလုံးသားက ဝုန်းဒိုင်းကြဲကာ ထခုန်တော့သည်။ ဒီအသံကို သူကောင်းကောင်းရင်းနှီးခံစားရသည်ကို လက်ခံလိုက်သည်။
သတိရချိန်မှာနောက်သို့ အမြန်လှည့်ကြည့်လိုက်တော့ မည်သူဟုကွဲကွဲပြားပြားမသိလိုက်တော့၊ အဘယ့်ကြောင့်ဆိုသော် လူများကြားထဲ တိုး၀င်သွားသော် နောက်ကျောတစ်စုံကိုသာ မြင်လိုက်ရတော့သည်။
မင်းခနိုင် ဘာမှမစဉ်းစားတော့ ထိုနောက်ကျောနောက်သို့ မျက်ခြေပျက်သွားမည် စိုးရီမ်ကာ အသဲအသန် လိုက်ပါတော့သည်။ သို့သော် လုအုပ်ကြားထဲ လိုသလောက် ခရီးကမရောက်၊ သူလိုက်လာသည်ကို သိလို့လာ မသိ၊ နောက်ကျော်ပိုင်ရှင်သည် လူအုပ်ကြားထဲ တိုးကာ လျင်မြန်စွာထွက်သွားတော့သည်။
“ဟေ့ကောင် မင်းခ ချီးတဲ့မှပဲ ဘာဖြစ်သွားတာလဲ နောက်ကလိုက်ရတာတောင် မောတယ်”
သန့်စင်၏စောင့်ဆွဲလိုက်သော အခါမှ အသိများပြန်၀င်လာကာ ကြောင်တောင်တောင် ဖြင့် သန့်စင်ကို ကြည့်နေမိတော့သည်။ မသိစိတ်က ဆွဲခေါ်သွားသော ကြောင့် သူ့၏သူငယ်ချင်းများ နှင့် ဝေးကွာသည့် နေရာသို့ရောက်နေသည်ကို ခုမှ သတိထားမိလိုက်ပါတော့သည်။
============================================
ရိုးရိုးသားသား ၀န်ခံရလျှင် မင်းခနိုင်ရင်ထဲမှာ မသိကိန်းများတွယ်ကပ်နေသည်။ မသိစွာပဲ ဆွဲလမ်းနေသည်။ မသိစွာပဲ တမ်းတနေသည်။ မသိစွာပဲ ရင်ခုန်နေသည်။ ထိုအရာများကို ဦးနှောက်ကတွက်ချက်လျှင်တော့ သူကတော့ပြောမည် မဖြစ်နိုင်၊ မသိစိတ်ကတော့ ခုံမင်တွယ်တာရစ်မူးနေသည်။ မည်သူလဲ ဘယ်ကလဲ ဟုအသိအကျမသိရ၊ အသံတစ်ခုသာ မှတ်မိသည့် သူ့သည် ထိုအသံပိုင်ရှင် နှင့် နူတ်ခမ်းတစ်စုံကို တက်မက်နေသည်။ ရင်ခုန်နေသည်။ ထိုသို့ဆိုခဲ့လျှင်..
“ဟင်……….”
ရင်ထဲတွင် အဖြေတစ်ခုကိုရှင်းရှင်းလင်းလင်းသိလိုက်တော့ မင်းခနိုင် ထိတ်လန့်သွားတော့သည်။
“ဒါဆို ငါဟာ လိင်တူဆွဲမက်နေသူလာ၊ အဲ့ဒါဆိုရင် ငါက ဟိုဒင်းကြီးလာ….ဟာ…ကွိုင်ပဲ”
ဇောချွေးများပင်ပျံထွက်ကုန်တော့သည်။ အိပ်ယာထဲမှ လူးလဲထလိုက်ပြီး မိမိကိုယ်ကို မှန်ထဲ ကြည့်လိုက်သည်။ မှန်ထဲမှ ရပ်နေသူသည် မိမိကို ပြူးကြောင်စွာကြည့်နေသည်။ ကြည့်နေရင်းမှ မင်းခနိုင် ရှက်လာသည်။ ထိုနောက် ခုန်ပေါက်ကာ အိပ်ယာပေါ်သို့ပြေးတက်သည်။ ဆောင်ကို ခေါင်းကနေ လုံအောင် ခြုံလိုက်တော့သည်။ ကိုယ်ခန္ဒာတော့ လုံပါသည်။ စိတ်ကတော့ မလုံတော့။ ရှက်လိုက်တာ။
“ရှက်လိုက်တာ ကိုရယ်”
“ရှက်ပါနဲ့ချစ်ကလဲ”
“အိုရှက်ပါတယ် ဆိုမှ ဘာမှန်းလဲ သိဝူး တွား….”
