EPISODE 8(Uni+Zawgyi)

718 24 0
                                    

စမ်းရေကြည်ပေါက် 
(Part 8)

တစ်ခါတစ်ရံတွင် ၀သုန်သည် မင်းခနိုင်ကို အားနာမိသည်။ ထိုအချိန်မျိုးတွင် ၀သုန်ကတော့ မင်းခနိုင်အပေါ် သူငယ်ချင်းကောင်းသဖွယ်၊ အကိုတစ်ယောက်သဖွယ် ဖြစ်ပေါ်ခံစားမိသည်။ သို့ပေမယ့် ခံစားခဲ့ရသည့် ကြီးမေ၏ အကြောင်းရာများက မင်းခနိုင်ကို သနားသည့်စိတ်ကလေး အဝေးကိုရော...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တစ်ခါတစ်ရံတွင် ၀သုန်သည် မင်းခနိုင်ကို အားနာမိသည်။ ထိုအချိန်မျိုးတွင် ၀သုန်ကတော့ မင်းခနိုင်အပေါ် သူငယ်ချင်းကောင်းသဖွယ်၊ အကိုတစ်ယောက်သဖွယ် ဖြစ်ပေါ်ခံစားမိသည်။ သို့ပေမယ့် ခံစားခဲ့ရသည့် ကြီးမေ၏ အကြောင်းရာများက မင်းခနိုင်ကို သနားသည့်စိတ်ကလေး အဝေးကိုရောက်သွားတတ်တော့သည်။
(အေး မိမိနိုင်တို့ရဲ့ အမျိုးထဲမှာ ရှင့်လိုမျိုးဟာတွေ ကို မရှိစေချင်တာ မိမိနိုင်တို့က သန့်သန့်လေ နေတာ)
ထိုစကားကြောင့် ကြီးမေဘယ်လောက်ထိ ၀မ်းနည်းစွာ ကြေကွဲခဲ့ရသည်ကို ဒေါ်မိမိနိုင်သိပါလေစ၊ မေးလိုက်ချင်သည်။
ဒေါ်မိမိနိူင် ခင်များကြီးအလှည့်ရောက်လာတော့မယ်၊ သန့်သန့်လေ နေတာလို့ပြောသွားတဲ့ ခင်များလေသံတွေ ခင်များကြီးကို ဒုက္ခပေးဘို့ ကျုပ်ကိုယ်တိုင် လက်နက်တွေ ဆုစောင်းနေတာ၊ ခုတော့ ရတော့မယ်၊ ခင်များ လေသံဘယ်လောက်မာနိုင်သေးလဲလို့ ကြည့်ကြသေးတာပေါ့။
“ကိုကြီး ဘာလို့ငြိမ်သွားတာလဲ ဆက်ပြောလေ”
“ဒါတွေထားလိုက်တော့ မင်းခကိုပြောချင်တယ်၊ မင်းခကိုယ့် ကိုဘယ်လောက်ထိချစ်လဲ ဆိုတာ သိချင်တယ်”
“ဟာ..ကိုကြီးကလဲ ဒါကတော့ ကိုကြီး ကျနော်အပေါ်အထင်မြင်သေးတာပဲ”
“ကိုကြီးစကား မဆုံးသေးဘူး”
“ဟုတ်ဆက်ပြောပါ”
“ချစ်တယ်လို့ ပြောနေရုံလေနဲ့တော့ မပြီးသေးဘူး၊ တကယ့်တွေ့ ရမည့်လက်တွေ့တွေကို အကောင်းထည်ဖေါ်ရမယ်၊ မင်းခအခု အိမ်ကိုရင်ဆိုင်နိုင်ပြီးလာ”
“ဗျာ”
မင်းခ ၀သုန်စကားကြောင့် ယခင်က မစဉ်းစားသည့် အကြောင်းများရောက်ရှိလာသည်။ သူတစ်ခါမှ ဒီအကြောင်းကို မတွေးမိ၊ ရင်ထဲမှာ ကိုကြီးကို ချစ်နေရုံနှင့်ပင် အရာရာအားလုံးမေ့နေခဲ့သည်။ ခုတော့ ကိုကြီးက သတိစကားများဆိုလာခဲ့လေသည်။
“မင်းခ ခုမိဘတွေကို အသိပေးဘို့နေနေသာသာ သူငယ်ချင်းတွေကြားမှာရော ကိုကြီးနဲ့ချစ်နေတယ်လို့ တရာ၀င်ကြေငြာရဲလာ”
မင်းခ ခေါင်းငိုက်စိုက်ကျသွားသည်။ သူကြောက်ရွံသော စကားများကို ကိုကြီးတီခေါက်နေပြီး။ ဘာဆက်လုပ်ရမည်နည်း။
“မင်းခ ခုလို အဖြေစကားမရှိတွေဝေနေတာကို ကိုမကြိုက်ဘူး၊ မင်းခမှာ ကိုကြီးအတွက် သတ္တိတွေ မရှိဘူး”
“ကိုကြီးရယ် အဲလိုတော့မပြောပါနဲ့”
“မပြောလို့မှ မပြီးတာ၊ ဒါဆို ကိုကြီးတို့ဇာတ်လမ်း ဒီတင်ရပ်လိုက်မှာလာ”
“ဇာတ်လမ်းကို ရပ်ဘို့တော့ မပြောပါနဲ့၊ ကျနော်အကြောက်ဆုံးက ကိုကြီးဆီက ဒီစကားတွေပဲ၊ ခုတော့ ကျနော်ကြောက်တဲ့ စကားတွေ ကိုကြီးက စပြောနေပြီး”
