စမ်းရေကြည်ပေါက်
(Part 10)ဒီလက်စွပ်ကို သူမကောင်းကောင်းသိသည်။ သူမကိုယ်တိုင်ကြိုက်နှစ်သက်သဖြင့် ဒဇိုင်းလုပ်ထားသည့်လက်စွပ်လေး၊ အစကတော့ အမှတ်မထင်ဖြစ်နေခဲ့ပါသည်။ နောက်တော့စိတ်ထဲစနိုစနောက်ဖြစ်လာသည့်အတွက် သေးခြားကြည့်မိလိုက်သည်။ ဟုတ်ပါသည်။ သူမလူငယ်လေးတစ်ယောက်ကို လက်စွပ်ရောင်းလိုက်သည့်လက်စွပ်၊ ထိုလက်စွပ်လေးသည် သူမကိုယ်တိုင်ရောင်းခဲ့သည်။ ဘယ်တော့မှမမေ့နိူင်သည့်အဖြစ်ပျက်ပါ။ ထိုကောင်းလေးသည် သူ့ချစ်သူယောကျာ်းလေးအားပေးမည် ဟုပြောသွားသည့်အတွက် မိန်းမကွင်းလက်စွပ်လေး အဖော်မဲ့စွာကျန်ခဲ့သည့် နှစ်ကွင်းကို သူမကိုယ်တိုင် ပထိန်ဆရာတွင် ယောကျာ်းကွင်းများပြန်အပ်ခဲ့ရသည်။
ထိုကြောင့်ထိုလက်စွပ်ကို သူမကောင်းကောင်းသိနေခဲ့သည်။ ယခုတော့သူမ၏သားလက်ပေါ်တွင် ထိုလက်စွပ်လေးက သူမအားလှောင်ပြောင်နေသရောင်၊ ဒေါ်မိမိနိုင်ထမင်းပင် မစားနိုင်ပဲ သားငယ်လက်မှ လက်စွပ်ကိုသေးခြားကြည့်နေမိပါတော့သည်။ မင်းခနိုင်ကတော့ ထမင်းထဲစိတ်ရောက်နေသည့်အတွက် ဒေါ်မိမိနိုင်ဖြစ်ပျက်သွားသည့်အကြောင်းများကို သေးခြားမသိလိုက်တော့ပဲ သူစားလက်စထမင်းကိုသာ စားနေပါတော့သည်။
ဒေါ်မိမိနိူင်ထမင်းဆက်စားလို့မရတော့၊ မေးချင်သည့်စိတ်ကိုလည်းတားနေရသည်။ အရှင်းကြီးမြင်ထားသည့် ထိုလက်စွပ်၏အကြောင်းကို သိနေသဖြင့် မေးရမည်ကိုတွန့်ဆုတ်နေပါတော့သည်။
ထမင်းမစားတော့ပဲ တော်လိုက်တော့သည်။
“မေမေ တော်ပြီးလာ”
“အင်း”
“မေမေနေမကောင်းလို့လာ”
“မဟုတ်ပါဘူးကွယ် ရင်ပြည့်နေလို့”
မင်းခနိုင်မေးလာသည့်စကားများကိုဖြေရင် ဒေါ်မိမိနိုင်ထလိုက်တော့သည်။ ဆက်မေးလာမည့်မေးခွန်းများကိုလည်း လက်မခံချင်တော့တာလဲပါသည်။ မင်းခနိုင်ကတော့ သာမာန်လိုသဘောထားပြီး ဘာမှဖြစ်မနေပဲ သူစားလက်စကို စားနေခဲ့ပါတော့သည်။
ဒေါ်မိမိနိုင် ညည့်နက်သည်အထိအိပ်လို့လည်းမရဖြစ်နေသည်။ ထိုကြောင့်သားတော်မောင်အခန်းကို သော့ဖြင့်ဖွင့်ကာ ၀င်လာခဲ့တော့သည်။ သူမစိတ်ထဲံမှ ထိုလက်စွပ်သည်သူမအကြည့်မှား၍ဖြစ်သည့် လက်စွပ်ပဲဖြစ်ပါစေဟုသာဆုတောင်းရင် သားငယ်အနားသို့ကပ်လာခဲ့တော့သည်။
“အို…”
သူမဆုတောင်းမပြည့်ခဲ့ပါ၊ ထိုလက်စွပ်သည် သူမသိရှိခံစားခဲ့ရသောလက်စွပ်ပင်ဖြစ်နေပါတော့သည်။ သူမစိတ်ထဲမှာသောကမီးများလောင်ကျွမ်းကုန်တော့သည်။
ထိုညကဒေါ်မိမိနိုင်မအိပ်ခဲ့၊ မနက်ကြတော့သူမအလုပ်သွားသည့်အချိန်တွင်တော့ သားငယ်ကအိပ်ယာမထသေးချေ။ မိမှုန်ကိုသေးခြားမှာထားခဲ့သည်။
“မိမှုန်ညည်းကိုလေးနိူးရင်လေ သေးခြားကြည့်ထား သူမသိအောင်လည်းကြည့်၊ ငါ့ကိုဘာမှမမေးနဲ့ ငါခိုင်းသလိုပဲလုပ်၊ ပြီးရင်နင့်ကိုလေးအိမ်ပြင်ထွက်ရင်လေ ငါ့ကိုဖုန်းဆက်သိလား၊ ငါပြောသလိုလုပ်”
“ဟုတ်မေမေကြီး”
ဒေါ်မိမိနိုင်ရွှေဆိုင်ရောက်နေသည့်တိုင် အိမ်ကဖုန်းကိုမျှော်နေရသဖြင့် သူမအလုပ်တွင်တက်ကြွမှု့မရှိပါ။
“အန်တီနိုင်အိမ်ကဖုန်းလာတယ်”
“အော်အေး”
အရောင်းစားရေးမလေးတစ်ယောက်က လာပြီးပြောလာသဖြင့် သူမဖုန်းကိုကိုင်လိုက်ပါသည်။ မျှော်လင့်ထားသည့် မိမှုန်ဆီမှပင်ဖြစ်နေပါသည်။
“မေမေကြီး ကိုလေးခုပဲထပြီးထွက်သွားပြီး”
“ဘာနဲ့သွားတာလဲ နင့်ဖေကြီးကားနဲ့သွားတာလာ”
“ဟုတ်တယ် မေမေကြီး”
“အေးအေး….”