“ဟီး…ဟီး”
“အို ဘာမှန်းလဲ တိဝူး များက ရှက်ပါတယ်ဆိုမှ ဂယ်ပဲ ဂယ်ပဲ သွား”
၀ုန်း….ဒုန်း…..
အ….
မင်းခနိုင် ကုတင်စောင်းနှင့် တိုက်ကာ အိမ်မက်မှ ယောင်ယမ်းကာနိုးလာတော့သည်။
“အာ….ဘာအိမ်မက်ကြီးလဲကွာ ၊ ဘာကြီးလဲ”
မင်းခနိုင်မက်ခဲ့သည့် အိမ်မက်ကို ပြန်စဉ်းစားလိုက်တော့၊ အိမ်မက်ထဲတွင် သူက မိန်းခလေး အ၀တ်စားများ လိုလို ပြောင်တောင်တောင်ကြီးနှင့် ဓာတ်လှေကာ ထဲတွင်ရှိနေသည်။ သူစိမ်း (သူရင်ခုန်ရသူ) သည်လဲ ထိုအထဲတွင် ရှိနေကာ သူ့ကိုဖက်ထားသည်။ သူက ရှက်ကာ ပြန်ရုန်းကာနေသည်။
“အာ….. ဘာကြီးလဲကွာ ငါကအဲလိုကြီး နေရမှာလာ၊ အာနေချင်ပါဘူး၊ အမလေး ကြောက်စရာကြီး”
ဆောင်များကို ယောင်ယောင်မှားမှားတွန်းထုတ်လိုက်မိတော့သည်။ ကြောက်စရာကြီးက သူစိမ်းကို ပြောခြင်းမဟုတ် မိမိကိုယ်ကို ပြောနေခြင်းဖြစ်ပါသည်။
“ဟူးမောလိုက်တာကွာ”
မနက်ရောက်တော့ ကျောင်းကို စောစောထွက်ရင်က မေမေကို တစ်ချက်ကြည့်လိုက်သေး သည်။ မေမေက လက်ဘက်ရည်သောက်ကာ အေးအေးဆေးဆေးလုပ်ကာနေသည်။
“မေမေ”
“ပြော မုန့်ဘိုးလိုလို့လာ မနေ့ကပဲ တစ်ပတ်စာ ပေးပြီးသား”
“မဟုတ်ပါဘူး မေမေကလဲ”
“ဒါဆိုဘာတုံး”
“အလုပ်မသွားသေးဘူးလာ”
“အလိုတော် ကျုပ်ဟာကျုပ် ဘယ်ချိန်သွားသွားပေါ့ နေပါအုံး တော်လေးက မမေးစဖူ အထူးတဆန်းလုပ်လို့၊ ဘာတွေဖြစ်နေလို့လဲ”
“ဟိုလေ အလုပ်သွားရင် သားကပို့ပေးရမလာလို့”
“အလိုတော်….ဟဲ့ မိမှုန် မိမှုန်…..”
“ရှင် မေမေကြီး”
“ဒီနေ့ ဘာနေ့တုံး”
“အင်း….ဒီနေ့ကလေ…အင်း ကိုလေး မနေ့ကဘာနေ့တုံး”
“ဒေါက်…….