“မင်းခကို ကိုကြီးလမ်းခွဲခိုင်းနေတာမဟုတ်ဘူး၊ ကိုတို့ ဇာတ်လမ်းကို ရှေ့ဆက်ဘို့အတွက် လမ်းဖောက်ခိုင်းနေတာ မင်းခ အထင်မလွဲစမ်းပါနဲ့ တွေးကြည့်ပါ၊ ရှေ့ဆက်ရမည့် ဇာတ်လမ်းတွေ အများကြီး ရှိသေးတယ၊် ဒီအတိုင်းတာလေးတောင် မင်းခ မှာ သတ္တိမရှိရင် ကိုတို့ဘယ်လို ရှေ့ဆက်မှာလဲ”
“ဒါဆိုကျနော်က ဘာလုပ်ရမှာလဲ”
“အင်း….အရင်ဆုံး သူငယ်ချင်းတွေကြားမှာ သတ္တိရှိစွာ ၀န်ခံလိုက်၊ ရလဒ်ကတော့ တစ်ခုတော့ ထူးခြားလာမှာပါ”
“သူတို့တွေလက်မခံနိုင်ဘူးဆိုရင်ရော”
“ဒါကတော့မင်းခ အပေါ်မှာမူတည်တယ်လေ၊ မင်းခ လိမ္မာပါးနပ်စွာ လုပ်နိုင်ရင်တော့ မင်းခအဆင်ပြေမယ်”
“ကျနော်ကြိုးစားပါ့မယ်”
“ကောင်းပြီး ဒီနေ့ကစပြီး မင်းခကိုယ့်ဆီမလာတော့နဲ့”
“ဗျာ…ကိုကြီး”
“မင်းခ သူငယ်ချင်းတွေကို ဖွင့်ပြောပြီး၊ သူငယ်ချင်းတွေနဲ့အတူ ကိုယ့်ဆီလာမည့် ရက်ကိုစောင့်နေမယ်၊ မင်းခတစ်ယောက်တည်းလာတဲ့ရက်တော့ မဟုတ်ဘူးပေါ့”
“ကိုကြီး ရက်စက်လွန်းရာကျမနေဘူးလာ”
“မရက်စက်ပါဘူး မင်းခရယ် မင်းခကို သတ္တိတွေပေးနေတာလေ”
“ကောင်းပါပြီး ကျနော်ကြိုးစာြး့ပီး သူငယ်ချင်းတွေနဲ့ အတူပြန်လာပါ့မယ်”
မင်းခကိုကြီးကို နူတ်ဆက်ကာ ပြန်ထွက်လာခဲ့တော့သည်။
မင်းခ ထွက်သွားသည်ကိုကြည့်ပြီး ၀သုန်တစ်ယောက် စိတ်မကောင်းစွာကျန်ခဲ့တော့သည်။
မင်းခ ကိုကြီးကို ဂတိပေးပြီး နှစ်ရက်မြှောက်ထိ သူငယ်ချင်းများကို ဘာမှရင်မဖွင့်နိုင်သေးချေ။ ရင်ဖွင့်မယ်ကြံတိုင်း စိုးရွံစွာ နုတ်ပိတ်နေခဲ့မိတော့သည်။ ကိုကြီးကိုလဲ လွမ်းလှပြီး ကိုကြီးကိုပေးထားသည့် ဂတိတည်အောင်လဲ လုပ်နေသည့်အတွက် သူမှာ မှိုင်ငေးနေရပါတော့သည်။
“ဟေ့ကောင် မင်းကလေ ခုတလော လဒမှိုင် မှိုင်နေတယ်”
သန့်စင်စကားကို ကျန်သူငယ်ချင်းများကလဲ ထောက်ခံကြသည်။
“အေးလေ ဘာလဲ ကို၀သုန်မလာလို့လာ”
“ဟုတ်ပါ့ဟယ် ကို၀သုန်မလာတာတောင်ကြာလှပြီး နန်းပြောမှပဲ ပိုလို့တောင်သတိရလာတယ်”
“ဟုတ်တယ်နော် မင်းခမင်းကို ကို၀သုန်ဘာပြောသေးလဲ၊ အရင်ဆို မင်းက ကို၀သုန်ကို ခေါ်လာနေကြဆိုတော့လေ”
အနိူင် အမေးကြောင့် မင်းခ အလန့်တကြားမော့ကြည့်လိုက်သည်။ သူငယ်ချင်းများက သူ့အားနားမလည်စွာ ကြည့်နေမိကြတော့သည်။
မင်းခနိုင် ခေါင်းကို လေးပင်စွာခါးလိုက်ပါတော့သည်။
“ငါ…မသိဘူး”
“ကို၀သုန် သူ့ရွာ ပြန်သွားလို့နေမယ်”
“ဟဲ့ နန်းနင်ကသိလို့လာ ကို၀သုန်ရွာကလာတာလို့”
“ဘဲသိမှာလဲ သူ့မိဘရွာတော့ရှိမှာပေါ့၊ ရမ်းပြောကြည့်တာ”
“အွန်..ငါကအဟုတ်မှတ်လို့”
ချစ်သမီးနှင့် နန်းကပြောဆိုနေကြတော့သည်။ အနိုင်နှင့် သန့်စင်ကတော့ မင်းခနိုင်ကို အကဲခတ်စွာကြည့်နေမိပါတော့သည်။ နောက်ဆုံးတော့ သန့်စင် မင်းခကို မေးလိုက်ပါတော့သည်။
“မင်းခ မင်း ရည်းစားပူမိနေတာလာ”
“ဟင်…”
“ဒါလေ မေးတာနဲ့ ဘာလို့ အံ့သြသွားတာလဲ”
“ငါက အဲလိုပုံကြီးပေါက်နေတာလာ”
“အဲထက်ဆိုးတယ် အသဲကွဲတဲ့ပုံပေါက်နေတာ”
မင်းခနိုင် ခေါင်းကို ငိုက်စိုက်လိုက်ပြန်သည်။ ထိုနောက်မှာတော့ အသက်ကို ခပ်ပြင်းပြင်းရူးလိုက်ပြီး၊
“ငါလေ လူတစ်ယောက်ကို ရူးသွပ်စွာ ချစ်နေမိတယ်”
“လူတစ်ယောက်…..”
