စမ်းရေကြည်ပေါက်
(Part 6)ပန်းနူရောင်နူတ်ခမ်းစသည် မင်းခနိုင်ကို ညှိ့ယူသယ်သွားသည်။ နူတ်ခမ်းထူထူ များက မစိမ်းကားပဲ သိခဲ့ပါသည်ဟုပြောနေသယောင်၊ မင်းခနိုင် လောကကြီးနှင့် အစပြတ်ကာ ငေးမောကာနေမိသည်။ မင်းခနိုင် ဘာတွေဖြစ်ပျက်သွားသည်ကိုတော့ သူသာလျှင်နားလည်နိုင်ပါလိမ့်မည်။ သို့သော်ယခုအချိန်မှာတော့ မင်းခနိုင် ဘာမှမပြောမဆိုပဲ ဒီအတိုင်းလေပဲ သူ့ကိုကြည့်နေချင်သည်။ မျက်လုံးများကို ကောင်းစွာမမြင်ရပေမယ့် မျက်ခုံးထူထူဖြင့် လွန်စွာမှ ကြည့်ကောင်းသော ဖြစ်သည်ကိုတော့ သိရှိရသည်။ နေကာမျက်မှန်အောက်က မျက်လုံးများသည်လဲ သူ့ကိုရင်းနှီးစွာ ကြည့်နေမည်ဆိုသည်ကိုတော့ သိရှိခံစားနေရသည်။
“ဘာဖြစ်နေတာလဲ မင်းခ ဘာဖြစ်လို့လဲ”
သူငယ်ချင်းများ အနားရောက်လာမှ မင်းခနိုင် စိတ်များပြန်စုစည်းရလိုက်တော့သည်။ သတိလက်လွတ်ကြည့်နေမိသည့် မိမိအဖြစ်ကို ရှက်သွားတော့သည်။
“ဟိုလေ…ဟို…”
အနိုင်၏ အမေးကို မင်းခနိုင် ဘာဖြေရမှန်းမသိပဲ ကြောင်အသွားတော့သည်။ ကျန်သည့်သူငယ်ချင်းများကလဲ မင်းခနိုင် အဖြေးကို စိတ်၀င်တစားကြည့်နေသည်။
“မင်းတို့သူငယ်ချင်းက ကိုယ့်ကူညီထားတာကို ကျေးဇူးတင်တယ်လို့လာပြောတာပါ”
“ဟင်..ဟုတ်လား..ငါတို့လဲဘာမှမသိရပါ့လာ ဘယ်တုန်းက ဒီအကိုက မင်းကိုကူညီပေးလိုက်တာလဲ”
“ဟင်”
မင်းခနိုင် ဘာပြန်ပြောရမှန်မသိတော့၊ သူကို ကူညီခဲ့သည်ဆိုသည်ကိုတော့ သူပြောလို့မှ မဖြစ်တာ၊ ဒါက ပြောပြလို့မရတဲ့ အဖြစ်
မင်းခနိုင် မျက်နာပျက်သွားသည်ကို ၀သုန်အရသာခံကာ ကြည့်လိုက်သည်။ ထိုနောက် ဟန်ပါပါပြုံးပြလိုက်ပြီး။
“မင်းသူငယ်ချင်း တစ်ရက်က ကားပျက်နေတာကို ကူညီပေးလိုက်တာ အဲ့ဒါကို အမှတ်ရပြီး လိုက်ပြောတာပါ”
“ဗျာ”
မင်းခနိုင် ၀သုန်စကားကြောင့် ကြောင်ကာသွားသည်။
“ဟာ ဒီကောင် ကျနော်တို့ကို ဘာမှမပြောဘူး၊ ဒါကြောင့် အကိုက အကြွေးတောင်းရအောင် ကျနော်တို့နောက်ကို လိုက်နေတာလာ”
“အဟ…မဟုတ်ရပါဘူးကွာ”
သန့်စင်၏ ပြောစကားကြောင့် ၀သုန်ဟာသလုပ်ကာ ရယ်လိုက်ပါတော့သည်။
“ဟယ် သွားထပ်လေနဲ့ အကိုကချောလိုက်တာ”
နန်းခင်မွှေး၏ ဟန်မဆောင်စွာ မှတ်ချက်ကြောင့် ချစ်သမီးက ရင်ဘက်ဖိပြီး ခေါင်းကို တွင်တွင် ညိတ်ကာ ထောက်ခံသည်။ အနိုင်နှင့် သန့်စင်ကတော့ ကောင်မလေး နှစ်ယောက်ကဲ ပုံကိုကြည့်ပြီး နှခေါင်းရှုံံ့ ပြသည်။ မင်းခနိုင်ကတော့ ငေးမောကာ ကြည့်နေသည်။