“အ…”
“နင့်ကိုမေးတာ နင်ကပြန်မေးနေတယ် သွား ပြက္ခဒိန်သွားကြည့် ရက်ရာဇာ လာလို့”
“ဘာလုပ်မလို့လဲ မေမေကြီး၊ ကိုလေးကို မိန်းမပေးစားမလို့လာ”
“တယ် ရှည်ပြန်ပြီး သွားကြည့်ဆိုသွားကြည့်စမ်း”
ဘုဆတ်ဆတ်ဖြင့် မိမှုန်ထွက်သွားတော့သည်။ မိမှုန်သည် အိမ်တွင်ခေါ်ထားသော မေမေဆွေမျိုးမှ အကူကောင်းမလေး ဖြစ်သည်။
“မေမေကလဲ လိုက်မလာ မလိုက်ဘူးလာ လို့မေးတာကို ပြက္ခဒိန်တွေကြည့်နေသေးတယ်”
“ထူးဆန်းလို့ဟေ….ထူးဆန်းလို့…အမေလုပ်သူကို ဒီလိုတစ်ခါမှ မမေးဖူးဘူး ပြီးတော့လဲ၊ လိုက်ပို့ခိုင်းရင်လေ ကျားမှီဆွဲရသလို ဘယ်တော့မှ လိုက်ရောပေးတာမဟုတ်ဘူး ဒီနေ့မှ အထူးတဆန်းလုပ်လို့၊ ပြောစမ်း ဘာမကောင်းတာတွေ ကြံစည်းထားလဲ”
“ဟာ မေမေကလဲ ဘာမှဟုတ်တော့ဘူး သွားတော့မယ်၊ သားကလိမ္မာလာတော့လဲ လက်မခံချင်ဘူး”
“အမလေးတော် …သာဓုပါတော် သာဓုပါတော်..နှစ်ခါပဲခေါ်အုံးမယ် မြန်မြန်လဲ ကြွတော်မူပါ၊ ကျနော်မျုိးမကြီး ကိုယ့်ပါသာ ကိုသွားပါမယ်တဲ့”
“ပြီးရော”
“မေမေကြီး…ဒီနေ့ပြသဒါးတော့”
“အေး နင့်ကို လေလံပစ်မလို့ဟေ”
ဘုမသိ ဘမသိ မိမှုန်ကတော့ ခံလိုက်ရပါတော့သည်။ မင်းခနိုင်လည်း မေမေကိုခေါ်သည့်ကိစ္စကလဲ ဘာရယ်မဟုတ်ပါဘူး၊ စိတ်ကခေါ်ချင်စိတ်ဖြစ်ပေါ်လာလို့ပင်။
ကျောင်းကိုမောင်းတာတောင်မှာ တည့်တည့်မသွားသေးပဲ မေမေဖွင့်ထားသည့် ရွှေဆိုင်ပလာဇာ ဘက်ကလာခဲ့ပါသည်။ ကျောင်းရောက်တော့ မင်းခနိုင် အရင်ရောက်လာသည်။ ဆိုင်တွင် ထိုင်နေတုံး သန့်စင်ရောက်လာသည်။
“ဟေ့ကောင် စောလှကြီးလာ”
“အေးကွ ငါလဲ ပျင်းတာနဲ့”
“ဒါဆို ဘယ်သွားမလို့ အစီစဉ်ဆွဲနေတာလဲ”
“ဒီနေ့တော့ ဘယ်မှရွေ့မနေတော့နဲ့ ကျောင်းမှာ တစ်ရက်တလေ နေရအောင်ပါကွာ”
“ပြောတာပဲ၊ မင်းကတော့ အထူးဆန်းတွေ ခုရက်ပိုင်တွင်မှာ လုပ်လာတယ်နော်”
မင်းခနိုင် ဘာမှမပြောတော့၊ သန့်စင်ကတော့ ဆိုင်တွင် မှာစရာရှိသည်များကို မှာလိုက်တော့သည်။ သူငယ်ချင်း သန့်စင်သည်လဲ လူချောလူဖြောင့်တစ်ယောက်ဖြစ်သည်။ ညကအိမ်မက် ကခေါင်းထဲ၀င်လာသေးသည်။ ထိုကြောင့် မိမိကိုယ်ကို စမ်းစစ်သည့်အနေဖြင့် သန့်စင်ကို မျက်စိတစ်စုံ ဖြင့်အစအဆုံးမျက်တောင်မခတ်ပဲ လိုက်ကြည့်နေမိသည်။ သန့်စင်ကိုကြည့်လိုက် ရင်ဘက်ကိုစမ်းလိုက် လုပ်နေသည်။ ရင်လဲမခုန်ပါ။ ထိုသို့ဆိုခဲ့လျှင် သူဘာမှမဖြစ်ဘူးပေါ့။
သူကြည့်တာများသွားသည်ထင်သည်။ သန့်စင်ပင်ရှက်ကိုးရှက်ကန် ဖြစ်လာသည်။
“ဟေ့……..ကောင်…ငခ….”
အပေါင်းသင်များက သူတို့မကျေနပ်သည့်အခါတွင်တော့ သူကို ငခဟု ခပ်ရင့်ရင့်ခေါ်ဆိုကြသည်။
“ဘာဖြစ်လို့ ဒီလောက်ဆိုက်ကြည့်နေတာလဲ ငါမနေတတ်တော့ဘုးကွ”
“အဲ…ဘာရယ်မဟုတ်ပါဘူး မင်းကို တမင်စတာ”
“မင်းနော် မင်း….”