ကျန်သည့် သူငယ်ချင်းများ၀င်မေးရန်ပြင်လိုက်ချိန်မှာ သန့်စင်က လက်ဖြင့်ပြကာ တားလိုက်သည်။
“မင်းခနဲ့ ငါနဲ့ပြောနေတာ မင်းတို့တွေနားပဲထောင် ပါးစပ်တွေပိတ်ထားပေး”
သန့်စင်စကားကြောင့် ကျန်သူများက မကျေနပ်ပဲ မျက်စောင်းဝုိင်းထိုးကြသည်။ ဘာမှတော့ မပြောကြ၊ သူတို့လဲ သိချင်နေကြပါသည်။ မင်းခ လမ်းတွေပျက်နေပုံကိုလဲသိသည်။ ညနေတိုင်း သူတို့နှင့်လျှောက်လည် ပတ်နေကြသည့် အချိန်များတွင် တစ်ယောက်တည်း ထွက်သွားခဲ့သည်က များနေပါတော့သည်။
“လူတစ်ယောက်ကဘယ်သူလဲ”
“ငါရင်ဖွင့်ရမှာကိုကြောက်တယ်၊ အထူးသဖြင့် မင်းတို့တွေ ငါ့ကို အထင်သေးသွားမှာကိုပဲ”
“ဟာ မင်းကလဲ ဒါတော့လွဲနေပြီး မင်းရည်းစားရနေရင် ငါတို့က ၀မ်းသာရမှာပါ၊ ထိန်းချန်ထားတော့ မကျေနပ်ဘူးပေါ့၊ သူငယ်ချင်းတွေက ကောင်းတူဆိုးဘက်တိုင်ပင် ရမယ်လေ”
“ငါက သာမန်ဖြစ်နေတာမဟုတ်ဘူး”
မင်းခ သက်ပြင်းများချကာ မျက်ရည်များသီနေသည့် မျက်၀န်းများကို သူငယ်ချင်းများမြင်လိုက်သည်။
“ရော့”
သန့်စင် ရေခွက်ကို မင်းခရှေ့ပို့ပေးလိုက်သည်။
“ရေသောက်လိုက် ပြီးရင် စိတ်ကိုရှင်း၊ ပြီးမှဆက်ပြော”
“ကျေးဇူး”
“ရပါတယ်”
မင်းခ ရေကို မော့သောက်လိုက်သည်။ တာဝေးက ပြေးလာသည့် အပြေးသမားလာ ထင်မှတ်ရအောင် သူမောနေသည်။
သူရေခွက်ကို ချလိုက်ပြီး သူငယ်ချင်းများကို မကြည့်ပဲ၊ ဦးပိန်တံတားအောက်က ရေပြင်ကြီးကိုကြည့်နေပြီးမှ စကားကိုဆက်လိုက်သည်။
“ငါလေ လူတစ်ယောက်ကို မထင်မှတ်ပဲ အကြောင်းမခိုင်လုံပဲ ချစ်ခဲ့တယ်၊ သူဘယ်သူဘယ်ဝါဆိုတာလဲ အတိကျမသိခဲ့ရဘူး၊ သူကြောင့်လဲ အိမ်မက်ဆိုးတွေ မက်ပြီး နိူးလာခဲ့ရတာ အခါခါပဲ၊ ငါ့ကိုယ်ငါ ထိန်းချုပ်ပါသေးတယ်၊ ဒါပေမယ့်လေ စိတ်တွေ ငြိမ်ပြီးအနည်းထိုင်ကာစ အချိန်မှာပဲ သူကငါ့မျက်စိရှေ့အောက်ကို ရောက်လာပြန်တယ်၊ ငါမှာလေ သူကိုပြန်တွေ့ရလို့ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မသိအောင်ကို ခံစားခဲ့ရတယ်၊ တိတ်တိတ်လေ နေပြီး နူတ်ပိတ်နေတော့မယ်လို့ တွက်ထားခဲ့ပြီးမှ၊ သူကငါ့နှလုံးသားကို တံခါးခေါက်ကာ ပြန်နိူးစေခဲ့တယ်”