“အကိုနာမည်က ၀သုန်ပါ”
“ဟုတ်ကဲ့ရှင့် ကျမနာမည်က ချစ်သမီး၊ သူက နိုင်မင်းကျော်၊ သူ့နာမည်က သန့်စင်နိူင်၊ သူကတော့ အကိုသိပြီးသားဖြစ်မယ်ထင်တယ် မင်းခနိုင်လေ”
“ဟုတ်ကဲ့တွေ့ရတာ၀မ်းသာပါတယ်”
“ဟဲ့ ချစ်သမီး ငါကျန်သေးတယ်လေ”
နန်းရင်မွှေးက သူမကိုမိတ်မဆက်ပေးသဖြင့် ချစ်သမီးကို ရိုက်ကာပြောလိုက်သည်။
“သိသားပဲ အမြင်ကပ်လို့မပြောတာ”
“ကောင်းမစုတ်”
“သူနာမည်က နန်းရင်မွှေးတဲ့”
“ဟင်ဟုတ်လား”
၀သုန် အရွှင်းထဖေါက်သည်။ နာမည်မိတ်ဆက်သည်နှင့် နန်းရင်မွှေးထံကို သိသိသာသာ တိုးကပ်သွားလိုက်သည်။ နန်းရင်မွှေးက ၀သုန်လုပ်ရပ်ကြောင့် လန့်ကာ နောက်သို့ဆုတ်လိုက်သည်။ ကျန်သည့် သူငယ်ချင်းများကလဲ ကြောင်ကာသွားသည်။
အို..
ဟင်..
“ဘာ…ဘာလုပ်မလို့လဲ”
နန်းရင်မွှေး ခပ်လန့်လန့်ဖြင့်မေးလိုက်သည်။
“နမ်းရင်မွှေးတယ်ဆိုလို့လေ အဟဲ”
“ဟယ်…”
“ဟာ……”
အားလုံးကြောင်ကာသွားသည်။ ၀သုန်က ထိုအခါမှ ခပ်ပြုံးပြုံးလုပ်ကာ ရပ်လိုက်တော့မှ ၀သုန်စနောက်သည်ကို သဘောပေါက်သွားကြပြီး ရယ်မိကြပါတော့သည်။
ရယ်နေကြသော သူငယ်ချင်းများကို ကြည့်ကာ မရယ်သူတစ်ယောက်သာ ရှိသည်။ မင်းခနိူင် ရင်ထဲမှာ ဘာမှန်းမသိသော အပူလှိုင်းများ ဖြတ်သန်းသွားတော့သည်။ သူတို့ဝုိင်းကို အမြဲတမ်းလာ ကြည့်ကာ ငေးနေသည့်လူသည် သူ့တိတ်တခိုး ဆွဲလမ်းခဲ့သည့် လူတစ်ယောက် ဖြစ်နေသည်ကို နောက်ကျမှသိလိုက် ရသည့်သူ့အဖြစ်က ရင်ကိုလေးလံစေသည်။ထိုရက်က ၀သုန်က သူတို့ကိုနူတ်ဆက်ကာ ထိုနေရာမှပင် ပြန်သွားခဲ့သည်။
နောက်ပိုင်း သူတို့ အဖွဲ့ထဲသို့ ၀သုန် အတိအလင်း ၀င်ရောက်လာခဲ့တော့သည်။ သူတို့ အဖွဲ့သည် ယခင်ကထက် ပိုပျော်မြူးလာကြသည်။ ယခင်ကထက် ပို၍သက်၀င်လှုပ်ရှားလာသည်။ မိန်းခလေး နှစ်ယောက်ကတော့ ပို၍ဆိုးလာသည်ဟုပြောရမည်။ ၀သုန်မလာခဲ့လျှင် မျှော်နေကြသည်။
တိတ်တဆိတ် မျှော်နေရသူကတော့ မင်းခနိုင်ပင်ဖြစ်လာသည်။ အရင်က စကားသွက်သော မင်းခနိုင်၊ အရင်က ထိပ်ဆုံးက သူငယ်ချင်းများကို ဦးဆောင်ခဲ့သည့် မင်းခနိုင် ယခုတော့ ငြိမ်သွားတော့သည်။ ၀သုန်မလာခဲ့လျှင်လည်း မျှော်နေတတ်ပြီး၊ ၀သုန်ရောက်လာခဲ့လျှင်လည်း မနာလို ၀န်တိုစိတ်များက ကြီးထွားကာ တစ်ဦးတည်း အပူမီးများလောင် မြိုက်နေတော့သည်။ သူတို့ တစ်ဖွဲ့လုံးထင်ထားသည်က ၀သုန်သည် သူတို့အဖွဲ့ထဲမှ ကောင်မလေးတစ်ယောက်ကို ကြိုက်နှစ်သက်နေသည်ဟု ထင်မြင်ထားသော ကြောင့်ဖြစ်ပါသည်။