လက်ညိုးတထိုးထိုးဖြင့် လုပ်နေသည့်သန့်စင်ကြောင့် မင်းခနိုင် ဘာရယ်မဟုတ်ပဲ ကောင်တာကို အကြောင်းပြကာ ထသွားလိုက်သည်။ မင်းခနိုင် ဆိုင်ကောင်တာ တွင်ဟိုကြည့်ဒီကြည့် လုပ်နေပြီးမှပြန်လာသည်။ သူပြန်လာတော့ ဝုိင်းတွင်လူဆုံနေကြပြီးဖြစ်သည်။ သူ့ကိုသူငယ်ချင်းများက အထူးအဆန်းလုပ်ကာ ပြူးကြည့်နေကြသည်။
“ဘာကြည့်နေကြတာလဲ”
“မင်းက ဒီနေ့ထူးဆန်းနေတယ်လို့ သန့်စင်ကပြောလို့ ငါတို့ကြည့်နေတာမင်းကို”
“အေး..ဟုတ်တယ် ဘာမှလဲ မထူးဆန်းပါဘူး”
အနိုင်အပြောကို နန်းခင်မွှေးက ထောက်ခံကာ ပြောသည်။ ချစ်သမီးကတော့ မေ့ဆေ့ကိုလက်ဖြင့် ပွတ်သပ်ရင်က မှတ်ချက်ပေးသည်။
“ရှိတယ်”
“ဟင်….”
မင်းခနိုင် လန့်ဖြတ်သွားတော့သည်။ ချစ်သမီး ဘာကိုရိပ်မိနေပြီးလဲပေါ့။
“ပုံစံက ထောက်မကျိုးတာ ပိုသိသာလာတယ်”
“မသာမလေ”
“ဟား……..ခစ်ခစ်….ဟီးဟီး”
ရယ်သံပေါင်းစုံအောင် သူငယ်ချင်းများက သူ့ကိုရယ်ကာ ဝုိင်းဟားကြသည်။ သူငယ်ချင်းများကို ဖွင့်ပြောရန်လဲ နူတ်ကမရဲ၊ စိတ်ကမရဲ၊ ပြောင်လှောင်ခံရမည်ကိုကြောက်သည်။ အဘယ်ကြောင့်ဆိုသော် ဟိုယခင်တည်းက သူတို့အဖွဲ့များသည် သာမန်မဟုတ်သော လူတစ်ချို့များကို လှောင်ပြောင်ခဲ့ကြသည်။ ဟာသလုပ်ခဲ့ကြသည်။ ကျောင်းတွင်လဲ လွိင်တူစုံမတ်သူတစ်ချို့ (ပွင့်လင်းစွာ၀န်ခံထားကြသူများ) ကို သူတို့အဖွဲ့ လှောင်ပြောင်ခဲ့ဖူကြသည်။
ယခုတော့ မင်းခနိုင် ထိုလှောင်ပြောင်သံများကို ကြောက်လာသည်။ သူငယ်ချင်းများက အကြောင်းတစ်ခု ကိုဦးတည်ပြီးရယ်ကြလျှင် သူလိုက်ရယ်သည်။ ကျောင်းမှ လွိင်တူစုံမတ်သူတစ်ချို့ ကိုဟာသ လုပ်ကာ ပြောကြလျှင်တော့ သူမရယ်ရဲတော့၊ ထိုလောင်ရယ်သံများသည် သူ့အား ရည်ရွယ်နေသည်လားဟု စိတ်မှာမလုံခြုံစွာ ခံစားရသည်။
“ဟဲ့ ဟိုတစ်ယောက်ကြည့်စမ်း ရောက်လာပြန်ပြီးနော်”
“အေးဟယ် ငါ့လာရှိတ်တာလာမသိဘူး”
နန်းရင်မွှေး ချစ်သမီးကိုပြောလိုက်တော့ ချစ်သမီးက သူ့ဘက်ကိုလိုရာဆွဲသည်။ ကျောင်းတွင် ထိုအမျိုးသားသည် သူတို့ အဖွဲ့ကို ရက်ဆက်ဆိုသလို လာရောက်ကာ ကြည့်နေသည်။ ပြီးခဲ့သည့် နှစ်ရက်ကတော့ ပျောက်ချက်သားကောင်းနေသည့် ထိုလူစိမ်း နေကာမျက်မှန်နှင့် သူကို မိန်းခလေး ဘာ၀ စိတ်၀င်တစားပြောဆိုနေကြသည်။ ထိုအကြောင်းများကို ပြောကြပြီးဆိုခဲ့လျှင် သန့်စင်နှင့် အနိုင်က နှခေါင်းကို အမြဲပွတ်ကာ သူမတို့ကို စတတ်ကြသည်။ မင်းခနိုင်ကတော့ ထုံးစမ်းအတိုင်း ဘာမှပြောမနေတော့ပဲ ကိုယ်စားစရာရှိသည်များကိုသာ အားရုံထားလိုက်သည်။