သူငယ်ချင်းများ အားလုံးကတော့ မင်းခနိုင်စကားကို စိတ်၀င်တစား တိတ်ဆိတ်စွာနားစင်နေကြသည်။
“ငါပထမဦးဆုံး မင်းတို့တွေဆီက ခွဲထွက်ခဲ့တဲ့နေ့မှာပဲ ငါတို့ချစ်သူတွေဖြစ်သွားခဲ့ ကြတယ်”
“ဒါဆိုကြာပြီးပေါ့”
“ဟုတ်တယ် ကြာပြီး”
“ငါတို့ကိုဘာလို့မပြောတာလဲ မင်းက ငါတို့ကိုသူငယ်ချင်းလို့ သတ်မှတ်မထားလို့လာ”
သန့်စင် အပြစ်တင်သံကအနည်းငယ် မာသွားသည်။
“ငါမှာ ဖွင့်ပြောဘို့ကြံတိုင်း တွန့်ဆုတ်နေတာ၊ မင်းတို့တွေကို ခင်လို့ပေါ့၊ မင်းတို့တွေ အခင်မင်ပျက်သွားမှာ ကြောက်ရွံနေလို့ပါ”
“ဟာကွာ မင်းခ မင်းလွန်နေပြီးလို့ မထင်ဘူးလာ၊ ငါတို့က ဘာကြောင့် မင်းကို ဒီလိုဆက်ဆံရမှာလဲ”
မင်းခကို သူငယ်ချင်းများက ၀မ်းနည်းစွာ ပြောလာကြသည်။
“မဟုတ်ပါဘူး၊ တကယ်တော့ ငါက သာမန်အချစ်မဟုတ်တဲ့ လွိင်တူချစ်သူတစ်ယောက်ဖြစ်နေလို့ပဲ၊ ငါ၀န်ခံပါတယ် ငါအချစ်မှာ ရှူးသွပ်နေသူတစ်ယောက်ပါ၊ ငါသူကိုချစ်ခဲ့တယ်၊ အရမ်းကို ချစ်တယ်”
“ဟင်……
“ဟာ…
“အို…
“ဟယ်….
သူငယ်ချင်းအားလုံး မထင်မှတ်ထားသော မင်းခစကားကြောင့် အံ့သြမှင်သက်သွားပါတော့သည်။ မင်းခကို သူတို့အားလုံး ဘာမှပြန်မပြောနိုင်တော့။
မင်းခတိတ်ဆိတ်သွားကြသည့် အနေထားကို အလိုက်သိကာ ထထွက်ခဲ့ပါတော့သည်။ ချစ်သူငယ်ချင်းများကတော့ မင်းခနောက်ကျောကို စိတ်အမျိုးမျိုး အသီးသီး တွေဝေစွာ ကျန်ရစ်ခဲ့ကြသည်။ သူတို့တွေရဲ့ စိတ်ထဲမှာ မင်းခကို ဘယ်လိုဖြစ်သွားကြသည်ဆိုတာတော့ သူတို့တွေသာသိမည် မဟုတ်လား။
ခုတော့ မင်းခသင်းကွဲ တစ်ယောက်လိုဖြစ်နေပါသည်။ ကျောင်းကိုလဲ သူမတက်ခဲ့သည်က နှစ်ရက်ပင်ရှိခဲ့သည်။ ဒီနေ့တော့ သူကျောင်းကို လာခဲ့သည်။ တစ်ယောက်တည်း သူငယ်ချင်းတွေ ရှိနေမည့် နေရာကို မသွားခဲ့ပဲ ကျောင်းခန်းထဲတွင် ဒေါင့်ကျကျနေရာတွင်သာ ထိုင်နေသည်။ ခုတော့ ချစ်ရသည့် ကိုကြီးဆီလဲ သွားလို့မရတဲ့အတွက် လွမ်းနေသည်။ သူငယ်ချင်းတွေကိုလဲ ရင်ဆိုင်ရမည်ကို အားနာနေသည်။ သူတို့တွေက မင်းခကို ကျင်ထားလိုက်ရင်တော့ မင်းခ ရင်ထဲပိုခံစားရမည်။ ထိုကြောင့် မင်းခရင်မဆိုင်ရဲသဖြင့် တစ်ယောက်တည်းနေ နေခြင်းဖြစ်ပါသည်။
အုန်း..