၀သုန်သည် သူတို့ဆီကို အမြဲပင် မနက်ပိုင်းလာတတ်သည်။ နေ့လည်ပိုင်းကြရင်တော့ သူတို့လဲ ကျောင်းတက်သလို ၀သုန်သည်လဲ ပြန်သွားတော့သည်။ အနိုင်နှင့် သန့်စင်ပင် ၀သုန်ကို ခင်မင်လာကြတော့သည်။ ၀သုန်သည် သူတို့အဖွဲ့နှင့်တွေ့လျှင် သူတို့မသိသော လူ့ဘ၀အကြောင်းတွေ ပြောပြသည်။
“လူသားအားလုံးက အတူတူတွေကြီးပါပဲ၊ ခွဲခြားစိတ်ဖြားဆက်ဆံကြတဲ့သူတွေသာ လူသားမမြှောက်ကြတာ၊ လူရယ်လို့ဖြစ်လာရင်တော့၊ ဘာကြီးရယ်၊ ဘယ်သူ့သားရယ် ခွဲခြားစိတ်ဖြားနေစရာမလိုပါဘူး၊ လူသားအားလုံးကို လူလို့တန်ဘိုးထားပြီး ကြည့်တတ်မှသာ လူပီသမယ်မဟုတ်လား၊ လူပီသခြင်သူများက လူပီသစွာလုပ်ဆောင်တတ်ကြသည်မဟုတ်လား”
လူတိုင်းကို တန်းတူထားရန်ပြောသည်မှာ အထပ်ထပ်ပင်၊ လူများကို ကူညီပေးရန်လဲ ပြောတတ်သည်။
“လှူကြည့်လိုက် ပေးကြည့်လိုက်ပါ၊ ကိုယ့်မှာရှိတဲ့ မုန့်လေးကနေပြီး တစ်ဖဲ့လောက်လေးပဲ မျှပေးကြည့်လိုက်ပါ။ လိုအပ်လို့လက်ခံတဲ့သူက ပျော်ရွှင်သွားရင်လေ ကိုယ်တိုင်လဲ ထိုအပျော်ထဲမှာ စီး၀င်သွားပြီး ကြည်နူးမှု့လေး ဖြစ်နေတာကို ဘာနဲ့မှလဲလို့မရအောင် ကိုတန်ဘိုးရှိတာသိလာလိမ့်မယ်”
ယခင်က သူတို့ကျောင်းပြေးကြလျှင် ပျော်မယ်ပါးမယ် ဆိုသည့်နေရာများတွင် ၀သုန်၏ခေါ်ဆောင်မှု့အောက်တွင်ရောက်သွားကြတော့သည်။ မိဘမဲ့ကျောင်းများ၊ လူအိုရုံ စခန်းများ၊ မရှိဆင်းရဲသားများကြားကို သွားကာ သူ့တို့မုန့်ဘိုးတွေထဲမှ မျှတတ်လာကြသည်။
သူတို့လူ့ဘ၀ရဲ့ တန်ဘိုးတစ်စိတ်တပိုင်းများကို နားလည်တတ်လာကြသည်။ ထိုအတွက်ကြောင့်လဲ သူတို့အားလုံး ၀သုန်ကို မိုးပေါ်မှကျလာသည့် နတ်သားလေးလာ အောက်မေ့ရအောင် ကျေးဇူးတင်မိကြသည်။
တစ်ရက်တော့ မင်းခနိုင် ကျောင်းကို တစ်ယောက်တည်း စောစောရောက်လာသည်။ ခုနောက်ပိုင်း တွင်တော့ မင်းခနိုင် ကျောင်းကို စောစောရောက်လာသည်မှာ စိတ်လာတော့သည်။ သူကတော့ ကျောင်းကို မိုးလင်းသည်နှင့်ထွက်လာချင်သည်။ နေ့လည်ပိုင်းလောက်ကတည်းက မမြင်ရတော့သည့် မျက်နာတစ်စုံကို မနက်မိုးလင်းသည်နှင့် မြင်ချင်သည့်စိတ်က တားမရဆီးမရ ဖြစ်နေသောကြောင့် ၀သုန်နှင့် စသိသည်နှင့် ကျောင်းကိုစောစော ရောက်နေတတ်ပါတော့သည်။