မိန်းခလေး နှစ်ယောက်ကတော့ ကြာတွေပေးကာ အသာလုပ်နေကြသည်။ ထိုသူသည်လဲ အရင်ရက်များအတိုင်း နေကာမျက်မှန်ကို စတိုင်ကျကျတက်လာကာ ဂျင်ပင်ပြာနှင့် ရှပ်အကျီင်္လက်ရှည် ကိုစတိုင်ကျကျ ၀တ်လာနေကြအတိုင်း ဖြစ်ပါသည်။
မင်းခနိုင် စားပွဲမှထကာ ကောင်တာသို့သွားကာ ပိုက်ဆံသွားရှင်းသည်။ ကောင်တာတွင်ရပ်နေတုန်း လက်တစ်ဘက် တစ်ခုက မင်းခနိုင်မျက်စိအောက်ကိုရောက်လာသည်။ ဘေးမှာ လူတစ်ယောက်လာရပ် သည်ကိုတော့ မင်းခနိုင်သိပါသည်။ သို့ပေမယ့်လက်တစ်စုံ နှင့်ကိုယ်သင်းနံ့ကိုရတော့ မင်းခနိုင် ရင်တွေ တဆတ်ဆတ် ခုန်ကာ တုန်လာတော့သည်။ မျက်နာကိုမော့ကြည့်ချင်ပေမယ့် စိတ်ကကြောက်စိတ်များ ၀င်ကာ မော့မကြည့်ရဲချေ။ တုန်ယင်နေတာကိုတော့သိသည်။ မင်းခနိုင် ဘ၀တွင်လူတစ်ယောက်ကို ခုလိုကြောက်ရွံစွာ မကြည့်ရဲသည့် အဖြစ်ရာဇ၀င်တွင် မရှိခဲ့ပါ။ ယခုတော့ ဘာကိုကြောက်နေသည်ပင်မသိပါ။ ကောင်တာမှ ပိုက်ဆံပြန်အမ်းတာကိုပင်မမြင်တော့ပါ။
ထိုလက်တစ်စုံကတော့ ကောင်တာတွင် ပိုက်ဆံရှင်းပြီး ပြန်ထွက်ရန်ပြင်လိုက်တော့သည်။
“မင်း သက်သာရဲ့လာ”
“ဗျာ”
မိုးကြိုးများ ပစ်ထွန်းလိုက်သလို လျှပ်စီးများ ပြတ်ပြတ်လဲ့လဲ့ ဖြစ်သွားသလို ကောင်းကင်းကြီးအောက်ရှိ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရတော့သည်။
လက်ပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ပိုင်ရှင်သူစိမ်းသည် ထွက်ခွာသွားလေပြီး။ ဒီတစ်ခါတော့ မင်းခနိုင် အချိန်မဖြုန်းတော့၊ ကောင်တာ မှပြန်အမ်းသည့် ပိုက်ဆံကိုမယူတော့ပဲ ထိုသူနောက်သို့ပြေးလိုက်ပါတော့သည်။
“ဟေ့လူ…..”
ထိုလူကတော့ လှည့်တောင်မကြည့်ချေ။ မင်းခနိုင်သူငယ်ချင်းများက မင်းခနိုင်ကို တအံ့တသြကြည့်ကာ နေရာတွင် မထပဲကြည့်နေကြသည်။ ဆိုင်ပြင်သို့ရောက်ပြီး မှမင်းခနိုင် ထိုသူ့လက်ကို လှမ်းဆွဲလိုက်ပါတော့သည်။
“ခဏလောက်ပါ၊ ခဏလေးပါဗျာ”
ထိုသူစိမ်းသည် တဖြေးဖြေးလှည့်လိုက်သည်က အနှေးပြကွက်ထဲကလို လှပလိုက်သည့် ဖြစ်ခြင်း မင်းခနိုင် ရင်ခွင်ထဲ ပန်းခင်းကြီးမှ ပန်းများပွင့်သွားတော့သည်။
ဆက်ရန်
Jinjar