နောက်ကျောကို ထုလိုက်သည့် သန့်စင်လက်သီးကြောင့့် မင်းခစိတ်တွေခန္ဒကိုယ်နှင့် ပြန်ကပ်လာတော့သည်။ သူငယ်ချင်းအားလုံး ဘယ်အချိန် အခန်းထဲ ၀င်လာကြသည်မသိ၊ ထိုင်နေကြမဟုတ်သည့် ဒေါင့်ကလေမှာထိုင်နေသည်ကို သူတို့မြင်သွားခဲ့ခြင်းဖြစ်မည်။
“လဒ ဒါကဘာသဘောလဲ”
“အေးလေ တကယ်ဟယ် နင်တော်တော် စိမ်းကားပါလာ”
နန်း၏အပြောဆိုကို ချစ်သမီးက မျက်ရည်သုတ်ပြီး ခေါင်းညိတ်ပြောသည်။ အနိုင်က ဘေးတွေ၀င်ထိုင်ကာ အရင်လို သူ့ပခုံးကိုလာဖက်သည်။
“မင်းငါတို့ကိုရှောင်နေတာလာ”
မင်းခ အနိုင် အမေးကိုပြန်မဖြေပါ၊
သန့်စင် အနိုင်ဘေးတွင် ၀င်ထိုင်လိုက်သည်။ ချစ်သမီးနှင့် နန်းရင်မွှေးကတော့ ရှေ့ခုံကနေပြီး ပြောင်းပြန်ထိုင်ကာ မျက်နာမူထိုင်လိုက်ကြသည်။ သန့်စင်က
“မင်းဟိုနေ့က ထွက်သွားတော့လေ ငါတို့အားလုံး စကားတွေအများကြီးပြောဖြစ်တယ်”
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
“မင်းခထွက်သွားပြီး”
စတင်ကာ အသံထွက်လာသူကတော့ ချစ်သမီး
“တောက် ယောက်ျားမဟုတ်တဲ့ အတိုင်းပဲ”
အနိုင်၏ ဂရုနာဒေါသကထွက်လာခဲ့သည်။ နန်းခင်မွှေးကတော့ မှတ်ချက်ပေးသည်။
“သူ့ချစ်သူဆိုတာ ကို၀သုန်ပဲ ဖြစ်မယ်”
“အင်း ငါလဲ အဲလိုပဲတွေးတယ်”
သန့်စင် နန်းခင်မွှေးစကားကိုထောက်ခံခဲ့သည်။
“ဘာပဲ ဖြစ်ဖြစ် မင်းခက ငါတို့သူငယ်ချင်းပါ ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းလေ၊ သူ့စိတ်ကို ငါတို့ ငါလုံးသိကြတာပဲ”
“ဟုတ်တယ် ဒါကြောင့်ပြောကြတာဖြစ်မယ် အချစ်မှာ မျက်စိမရှိဘူးလို့”
“ငါတော့လေ သူငယ်ချင်းကို တားချင်တယ်”
“အချစ်က တားလို့ရတာမှမဟုတ်တာပဲ၊ ဒါပေမယ့် ငါတို့သူငယ်ချင်းလေးကိုတော့ တားကြည့်ချင်တယ်”
“နေကြပါအုံးဟာ နင်တို့ကလဲ၊ ငါပြောမယ် နင်တို့တွေ ကြည့်မိလာ၊ မင်းခအချစ်တွေကို သူ့မျက်၀န်းထဲမှာ အကောင်းထည်ဖေါ်နေတာကို၊ ငါတို့တွေကို သူဖွင့်ပြောဘို့ကို တော်တော်လေး အားယူခဲ့တာနော်၊ တော်ရုံ အချစ်မျိုးဆို ဒီလိုမျိုးပြောလာစရာမရှိဘူး၊ ငါတော့ မင်းခအချစ်ကို မြင်တယ်၊ ထောက်ခံတယ်”
“ချစ်သမီး…”
“ဟုတ်တယ် နင်တို့ကြည့်လိုက်လေ သူဘာလို့ ငါတို့ဝုိင်းကနေပြီး ထသွားလဲ၊ သူထသွားတာ ပျော်လို့ထသွားတာ မဟုတ်ဘူး၊ သူထသွားလေ ငါတို့အတွက်ထသွားတာ”
“ဘယ်လို”
“ငါတို့ သူ့ကို အထင်သေးလို့ မပေါင်းရင်လဲ ခွင့်လွှတ်တယ်လို့ ဆိုတဲ့ အကြောင်းမျိုးနဲ့ ထွက်သွားတာ”
ချစ်သမီးစကားကြောင့် သူတို့အားလုံး တွေဝေသွားခဲ့တော့သည်။
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
“အဲ့ဒါပဲ မင်းကို အမှန်တိုင်းပြောရရင်တော့ အံ့သြသွားတာ တဒင်္ဂ ငြိမ်သက်သွားကြတာပါ၊ မင်းကို ငါတို့က ဘာလို့ ခွဲခြားထားမှာလဲ မင်းကငါတို့သူငယ်ချင်းလေးကွာ၊ မင်းကိုငါတို့စိတ်ထဲ မှာယခင်က မင်းခပဲ၊ ဟိုအရင်ကမင်းခကလဲ ခုမင်းခပဲ၊ မင်းကျောင်းမတက်လို့ မင်းအိမ်ကို ဖုန်းဆက်တော့လဲ အိမ်မှာမရှိဘူးပဲ ပြောကြတော့ ငါတို့မင်းကို စိုးရီမ်ပြီးလိုက်ရှားခဲ့ကြသေးတယ်၊ မင်းကတော့ လမ်းဖျောက်ထားခဲ့တယ်၊ မင်းက ငါတို့ရဲ့ စိတ်ကို မဖတ်ခဲ့ဘူး၊ မင်းကို နားလည်သလို မင်းကငါတို့ကို နားလည်မခဲ့တာတော့ ၀မ်းနည်းလို့မဆုံးဘူး”