မင်းခနိူင် လက်ဘက်ရည်တစ်၀က်လောက် ကျိုးတော့မှ ၀သုန်ေ၇ာက်လာသည်။
“ရောက်နေတာကြာပြီးလာ”
“ဟုတ်အကို”
“ဘယ်ကောင်မလေးကို လာစောင့်နေတာလဲကွ”
“ဗျာ….ဘယ်ကောင်မလေးကို မှမစောင့်ပါဘူးအကို”
“ခုတလော မင်းခ ကျောင်းကိုလာတာ စောနေသလိုပဲ၊ ဒါနဲ့ ကိုမင်းကို မင်းခလို့ ရင်းရင်းနှီးနှီးခေါ်လို့ရလာ”
“ဟာ ဗျာ အကိုကလဲ …အကိုကြိုက်သလို ခေါ်ပါရတယ်”
“ကျေးဇူးပါပဲ ဒါနဲ့ဖြေးပါအုံး ကျောင်းကို စောစောလာရတဲ့ကိစ္စ”
“ဒီလိုပါပဲ ကျနော်လဲ ကျောင်းကို ဒီလိုပဲလာချင်စိတ်ဖြစ်နေလို့ပါ”
“အင်းလေ ထားပါတော့”
၀သုန် အကဲစမ်းလိုက်ခြင်းဖြစ်ပါသည်။ ဒီလို အီရောသွားနေလို့တော့ မဖြစ်တော့ဘူးလို့တွက်ထားလိုက်သည်။ မင်းခနိုင်တို့နှင့် ရင်းနှီးကာ ခင်မင်နေသည်က သုံးလလောက်ရှိတော့မည်။
“အကို ကိုတစ်ခုလောက်မေးလို့ရမလား”
“အင်း မေးလေ”
“အကို ကျနော်တို့နဲ့ ခုလိုမခင်ကတည်းက အကိုကျနော်တို့ အဖွဲ့နောက်ကိုလိုက်နေတယ်နော်”
“အဟက်”
“အဲဒါကို ကျနော် အပါ၀င် တစ်အုပ်စုလုံးကလဲ သိချင်နေတယ်။ အကိုက ချစ်သမီးကိုလာ နန်းရင်မွှေးကိုလာ စိတ်၀င်စားနေတာ”
“ဘာဖြစ်လို့မေးတာလဲ”
“အာ…ကျနော်မမေးတော့ဘူး၊ မသိချင်တော့ဘူး”
မင်းခနိုင် မေးမိသွားပြီးမှ ပြန်နောက်ဆုတ်လိုက်သည်။ မင်းခနိုင် သိလဲသိချင်သည်။ မသိလဲ မသိချင်ပါ၊ ၀သုန်က သူတို့အဖွဲ့ထဲမှ ကောင်မလေးတစ်ယောက်ကို လိုက်နေပါသည်ဟု ဖြေလိုက်လျှင် မင်းခနိုင် ရင်ကွဲမှာ မသိချင်တော့ဘူး၊ ထိုကြောင့် မေးမိသည့်ပါးစပ်ကို ပြန်ရိုက်မိချင်သည်။
“မင်းခကရော ဘယ်လိုထင်မြင်လို့လဲ”
“ကျနော်မသိချင်တော့ဘူး”
“မင်းခမသိချင်လို့မရဘူး မင်းခသိမှ ဖြစ်မည့်ကိစ္စမို့ မင်းခကိုတော့ သိစေချင်တယ်”
“ဘာဖြစ်လို့ ကျနော်က သိရမှာလဲ၊ ကျနော်မသိချင်တော့ဘူးလို့ပြောနေတယ်နော်”
မင်းခနိုင် လေသံအနည်းငယ်မာသွားသည်။ မင်းခနိုင် ကြောက်သည့် အဖြေကို ၀သုန်ပေးမည်ကို မင်းခနိုင် မသိချင်တော့၊ ထိုကြောင့်လဲ မျက်နာမှာလဲ ဟန်မဆောင်တတ်အောင် ပျက်ယွင်းနေတော့သည်။
မင်းခနိူင် အခြေအနေက သိသာစွာ ပျက်ယွင်းနေသည့်အချိန်ကို ကယ်တင်သူများရောက် လာကြတော့သည်။
“ဟာ ဒီနေ့လဲ ငါတို့နောက်ကျပြန်ပြီးဟေး..”