ဒေါ်မိမိနိုင်စိတ်တွေလှုပ်ရှားကာနေတော့သည်။ အိမ်ဘက်ကိုကားမောင်းကာထွက်လာခဲ့တော့သည်။ သူမသား၏အခန်းကို၀င်ကြည့်ရန်ဖြစ်သည်။ သူမမီးပွိုင့်မိနေတုန်း သူမမျက်နာချင်ဆိုင်မှကားတစ်စီး နန်းရှေ့ဘက်ကိုဦးတည်ကာ ထွက်သွားသည်ကိုတွေ့လိုက်ရတော့ ဒေါ်မိမိနိုင်ထိုကားနောက်ကိုကြည့်နေမိတော့သည်။ သားငယ်မင်းခနိုင်ပင်ဖြစ်နေပါသည်။
ဒေါ်မိမိနိုင် ကားကိုလမ်းကြောင်းပြောင်းလိုက်ပြီး သားငယ်ထွက်သွားသည့်နန်းရှေ့ဘက်ကိုဦးတည်ကာလိုက်လာပါတော့သည်။ သို့သော်သူမမှာတော့ မျက်ချည်ပျက်ကာ ပျောက်သွားသည့်သားငယ်ကားကို နောက်ကလိုက်လာရတော့၊ ရင်ကပိုမောလာတော့သည်။ မျက်ရည်များလဲ ဘာကြောင့်စီးကျနေသည်ကိုတော့မသိတော့၊ သို့သော်သားငယ်ကားကတော့ မျက်ခြေပျက်ကာပျောက်သွားခဲ့ပါသည်။
သားငယ်အခန်းမှလဲ ဘာသဲလွန်စမှမရခဲ့၊ ထိုကြောင့်သူမသည်ရွှေဆိုင်သို့စိတ်ပျက်ကာ ထွက်လာခဲ့တော့သည်။ ကားကိုနေရာတကျထားပြီး ရှေ့ကိုမကြည့်ပဲလျှောက်လာမည့်သည့် ဒေါ်မိမိနိုင်တစ်စုံတစ်ယောက်နှင့်တိုက်မိလိုက်တော့သည်။
“အင့်…”
“ဆော်တီးပါခင်များ”
“မင်းကလဲ လမ်းကိုဘယ်လိုကြည့်လျှောက်နေတာလဲ၊ လူတစ်ယောက်ကိုမမြင်ဘူးလာ..”
“ကျနော်ကမြင်ပါတယ် မမြင်တာကဒေါ်ဒေါ်ပါ၊ ကျနော်ကိုမတိုက်ရင်တောင်မှ ရှေ့ကအရုပ်ကြီးကိုတိုက်နိုင်ပါတယ်”
“ဟင်း….ရုပ်ကိုက မခန့်လေးစားနဲ့…ဟင်….မင်းမင်း…….”
သူမထိုကောင်းလေးမျက်နာကိုလုံး၀မမေ့နိုင်ပါ၊ ထိုကောင်းလေးကိုမြင်ရင်သူမမှတ်မိပါသည်။ ထိုကောင်းလေးသည်သူမဆီမှ လက်စွပ်၀ယ်သွားခဲ့သည့်ကောင်းလေး၊ ရှင်းရှင်းပြောရလျှင် သားငယ်လက်ထဲမှမြင်ခဲ့ရသော်လက်စွပ်ပိုင်ရှင်ကောင်းလေး။
“ဗျာ..ကျနော်ကိုသိလို့လား…ကျနော်ကတော့ ဒေါ်ဒေါ်ကိုမသိဘူးနော်”
“မင်းကိုလဲ ငါမသိပါဘူး အေးဒါပေမယ့် မင်းငါ့ဆိုင်က၀ယ်သွားတဲ့လက်စွပ်ကိုတော့သိတယ်”
ဒေါ်မိမိနိုင်ထိုကောင်းလေးလက်ကိုလိုက်ကြည့်မိတော့သည်။
“ဒါလေးကိုပြောတာလား”
၀သုန်လက်ကိုသေးခြားထောင်ပြကာ ပြလိုက်တော့သည်။
“အေးဟုတ်တယ် ကျန်တဲ့လက်စွပ်ကရော..”