“ဟုတ်တယ် သန့်စင်ပြောတာတွေ အမှန်ပဲ၊ ဒီနေ့တောင် အတန်းထဲကကောင်မလေးတွေက မင်းခက နင်တို့နဲ့ရန်ဖြစ်လို့ အခန်းထဲ တစ်ယောက်တည်းထိုင်နေတာလာလို့ ပြောလို့ လိုက်လာကြတာ”
အနိူင်က ၀င်ပြောတော့မှ မင်းခစိတ်ထဲ ၀မ်းနည်းသွားမိတော့သည်။
“ဟယ် နင်ငိုတယ်”
ချစ်သမီးက အံ့သြစွာ ကြည့်ရင်းက သူမပင် မျက်ရည်များသုတ်နေပါတော့သည်။
သန့်စင်နှင့် အနိုင်ကတော့ သူ့အား ဖက်ကာ အားပေးကြသည်။ နန်းခင်မွှေးက သူမလဲမျက်ရည်များသုတ်ကာ ချစ်သမီးကို ဖက်ကာကြည့်နေသည်။
“ငါ…ငါလေ…မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်၊ မင်းတို့ ကငါ့ရဲ့သူငယ်ချင်းကောင်းတွေပါပဲကွာ တစ်ကယ်ပါ”
သူငယ်ချင်း ငါးယောက်ကတော့ အားပေးစကားများနှင့် တစ်ယောက် အပေါ်တစ်ယောက်နားလည်စွာ လက်ခံလိုက်ပါတော့သည်။
သူငယ်ချင်းများ၏ တစ်ယောက်တစ်ပေါက် မေးကြသည့် မေးခွန်းများက တဖြည်းဖြည်းမြိုင်လာသည်။ စိတ်၏အဆင်သည် ယခင်လို လွတ်လပ်ပေ့ါပါးသွားသည်ဟု မင်းခနိုင်ခံစားရသည်။ အမှန်တိုင်းပြောရရင် ငယ်သူငယ်ချင်းများလဲဖြစ်၊ သံယောဇဉ်လဲ ရှိကြသည့် သူတို့တွေလေတွေ ရင်ထဲမှာ ဘာမှတေးမှတ်မထား ကြသော အဖြူရောင်ပိတိဖြူစင်ခဲ့ကြလို့ပဲ ဖြစ်ပါသည်။
သူငယ်ချင်းများက သိချင်သည်ဆို၍ မင်းခနိုင်သည် ၀သုန်အားဘာကြောင့် ချစ်ခဲ့သည်၊ ဘာကြောင့် မြတ်နိုးခဲ့သည်ကို ဇာတ်ကြောင်းပြန်ပြောမိသည်။ သူငယ်ချင်းများကတော့ အံ့သြကာ ပါးစပ်အဟောင်းသား များဖြင့်ကြည့်နေကြပါတော့သည်။
ညနေကျောင်းဆင်းတော့ သူငယ်ချင်းများက ကိုကြီးဆီကို သူတို့ထွက်ခဲ့ကြသည်။ ဒီကမ္ဘာလောကတွင် မင်းခလောက်ပျော်မည့်သူမရှိလောက်အောင် မင်းခစိတ်ထဲပျော်မြူးနေပါသည်။ သူငယ်ချင်းများကို လဘက်ရည်ဆိုင်တွင်ထားခဲ့ပြီး မင်းခနိုင်တစ်ယောက်တည်း ၀သုန်ဆိုင်ဆီကို ထွက်လာခဲ့သည်။
“အော် အကိုပါလာ မလာတာတောင်ကြာနေပြီး ကို၀သုန်ရှိတယ် ခဏလေနော်”
၀သုန်ဆီကိုလာပါများတော့ ဆိုင်ထဲမှ လူရွယ်များပင်သိနေကြပါတော့သည်။ လူရွယ်က ၀သုန်ကို သွားခေါ်လာခဲ့သည်။
“အော် မင်းခပါလာ၊ ခဏနော် ငါးမိနစ်ပဲ”
“ဟုတ်”
၀သုန်အထဲသို့ပြန်၀င်သွားသည်။ နောက် ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာခဲ့တော့သည်။
“လာသွားမယ်”
၀သုန်က ပုံမှန်လိုမျိုးပြုလုပ်ကာ ထွက်လာတော့ မင်းခနိုင် နည်းနည်းအံ့သြသွားသည်။ သူထင်ထားသည်က ကိုကြီး သူ့ပြောသလိုသူငယ်ချင်းများ မပါလာသဖြင့် စိတ်တိုမည်၊ နောက်မင်းခကို သွားတော့ လို့ မောင်းထုတ်မည်၊ မင်းခကလဲ အစပထမတွင် ဘယ်သူမှမပါလာသလို ဟန်ဆောင်မည်။ နောက်ကိုကြီး စိတ်ဆိုးတော့မှ ချော့မည်ဟုတွက်ထားသည်။ ယခုတော့ ထိုသို့မဟုတ် ကိုကြီးက အသာတကြည်လိုက်ထွက်လာသည်။
“ကိုကြီး”
“အင်း”
“ကိုကြီးက ကျနော်ကို စိတ်ဆိုးဘူးလာ”
“ဘာကိုလည်း မင်းခကို ကိုကြီးကဘာကြောင့်စိတ်ဆိုးရမှာလဲ”
“ကိုကြီးပြောထားသလို သူငယ်ချင်းတွေပါမှလာရမယ်ဆို”
“အော်ဒါလား”
“အင်းလေ ကိုကြီးပဲပြောထားပြီးတော့”
“မင်းခကလဲကွာ ကလေးကျနေတာပဲ”
“ကိုကြီးနဲ့ တွေ့ရင်တော့ ကျနော်က ကလေးပဲ”