“ဟုတ်ပါ့ဟယ် ဝုိင်းကတော့ ရှင်းရအုံးမယ်”
“အရင်က စကားကို ပြန်ရိုပ်သိမ်းရမလိုဖြစ်နေပြီး”
“ဟုတ်ပါ့ နောက်အခါကျရင် စောစောရောက်တဲ့သူရှင်း…”
“ဟုတ်တယ် ဟုတ်တယ်……
သူငယ်ချင်းများကတော့ ထုံစံအတိုင်း ပျော်ရွှင်စွာ အပူပင်ကင်းစွာ ရယ်မောနေကြပါသည်။ မင်းခနိုင် မှာတော့ ရင်တွင် အဆိုင်ခဲလေးများ ဖြစ်ထွန်းနေတော့သည်။
“ဒီနေ့ ကို၀သုန်ကို ကျမတို့အုပ်စုက မေးစရာရှိတယ်”
ချစ်သမီးက လမ်းတွင် တိုင်ပင်ထားဟန်တူသည့် အကြောင်းရာကို စလိုက်သည်။
“မေးစေဗျာ”
“ကို၀သုန်ဆီမှာ ရည်းစားရှိလာ”
“ကျနော်မှာ…”
“ဟုတ်တယ် အဲ့ဒါကို အားလုံးက သိချင်နေကြတယ်”
“ဟုတ်တယ် ကို၀သုန်ရ သူတို့နှစ်ယောက်က ပိုဆိုးတယ်”
နန်းခင်မွှေးနှင့် ချစ်သမီးကို ရည်ရွယ်ပြီး အနိုင်က ပြောဆိုလိုက်ပါသည်။
“ကျနော်မှာ ရည်းစားတော့ မရှိပါဘူး၊ ဒါပေမယ့် ကျနော်က ချစ်ရတဲ့ တစ်ယောက်တော့ရှိတယ်”
“ဟုတ်လား…ဒါဆိုလဲ ပြောပါအုံး အဲ့ဒီချစ်သူကို”
“သူကတော့ ကျနော်ချစ်တာကိုတောင် သိမဲ့ပုံတောင်မပေါ်ပါဘူး၊ ဒါပေမယ့် ကျနော်က တော့သူ့ကို ချစ်နေတယ်”
“ဖွင့်ပြောလိုက်ပေ့ါဗျ…ကို၀သုန်ကလဲ”
သန့်စင်က ပို့ပေးသည်။ မိန်းခလေး နှစ်ယောက်ကတော့ အနည်းငယ် ရှက်ဟန်ပြနေသည်။ မင်းခနိုင်ကတော့ ခေါင်းကြီးငုံ့ကာ စားစရာများကို တူဖြင့် လိုက်မွနေသည်။
“ကျနော် ချစ်သူကိုလေး ကျနော် စချစ်ခဲ့ပုံက အဆန်းသာ ဗျ”
“ပြောပါအုံးဗျ”
“ကျနော့် ချစ်သူကို ကျနော်က ဓာတ်လှေကာထဲမှာ စတွေ့ခဲ့တာ၊ ပြီးတော့…..”
ဟင်…………..