“ကျနော်ချစ်သူဆီမှာ”
“ဘာ…”
“ဘာဖြစ်လို့လဲ ကျနော်ချစ်သူလက်ထဲမှာ ဒီလက်စွပ်တစ်ခုရှိနေမှာပေါ့၊ ဒေါ်ဒေါ်ကလဲ ဒါများစမ်းတာမှတ်လို့”
“မစမ်းဘူး ဟုတ်တယ် မစမ်းဘူး ဒါပေမယ့်မင်းငါ့ကိုမသိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူး ဟုတ်လား ဘာအကြောင်းပြချက်ရှိလို့လဲ”
“ဘာအကြောင်းပြချက်မှပေးစရာမလိုဘူး မင်းရှေ့ဆက်မတိုးဘို့ပဲပြောမယ်”
“ကျနောကို ဒေါ်ဒေါ်မပြောနဲ့ ကျနော်မိဘတွေတောင်းတားနိူင်မှာမဟုတ်ဘူး ဒါကကျနော်ကိစ္စလေ”
“ဘာ…အေးမင်းကိုတော့ ငါမသိဘူး ဒါပေမယ့် မင်းဘာမှမသိတဲ့နားမလည်တဲ့ ကလေးကိုတော့မဖျက်စီးနဲ့”
“အဟ…ဒေါ်ဒေါ်မလွန်ဘူးလာဗျ”
“ဘာလွန်ရမှာလည်းငါက အမှန်တွေသိလို့တားနေတာ”
“တားနေတာ ဒါဆိုရင်ကျနော်ကိုလာပြောရမှာမဟုတ်ဘူး မင်းခနိုင်ကိုသွားတားသင့်တာလေ၊ ဘာလို့သူကိုသွားမတားတုံး”
“ဟင်…မင်းမင်း…ဒါတွေသိတယ်”
“ကျနော်ချစ်သူမိဘကိုကျနော် မသိပဲနေပါ့မလားဗျ”
“တော်တော့ မင်းကမရိုးသားပဲ ငါ့သားကိုပက်သက်ခဲ့တာပဲ၊ ကဲမင်းဘာလိုချင်လည်းပြော မင်းတောင်းသလောက်ငါပေးလိုက်မယ် ငါ့သားနဲ့မပက်သက်ရင်းပြီးရော”
“ကျနော်လား ကျနော်ပြောလိုက်ရင် စျေးသိပ်ကြီးနေရာကျနေမလားပဲ”
“ပြောစမ်းပါ မင်းတောင်းသလောက်ကိုပေးလိုက်မယ်”
“ဒေါ်ဒေါ်သားကို”
“သေလိုက် ငါ့သားကလွဲပြီးကျန်တာအားလုံးပေးလို့ရတယ်”
“ဟုတ်လား…ဒါဆိုရင်တော့ဒေါ်ဒေါ်သားကို အမွေပြတ်စွန့်လိုက်လေ”
“အို…ဘာဆိုင်လဲ”
“ဆိုင်တာပေါ့ဗျ ဒေါ်ဒေါ်ပဲပြောခဲ့တယ်မဟုတ်လား ဒေါ်ဒေါ်တို့အမျိုးကသန့်သန့်လေဆို ဒီလိုမျိုးတွေမရှိစေရဘူးဆို၊ ဘယ်လိုလည်းဗျာ ဒေါ်ဒေါ်တို့အမျိုးရင်း သားတစ်ယောက်က ဒီလိုရှိနေပြီးဆိုတော့ ၀မ်းသာလွန်လို့စကားတောင်မပြောနိုင်တော့ဘူးလာ”
“ဘာ…..မင်းမင်း…”
“ဟုတ်တယ် ကျနော်က ခင်များကြီးသားမက်ရဲ့ညီရင်းခေါက်ခေါက်ပဲ”
“တော်…….မင်းဘာအညိုးနဲ့ငါ့သားကို ဖျက်စီးနေတာလဲ”
“မဖျက်စီးပါဘူး ချစ်တာလေးပဲသင်ပေးလိုက်တာ”
“တော်ပြီး …နားရှက်စရာတွေလာပြောမနေနဲ့”
“ဟားဟား…ဒေါ်ဒေါ်ကိုကြည့်ပြီးတရားကျဘို့ကောင်းလိုက်တာ၊ ခုကျနော်နဲ့ဒေါ်ဒေါ်ပြောနေတာကို ဘေးပတ်၀န်ကျင်မှာ လူတွေလည်းမရှိဘူး၊ ဒေါ်ဒေါ်လည်းအရှက်မကွဲခဲ့ရဘူး၊ ဒါပေမယ့်လို့ ဒေါ်ဒေါ်ကတော့ ကျနော်တို့ကိုကျွေးမွေးပြုစုဆောက်ရှောက်လာတဲ့ ကြီးမေကို ရပ်ကွက်ထဲမှာလူသိရှင်းကြားလာစော်ကားသွားတယ်၊ ကြီးမေကိုရက်စက်စွာပြောခဲ့တဲ့စကားတွေ၊ ကြီးမေမျက်ရည်ကျအောင်လုပ်ခဲ့တာတွေ ဒါတွေကို ဒေါ်ဒေါ်ကိုယ်တိုင်းပေးဆပ်ရမယ်ဆိုတာနားလည်ထားလိုက်”