“ဟားဟား…..ဟုတ်ပါပြီး၊ ကိုကြီးက မင်းခကိုယုံပြီးသားလေ၊ မင်းခခုလိုလာတာကလဲ သူတို့ပါသည် မပါသည်ဖြစ်စေ၊ မင်းခကိုယုံကြည်တဲ့ အတွက် မင်းခရဲ့သူငယ်ချင်းတွေကိုတော့ ဖွင့်ပြောပြီးလောက်ြ့ပီလို့ တွက်ထားလို့ပါ၊ မင်းခက ကိုကြီးကိုချစ်ရင် ကိုကြီးဆီလာမယ်လေ၊ မင်းခက သူငယ်ချင်းတွေကို ချစ်ရင် သူငယ်ချင်းတွေဆီမှာပဲ နေမယ်လေ၊ ဒီလိုတွက်ထားလို့ ကိုကြီးက ဒီလိုလုပ်လိုက်တာပါ”
“ဟာ…ကိုကြီးမကောင်းဘူး၊ ကိုကြီးစကားကြောင့် ကျနော်မှာ လွမ်းနေရသားနဲ့တောင် မလာရဘူး၊ ကိုကြီး တစ်ကယ်ကွာ”
“လွမ်းရင်လာတွေ့ပေါ့ကွ၊ ခုတော့ တစ်ပတ်တောင် ပြည့်တော့မယ်”
“အဲဒါကိုကြီးကြောင့်”
လမ်းတွင်စကားပြောကာ သွားနေရင်က လဘက်ရည်ဆိုင် ရှေ့သို့ရောက်လာခဲ့သည်။ ဆိုင်ထဲမှ သူငယ်ချင်းများက သူတို့နှစ်ယောက်ကိုလက်ပြကာ နူတ်ဆက်ကြသည်။ ထိုအခါမှ ၀သုန်သည် ဆိုင်ထဲမှ မင်းခသူငယ်ချင်းများကို မြင်သွားတော့သည်။ ပြီးနောက် အံ့သြကာ မင်းခကိုကြည့်လိုက်သည်။ မင်းခက ကိုကြီးကို မျက်ခုံးပစ်ပြလိုက်ပြီး တွေ့ပြီးလာ ဟုသဘောဖြင့် လုပ်ပြလိုက်သည်။
၀သုန်မင်းခ ပါးကို လိမ်ဆွဲလိုက်ပါတော့သည်။
“ဟေ့လမ်းပေါ်ကြီးမှာ ဆိုင်ထဲလာပါအုံး”
“ကဲမနေကြနဲ့ ကောင်းဘူး”
“ခဲနဲ့တော့ ထုမိတော့မှာပဲ”
“သားစိတ် မယားစိတ်ကုန်အောင်လုပ်ပြနေတာလား”
ဆိုင်ထဲမှ သူုငယ်ချင်းများ၏ ပျော်မြူးကာ အသံများထွက်လာပါတော့သည်။ မင်းခမှာတော့ ပျော်ရွှင်နေပါသည်။ သူငယ်ချင်းများနှင့် ကိုကြီးလဲ စကားများပြောနေလိုက်ကြသည်မှာ ရေပတ်မ၀င်အောင်ပါပဲ၊ သူငယ်ချင်းများက သူ့အားမေးခဲ့သည့် မေးခွန်းအတိုင်းကိုကြီးကို မေးနေကြပါသည်။ ကိုကြီးကလဲ ပြောနေသည်မှာ မင်းခကို ချစ်သည့် အကြောင်းများသာ ထက်နေပါတော့သည်။
ထိုသို့ဆိုလျှင် လောကကြီးက သာယာနေပါတော့သည်။ ထိုသို့သော ကြည်လင်သော ကောင်းကင်းကြီးကို မင်းခတသက်လုံးပိုင်ဆိုင်ချင်ပါတော့သည်။
“မင်းခ စားမေးပွဲဖြေနိုင်လာ”
“ဖြေနိုင်တာပေါ့ ကိုကြီးပေးတဲ့ ချစ်အင်းအားတွေကြောင့် ဖြေနိုင်တယ်”
“ဒါဆိုကျောင်းပိတ်တော့မှာပေါ့”
“ဟုတ်တယ်လေ မနက်ဖြန်ကစပြီး ပိတ်ပြီး”
“အင်း ဒါဆိုရင်တော့ ကိုကြီးနောက်နှစ်ရက်ကျရင် ကိုကြီးရဲ့ နယ်ကို ပြန်တော့မယ်”
“ဟင်”
၀သုန်စကားကြောင့် မင်းခမျက်နာလေ ငယ်သွားပါတော့သည်။
“ဘာဖြစ်သွားတာလဲ အဲ့ဒါက”
“ဘာမှဖြစ်ပါဘူး”
“ဘာမှ ဖြစ်ဘူးလဲ ပြောသေးတယ် အသံက ၀မ်းနည်းသံကြီးနဲ့”
“ကိုကြီးက သွားမယ်ဆိုတော့ ကျနော်က ပျော်နေရမှာလာ”
“ပျော်ရမှာပေါ့”
“ဟာဗျာ ငိုချင်နေတာနော် ကျနော် စိတ်ဆိုးအောင်မပြောနဲ့”
“ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ”
“ကျနော်ကိုထားသွားမှာကိုပေါ့ဗျ”
“ဘယ်သူက ထားသွားမယ်ပြောလို့လဲ”
“ဗျာ”
“ဟုတ်တယ် ထားမသွားဘူး အိမ်ကို လိုက်ခဲ့၊ ကိုကြီးမှာ ကြီးမေတစ်ယောက်ရှိတယ်၊ ကြီးမေကို သားချစ်သူကို အိမ်ခေါ်လာတယ်လို့ သွားကြွားမလို့”
“ဗျာ….တစ်ကယ်…”
“တစ်ကယ်ပေါ့ဟ ဒါနောက်စရာမှမဟုတ်တာ၊ ကိုကြီးက အကြီးဆိုတော့ မင်းခကို သတ္တိရှိစွာ ရင်ဆိုင်နိုင်ဘို့ လုပ်ရတာလေ”
“ဟေး…………………….ဝေ…………………….”