မင်းခနိုင် လက်ထဲမှ တူပင်လွတ်ကျသွားသည်။ မျက်နာကို လဲ တအံ့တသြ ၀သုန်ဆီသို့ အကြည့်များရောက်သွားတော့သည်။
“ဆက်ပြောလေဗျာ”
မိန်းခလေး နှစ်ယောက်သည်လဲ ရှက်ဟန်ပြနေသည့် အမူယာများပျောက်သွားပြီး ၀သုန်စကားကို စောင့်မျှော်နေကြသည်။ ကံကောင်းသည့် ၀သုန်ချစ်သူကိုလဲ သိချင်နေကြသည်။
“သူက အခက်ခဲတစ်ခု ဖြစ်လို့ကူညီရင်းက နေပြီးကျနော်သူ့ကိုနမ်းသလိုဖြစ်သွားခဲ့တယ်၊ အဲ့ဒီအနမ်းပေါ်မှာ ကနော် သက်၀င်သွားပြီး ကျနော်သူ့ကိုချစ်သွားခဲ့တာပဲ”
“ဟာ ကဗျာဆန်လိုက်တာဗျာ၊ ဒါနဲ့ အဲဒီကောင်မလေးက ဘယ်သူလဲ”
အနိူင်က လက်ဖြောင့်ပင်တီးလိုက်ကာ အားတက်သရောမေးလိုက်သည်။ အားလုံးသော သူငယ်ချင်းများကလဲ စိတ်၀င်တစားဖြစ်ကာ ၀သုန်ကို ကြည့်နေသောကြောင့် မင်းခနိုင်၏ ပျက်ယွင်းစွာ ၀မ်းသာပီတိဖြစ်နေသည်ကိုတော့ သတိမထားမိကြတော့ချေ။
“ကဲဗျာ နောက်မှပေါ့ ခုတော့ ကျနော်သွားစရာရှိလို့ ဒိုးလိုက်အုံးမယ်၊ နောက် ကျနော်ချစ်သူ ဘယ်သူဘယ်ဝါ ဆိုတာကို ပြောပြကြရင် ကျနော်ကို ကူညီကြအုံးနော်၊ သူကျနောက် ကိုပြန်ချစ်လာရအောင်လို့”
“ဟာ ဗျာ..လုပ်ပြီး ပြောပြသွားတာမဟုတ်ဘူး”
“အိုစိတ်ချ ချစ်သမီးကတော့ အပြည့်၀ကို ကူညီမယ်”
“နန်းလဲကူညီမယ်”
“ကျနော်လည်း ကူပါ့မယ်ဗျာ”
အားလုံးက ကူညီမယ်ပြောကြတော့ မင်းခနိုင်ဆီက အဖြေမထွက်လာသဖြင့် ၀သုန်က စလိုက်သည်။
“မင်းခကရော ကိုကိုယ့် မကူညီချင်ဘူးလာ”
“ဗျာ…ကျ…နော်…ကျ…နော်”
“ရပါတယ်ဗျာ စိတ်ပါမှပါ..ကဲကျနော်သွားအုံးမယ်”
၀သုန်ထထွက်သွားတော့မှ သူငယ်ချင်းများက မင်းခနိုင်ကို အပြစ်တင်ကြသည်။
“နင်ကလဲ ကူညီမယ်လို့ပြောလိုက်တာမဟုတ်ဘူး”
“အေးလေဟယ် သူ့ကားပျက်တုံးကတော့ ကို၀သုန်ကကူညီခဲ့ရပြီးတော့”
“ဟုတ်ပါ့ကွာ”
“ဘယ်လိုကောင်လဲ မသိဘူး”
သူငယ်ချင်းများ အပြစ်တင်သံကို မင်းခနိုင်နားထဲမ၀င်တော့၊ မင်းခနိုင်ရင်ထဲမှာတော့ ဖြူဖြူကျော်သိန်း ခုန်ပေါက်ကာ ဟစ်အော်နေပြီး…
………….ရင်မှာခံစား…သူမသိနိုင်ပေ….အသည်းထဲက….အတွင်းကြေ…….
ဆက်ရန်
Jinjar
နောင်တမဲ့စွာ
လာခဲ့ပါလို့ မခေါ်ခဲ့သလို
မလာပါနဲ့လို့ မတားခဲ့ပါဘူးနော်။
သွားပါလို့ မနှင်ခဲ့သလို
မသွားနှင့်လို့လည်း မချည်နှောင်ခဲ့ပါဘူးလေ။
စွန့်လွတ်ခြင်း ပေးဆပ်ခြင်းနှင့်
အတ္တမဲ့စွာ ချစ်ခဲ့သူမို့
လာလိုလာ သွားလိုသွား
(သခင့်.. အတွက်)
တံခါးမရှိတဲ့ နှလုံးသားမှာ
ပိုင်ဆိုင်လိုမှု မပါ
ရယူလိုမှု မပါ
ချစ်ခြင်းသာရှိခဲ့တာကြောင့်
သခင် မကြင်နာ ဖယ်ခွာခဲ့လည်း
ရင်ထဲက ဒဏ်ရာ
မျိုသိပ်ထားတဲ့ ဝေဒနာတွေကို
တစ်သက်သာအတွက်
နောင်တမဲ့စွာ သိမ်းလို့
နှလုံးသား တံခါးကိုပိတ်
တိတ်တိတ်လေးပဲ
ချစ်နေမယ်။
SSP ( M-LGBT )
( Jin jar )