“မရဘူး….မရဘူး…မင်းလိုစိတ်ဓါတ်မကောင်းတဲ့မိသားစုနဲ့ပက်သက်မိခဲ့တာကိုက အမှားကြီးပဲ”
“အဲဒီအမှားကို ဘယ်သူစခဲ့တာလဲ ဒေါ်ဒေါ်ကိုယ်တိုင်ပြန်စဉ်းစားလိုက်”
၀သုန်ပြောဆိုကာ လှည့်ထွက်လာခဲ့တော့သည်။ သူလုပ်ရက်အတွက်သူကျေနပ်သည်။ ဒါတွေကို ဒေါ်မိမိနိူင်ပေးဆပ်ရမည်။
ဒေါ်မိမိနိူင်ရပ်နေသည့်နေရာတွင် မျက်ရည်များကျကာ ထွက်သွားသော ၀သုန်နောက်ကျောကိုကြည့်ရင်း ဒေါသများအလွန်ထွက်ကာယိုင်ကျသွားပါတော့သည်။
“ဟင်မေမေ အထုတ်တွေပါနဲ့လာ ခရီးထွက်မလို့လာ”
“အေး…ငါခရီးထွက်မယ် ရွှေဘိုကိုသွားမယ်၊ မင်းလဲဘယ်မှမသွားနဲ့ အိမ်မှာပဲနေ၊ မိမှုန် ကိုကျော်မောင်မရောက်သေးဘူးလာ”
ကိုကျော်မောင်ဆိုသည်က မေမေရွှေဆိုင်တွင်ကားမောင်းသောကားဆရာဖြစ်ပါသည်။
“မေမေ”
“တော်…မင်းကြောင့်ငါစိတ်ညစ်နေတာ မင်းငါ့ကိုဘာမှမပြောနဲ့တော့”
“မေမေ သားနာလည်အောင်ပြောလေဗျာ”
“မင်းကဘာကိုသိချင်နေတာလဲ”
“မေမေကျနော်ကို ဘာကြောင့်ဒီလောက်ဒေါသတွေထွက်နေတာလဲ”
“ဘာ…..မင်းမသိဘူးလာ”
“ဘာကိုသိရမှာလဲဗျာ”
“မင်းရဲ့ဒီလက်စွပ်ပိုင်ရှင်ကဘာမှပြောဘူးလာ၊ မင်းသူ့ဆီကပြန်လာတာမဟုတ်လာ”
“ဟင်”
မင်းခနိုင်မေမေစကားကြောင့် အံ့သြမှင်သက်သွားတော့သည်။
“မေမေ ကိုကြီးကိုသိတယ်”
“ဘာ…ကိုကြီးဟုတ်လာ၊ အမလေးဟဲ့ ကြားလို့မှကောင်းသေးလား ကိုကြီးတဲ့ ငါ့နားတောင်ရှက်တယ်၊ သွားငါ့ရှေ့ကခုလိုရပ်မနေနဲ့ နင့်ကိုကြည့်ရတာမီးလိုပူတယ်ဟဲ့ ပူတယ်”
“ဟာ…မေမေ”
“သွား….အခန်းထဲသွားနေ၊ ငါအသက်ရှင်တာမြင်ချင်သေးတယ်ဆိုရင် သွား”
“မေမေ”
“မခေါ်နဲ့”
ဒေါ်မိမိနိူင်အိမ်ထဲမှထွက်လာခဲ့တော့သည်။ အိမ်ရှေ့တွင်စောင့်နေသော ကိုကျော်မောင်ကားပေါ်တက်လိုက်ပါတော့သည်။
“မေမေ..ဘယ်သွားမလို့လဲ”
ဒေါ်မိမိနိုင်လှည့်ကိုမကြည့်တော့၊ ကားကိုထွက်ခိုင်းလိုက်တော့သည်။
“မိမှုန်”
“ရှင်ကိုလေး”
“မေမေဘယ်သွားတာလဲ”
“ရွှေဘိုကိုပြောတာပဲ”
“ဟင်…” သူ မှင်သက်သွားမိတော့သည်။
“ငါအပြင်သွားအုံးမယ်”
“ကိုလေး…မိမှုန်ကိုသနားရင်မသွားပါနဲ့နော် မိမှုန်တို့က သူ့ဆန်စားပြီးကြည့်နေရတဲ့ ဘ၀ပါ မိမှုန်ရှိခိုးပြီးတောင်းပန်ပါတယ်ကိုလေးရယ် ကိုလေးမသွားပါနဲ့နော်”
မိမှုန်ငိုကြီးချက်မဖြင့်ပြောဆိုနေသောကြောင့် မင်းခနိုင်သနားသွားသည်။ သုိ့သော်သူကိစ္စသည်လည်း သေရေးထက်မကအရေးကြီးနေသည်မဟုတ်လား။ ပြီးတော့အချိန်လည်းနှောင်းနေပြီးဖြစ်သည့်အတွက် မင်းခစိတ်ပျက်စွာ အခန်းထဲ၀င်လိုက်တော့သည်။
ရတက်မအေးဖြစ်နေရသည့်မင်းခ ၀သုန်ဆိုင်သို့ဖုန်းဆက်လိုက်ပါတော့သည်။
“ကံကောင်းလို့ ကိုကြီးမပြန်ပါစေနဲ့အုံး”
ဆုတောင်းရသေးသည်။ ကံကောင်းတော့ ကိုကြီးသည်လည်းလစာထုတ်ရက်ဖြစ်နေသည့်အတွက် နောက်ကျကာ ဆိုင်တွင်ရှိနေသည့်အချိန်ဖြင့်နေပါတော့သည်။
“အင်း မင်းခပြော”
“ကိုကြီးလုပ်ပါအုံး”
“အယ်”
“မေမေလေ မင်းခတို့အကြောင်းကိုသိသွားပြီး၊ ဘယ်ကဘယ်လိုသိသွားလည်းတော့မသိဘူး၊ ခုမေမေရွှေဘိုကိုထွက်သွားပြီး”
“ဟင်”
“အဲ့ဒါလေ ကျနော်တို့ဘာလုပ်ကြမလည်း၊ ခိုးပြေးကြမလား”
“ဟာ…မင်းခဒါနောက်ရမည့်ရအချိန်မဟုတ်ဘူးလေ”
“အာကိုကြီးကလည်းနောက်တာမှမဟုတ်တာ အမှန်တိုင်းပြောတာ မေမေအကြောင်းကျနော်သိတာပေါ့ ခုတောင်ညတွင်းခြင်းရွှေဘိုကိုလိုက်သွားတာကြည့်”
“ဒါဆိုကိုကြီး ရွှေဘိုကိုလိုက်သွားတော့မယ်”
“ကိုကြီးကလည်း ဘယ်လိုလိုက်မှာလဲ”
“ခုညတော့ဘယ်ဟုတ်မလည်း မနက်ကျမှလိုင်းကားနဲ့ပဲလိုက်သွားတော့မယ်”
“ကျနော်လည်းလိုက်မယ်”
“မင်းခအိမ်မှာပဲနေခဲ့၊ ကိုကြီးပဲလိုက်သွားမယ်”
“နေပါအုံး မေမေက ကြီးမေတို့အိမ်ကိုသိပါ့မလား”
“ဒါတွေထားတော့ မင်းခလည်းအိပ်တော့ ကိုကြီးလည်း လုပ်စရာရှိတာလုပ်တော့မယ်”
“ဟုတ်ကဲ့၊ ကျနော်တော့အိပ်လို့ရမှာဟုတ်တော့ဘူး စိတ်တွေတအားပူနေတယ်”
“ဘာမှစိတ်မပူနဲ့ ဒါပဲနော်ဒါပဲ”
ကိုကြီးအလောတဆယ်ဖုန်းချသွားသည်ကို မင်းခဖုန်းလေကိုကြည့်နေမိသည်။ ဘာတွေဖြစ်ပျက်ကုန်သည်ကို မင်းခလိုက်လို့မမှီအောင်ဖြစ်နေသည်။ မေမေဘယ်လိုသိရှိသွားသည်ကိုလည်း နားမလည်နိုင်ပါ။
( မင်းရဲ့ဒီလက်စွပ်ပိုင်ရှင်ကဘာမှပြောဘူးလာ )
“မေမေပြောသွားပုံအရဆိုရင် ကိုကြီးများမေမေကိုပြောလိုက်တာလား၊ ဒါဆိုရင် ကိုကြီးကမေမေကို ကြိုသိနေတာလား၊ ဒီလိုဆိုရင်တော့ ငါကိုရောဘာလို့မပြောခဲ့တာလဲ”
ဒီနေ့ နေ့လည်မင်းခကိုကြီးဆီရောက်တော့ ကိုကြီးဆိုင်တွင်ရှိမနေပါ၊ ဆိုင်တွင်ကားအပ်ကာ ကိုကြီးကိုစောင့်နေခဲ့ပါသည်။ ညနေသုံးနာရီလောက်မှ ကိုကြီးဆိုင်ကို ပြန်လာခဲ့သည်။ သူနှင့်စကားတောင် ကောင်းကောင်းမပြောလိုက်ရပါ၊ ကိုကြီးကအလုပ်တွေမအားဟုဆိုကာ အလုပ်တွေဆက်လုပ်နေသည်ကို ထိုင်ကြည့်နေပြီးမှ ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မေမေကသူ့အား ဒီလိုဆက်ဆံကာ ရွှေဘိုကိုထွက်သွားလေပြီး။
ဒီလိုဆိုရင်တော့ ကိုကြီးသည်မေမေတို့နှင့်ဘယ်လိုပက်သက်နေသည်နည်း။
လှလှမနက်ပိုင်းတွင် ဆိုင်ဖွင့်ကာ အခန်းများပြင်ဆင်နေသည်။ မနက်စောစောတွင် လှလှ၊ မမပိုင်နှင့်ခိုင်ခိုင်တို့သာ ရှိနေသည့်အချိန်တွင် ဧည့်သည်တစ်ယောက်၀င်လာသဖြင့် အပြုံးဖြင့်လှည့်ကာ ဆီကြိုလိုက်မိသည်။
“မင်္ဂလာပါရှင်…..ဟင်…..ရှင်…”
“ဟုတ်တယ်ကျုပ်ပဲ၊ ခုဆိုင်ဖွင့်မယ့်အချိန်ကိုစောင့်နေတာကိုက တစ်ကမ္ဘာလောက်ကြာသွားတယ်၊ တွေ့ချင်လွန်းလို့ညကတည်းက ထွက်လာတာပဲ”
“ဒေါ်မိမိနိူင် ရှင်နဲ့လှလှနဲ့ပြောစရာ စကားလည်းမရှိဘူး၊ ဘာကြောင့်လာပက်သက်နေတာလည်း”
“အမလေး အမလေး အကယ်ဒမီရှော့တွေနဲ့လာမပြောနေနဲ့၊ ရှင့်ရဲ့မကောင်းဆိုးဝါး ကြံစည်းမှု့တွေကို အချိန်တွေမလွန်ခင်းလိုက်လာရတာပဲ”
“စကားပြောတာကြည့်ပြောပါ၊ ရှင်တို့အသိုက်ဝုိင်းတွေနဲ့မပက်သက်ချင်လို့ လှလှရဲ့သားကြီးဆီတောင် မသွားခဲ့ဘူး၊ လှလှတို့ကရှင်းရင်အားလုံးရှင်းအောင်လုပ်တာ”
“ဟုတ်ပါတယ် ဒေါ်ဒေါ်၊ လှလှကကျမတို့နဲ့အေးအေးလူလူပဲနေခဲ့တာ၊ ခုလိုဆိုင်ကိုလာပြီးအော်ကြီးဟစ်ကျယ်ပြောနေတာတော့မကောင်းဘူး”
မမပိုင်သည်လည်းမနေသာတော့ပဲ ၀င်ပြောလိုက်သည်။ လှလှကိုကြည့်လိုက်တော့ မျက်ရည်များသီးကာ အားငယ်နေရှာသည်ကို မမပိုင်ကြည့်မနေနိုင်လို့ ၀င်ပြောလိုက်သည်ဖြစ်ပါသည်။ ခိုင်ခိုင်ကတော့ ထိုမိန်းမကြီးကို စားမည်၊ဝါးမည် အမုန်းမျက်၀န်းနှင့်ကြည့်နေပါတော့သည်။
“ဘာမှလာပြီးပြောမနေကြနဲ့ နင်တို့အားလုံးတကြိတ်တည်းတစ်ဥာဏ်တည်းတွေပဲ၊ အေးပေါ့လေ ဒါကလည်းဆန်းတာမှတ်လို့ ဒီလိုပုံစံတွေက ဒီလိုအောက်တန်းကျနေကြတာ အဆန်းမှမဟုတ်တာ”
“တော်တော့…..အမကြီးပြောချင်တယ်ဆိုရင် လှလှကိုပဲပြော၊ ဘာမှမဆိုင်တဲ့သူတွေကိုထည့်ပြောနေစရာမလိုဘူး၊ လှလှလည်းသည်းခံနိုင်တဲ့အားတွေကုန်နေပြီး တစ်ခုခုမလုပ်ခင်း၊ ပိုင်နက်ကျူးကျော်မှု့နဲ့ တရားမဆွဲခင်ပြန်တာကောင်းတယ်၊ ပြီးမှလှလှအဆိုးမဆိုနဲ့”
“အမလေး..ငါကလည်းလာချင်လို့လာတာမဟုတ်ဘူး၊ ငါ့သားအတွက်ကြောင့်လာရတာ၊ ခုမှအသံကောင်းဟစ်မနေနဲ့၊ နင့်သားငယ်ဆိုတဲ့တစ်ယောက်ကို နင်သင်ပေးထားလို့ဒီလိုကြံစည်းနေတာမဟုတ်လား”
“ဘာ…လှလှရဲ့သားငယ်၀သုန်နဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တာမှသိပ်ဆိုင်၊ နင့်သားငယ်ကလေး ငါ့သားမင်းခနိုင်ကိုဖြားယောင်ပြီးဖျက်စီးနေတာ ဒါနင့်လက်ချက်ပဲမဟုတ်လား”
“ရှင်”
“ဟင်…”
“အို..”
“ဘယ်လို…ဘယ်လို မင်းခလေးက အမကြီးသား…ဟုတ်လား”
“ဘာ..မင်းခလေး..ဟုတ်လား..ညည်းတို့ငါ့သားကိုသိနေတယ်တောင်မှ ညည်းတို့ကဘာမုန်လာဥလုပ်နေချင်နေတာလဲ”
“လှလှမသိဘူး”
“ဘာမသိရမှာလည်း အေးနင့်သားကိုငါက ရတဲ့နည်းနဲ့ဘယ်လိုဖြစ်ဖြစ်ငါ့သားနဲ့မနီးစပ်အောင်လုပ်ရမှာပဲ၊ ဒါကညည်းကိုလာပြောတာ၊ အကင်းပဲရှိသေးတယ်၊ ညည်းတို့ဘဝတွေကို အမှုန့်ဖြစ်သွားအောင်လုပ်ပစ်မယ်၊ ငါ့ဘာမှတ်နေလည်း၊ ငါ့သားနဲ့သမီးကိုတော့ လာမထိကြနဲ့အသက်နဲ့လဲပြီးကာကွယ်သွားမယ် ဘာမှတ်လည်း”
ဒေါ်မိမိနိုင်ပြောချင်ရာပြောပြီးထွက်သွားတော့သည်။ လှလှအသက်မဲ့သွားသလို ငြိမ်သက်ကာ ရပ်နေမိတော့သည်။ မမပိုင်နှင့်ခိုင်ခိုင် လှလှထံသို့စိုးရီမ်းတကြီးပြေးသွားလိုက်တော့သည်။
“မမပိုင်ရယ် လှလှအရင်ဘ၀က ဘယ်သူတွေကိုဘယ်လောက်တောင်စော်ကားခဲ့လို့ ဒီဘ၀မှာဒီလိုခံနေရတာလဲဟင်၊ လှလှနာမည်နဲ့မလိုက်အောင် မလှပလိုက်တာ မမပိုင်ရယ်”
“လှလှရယ်”
မမပိုင်ရင်ခွင်ထဲဖက်ကာ လှလှမျက်ရည်များကျမိပါတော့သည်။ မမပိုင်သည်လှလှကိုဖက်ကာ နှစ်သိမ့်ပေးနေရှာသည်။ မျက်ရည်လွယ်သည့် ခိုင်ခိုင်ကတော့ လှလှနှင့်ငိုနေမိပါတော့သည်။
“ကိုလေး ဖုန်းလာတယ် ရွှေဘိုက”
“အော်အေး”
မင်းခရွှေဘိုကဖုန်းဆို၍ ဖုန်းကိုပြေးကိုင်လိုက်သည်။
“မင်းခညီလေးလာ”
“အော် ကိုကိုမိုးယံ…ဟုတ်ကျနော်ပါ”
“မင်းနဲ့ ကိုကိုညီ၀သုန်နဲ့ဘယ်လိုပက်သက်တာလည်း”
“ဗျာ…ကိုကြီးက ကိုကိုရဲ့ညီ”
“ဟုတ်တယ်မင်းခ၊ ခုမေမေအိမ်မှာသောင်းကျန်နေတယ် သွေးတွေလည်းတိုးလို့ဆေးတိုက်ပြီးနားခိုင်းထားရတယ်၊ ဘယ်လိုတွေဖြစ်ကြတာလဲကွာ၊ ညီလေး၀သုန်လည်း မန်းမှာ အလုပ် လုပ်နေတယ်လို့ပဲသိရတာ ညီလေးမင်းခနဲ့ဘယ်လိုတွေဖြစ်ကုန်တာလည်း”
“ကျနော်…ကျနော်မသိဘူး၊ ကျနော်ဘာမှမသိဘူး”
“ခု၀သုန်ရောဘယ်မှာလဲ”
“ကိုကြီးကပြောတယ် သူဒီနေ့မနက်ပဲရွှေဘိုဆင်းမယ်လို့ပြောသွားတယ်”
“ဒါဆိုခုနေ့လည်၀င်မယ်ပေါ့”
“ဟုတ်မယ်ထင်တယ်”
“အိုခေ…ညီလေးခဏနားလိုက်အုံးကိုကို ၀သုန်ကိုသွားရှားအုံးမယ်”
မင်းခယောင်ရှားရှားဖြစ်သွားပါတော့သည်။ ဘာတွေဘယ်လိုတွေဖြစ်ကုန်နေပြီးလည်းလို့တောင်အော်ဟစ်ပစ်လိုက်ချင်တော့သည်။ ကိုကြီးက မမယောက်ျားကိုကိုမိုးယံရဲ့ညီ၊ သူကမမမောင်လေး၊ ပြီးတော့ကိုကြီးရဲ့ချစ်သူ၊….
၀သုန်ကားပေါ်ကဆင်းသည်နှင့် ကြီးမေဆိုင်ဘက်သို့သွားရန်တားပြင်လိုက်သည်။ ဒီအချိန်ဆိုရင်တော့ ကြီးမေဆိုင်မှာပဲရှိနေမည်မဟုတ်လား။
“ညီလေး”
“ဟင်”
သူလှည့်ကြည့်လိုက်တော့လုံး၀ထင်မှတ်မထားသည့် ကိုကိုမိုးယံကိုတွေ့လိုက်ရတော့သည်။ ကိုကိုမိုးယံကို တစ်ချက်လှည့်ကြည့်ပြီး နောက်သို့ပြန်လှည့်လိုက်သည်။
“ညီလေး ကိုကိုခေါ်နေတယ်လေ”
“ဘယ်က ကိုကိုလဲ၊ ကျနော်မှာကိုကိုဆိုတာမရှိတာကြာပြီး”
“ဘာကွ၊ မင်းကအကြီးကိုဒီလို မိုက်ရိုင်းပြီးပြောရလား”
“ဟားဟား”
“ညီလေး မင်းဘာတွေဖြစ်နေတာလဲ၊ မင်းရူးနေလား၊ ခုဘာတွေလုပ်နေလည်းဆိုတာရောသိရဲ့လား”
“ဒီမှာဒေါက်တာမိုးယံ ခင်းများကရော ကျနော်ကို ညီလေးတစ်ယောက်လိုအသိမှတ်ပြုခဲ့လို့လား”
“ကိုကိုက ညီလေးကိုညီလေးလို့ တသက်လုံးသတ်မှတ်ထားတဲ့သူပါကွ၊ ဘယ်တော့မှမပြောင်းလဲဘူး”
“အော်…အော်….အပြောကောင်းပါ့ဗျာ၊ အကိုတစ်ယောက်မင်္ဂလာဆောင်တာတောင်မှ ညီတစ်ယောက်အဖြင့် အသိမှတ်မပြုပဲခံခဲ့ရတဲ့ခံစားမှု့ကို ကိုကိုမှမသိပဲ၊ ပြီးတော့ ကျွေးမွေးပြုစုလာတဲ့ ကျေးဇူးရှင်၊ ဆရာ၀န်ဖြစ်အောင်ကြိုးစားပြီး နှဖူးကချွေးခြေမကျသည့်အထိ လုပ်ကျွေးလာတဲ့ ကြီးမေကို လူကြားထဲမှာ ပွဲမထုတ်ရဲတဲ့ ကျနော်ရဲ့ချစ်လှစွာသော အကိုကိုး….ကိုကိုလို့သတ်မှတ်ရမှာရင်နာလွန်းလို့”
“ဘာ…”
“မင်္ဂလာဆောင်ကိုမလာဘို့တားတဲ့သူတွေကို ကိုကိုကိုယ်တိုင်လုပ်ခဲ့တာပါလို့ပြောရဲလား”
“ဟေ့ကောင်”
“အနာပေါ်တုတ်ကျလို့နာသလားဗျ၊ အခြောက်ကြီးတစ်ယောက်ကို ကြီးမေလို့လူကြားထဲခေါ်ရမှာရှက်နေလား၊ အခြောက်ကြီးတစ်ယောက်ကို လူကြားထဲမိဘသဖွယ်ကန်တော့ရမှာရှက်နေလား၊ အဲဒီအခြောက်ကြီးကပဲ ဒေါက်တာမိုးယံဆိုပြီး မွေးထုတ်ပေးခဲ့တာကို လူတွေကြားထဲထုတ်ဖေါ်ပြောရမှာရှက်နေလား”
“ခွပ်…
“တော်တော့……မင်းတော်တော့”
၀သုန်ကို မိုးယံထိုးလိုက်ပါတော့သည်။
“ငါဘယ်တုံးကမှ ကြီးမေကိုမင်းပြောသလိုမလုပ်ခဲ့ဘူး၊ မေမေနဲ့ချိုချိုကတောင်မှ ကြီးမေမင်္ဂလာဆောင်မလာလို့ စိတ်မကောင်းဖြစ်နေခဲ့ကြတာ”
“မေမေ…ဟုတ်လာ…….ခင်များမေမေဆိုတဲ့မကောင်းဆိုးဝါးမကြီးကိုသွားမေးကြည့်လိုက်၊ ကြီးမေမျက်နာကို ပိုက်ဆံတွေပေါက်ပြီး မင်္ဂလာဆောင်မလာဘို့တားသွားတာ ဘယ်သူလည်းလို့၊ ခင်များကိုယ်တိုင်က ကြီးမေကိုလူကြားထဲမှာတွေ့ရမှာ ရှက်လို့မလာပါနဲ့လို့ပြောသွားခဲ့တဲ့ ခင်များမေမေဆိုတဲ့ သူတော်ကောင်းမကြီးကိုသွားမေးလိုက်”
“ဘာ…….
By Jin Jar #TBC#