မင်းခမှာ ကလေးတစ်ယောက်လို ခုန်ပေါက်ကာအော်ဟစ်နေပါတော့သည်။ ၀သုန်သည်လဲ မင်းခကို ကြည့်ကာ အပျော်များပင်ကူးစက်သွားတော့သည်။
မင်းခကတော့ ၀သုန်ခေါ်မည်ဆို၍ လွန်စွာမှ ပျော်ရွှင်နေပါတော့သည်။
“ကိုကြီးနယ်က ဘဲမှာလဲ”
“ရွှေဘို”
“ရွှေဘို ဟုတ်လား….”
“ဟုတ်တယ်လေ”
“ဟာ ရွှေဘိုက ကျနော်မွေးရပ်ဇာတိပဲ၊ ပြီးတော့ ကျနော် အမလဲ ရွှေဘိုမှာရှိတယ်၊ သူကဒေါက်တာ၊ ယောက်ဖလဲဒေါက်တာ”
“ဟင်…”
“ဟုတ်တယ် အမက မန်းမှာပဲကျောင်းတက်တာ ကျနော်လိုပေါ့ ကျနော်လဲ မန်းမှာပဲနေတာလေ၊ အမေကတော့ ရွှေဘိုကို သွားချည် ပြန်ချည်ပါပဲ”
“သူတို့ကရွှေဘိုမှာလာ”
“အမေကတော့ မန်းမှာပဲ ရွှေဆိုင်ဖွင့်ထားတယ်၊ အမကတော့ ရွှေဘိုမှာ ဆေးတိုက်ဖွင့်ထားတယ်၊ အမဆီလဲ သွားရတာပေါ့”
“အော်…..အင်း…”
၀သုန် ကိုကိုတို့ ရွှေဘိုရောက်နေသည်ကို မသိပါ၊ ကြီးမေနှင့် တစ်လတစ်ခါ ဖုန်းပြောတိုင်းလဲ ကိုကို အကြောင်းကို မသိခဲ့ရပါ၊ သူကလဲမမေးခဲ့သည့် အတွက် ကြီးမေကလဲ မပြောခဲ့တာဖြစ်မည်။
“ကိုကြီး”
“ဟင်”
“ဘာလို့ငိုင်သွားတာလဲ ကျနော်ကတော့ တအားပျော်တာပဲ”
“မင်းခက ဟိုရောက်ရင် မင်းခအမဆီသွားနေမှာလာ”
“မနေပါဘူး ကိုကြီးနဲ့လိုက်နေမယ်လေ”
“မင်းခအမသိသွားရင်ရော”
“ဘာဖြစ်လဲ ကျနော် နေချင်တဲ့နေရာနေမှာပေါ့ အမကတော့ ကြောက်ဘူး”
ထိုသို့ပြောပြီး ၀သုန်ကိုကြီးလက်ကို နမ်းလိုက်ပါတော့သည်။
ခုတော့ ၀သုန်စီစဉ်သည့် အစီစဉ်သည် ဘယ်လိုတွေဖြစ်လာမည်ကို တွေးကြည့်တွက်ချက်နေရပါတော့သည်။ ကြားထဲကိုကို ၀င်လာလျှင် သူဘယ်လိုဖြေးရှင်းရမည်နည်း၊ ကိုကိုသည် ရွှေဘိုမှာ ဆေးခန်းဖွင့်ထားသည်။ သို့ပေမယ့် ကြီးမေကိုရော ကြည့်ရှူ့ စောက်ရှောက်ရဲ့လာ မသိပါ၊ ကြီးမေကရော အရင်လိုပဲ အခန်းထဲမှာ မည်သူမှမသိအောင် ငိုနေဆဲလာ…
၀သုန်တို့ ရွှေဘိုက ခရီးထွက်လာခဲ့တော့သည်။ မင်းခကတော့ ညကပျော်လွန်းလို့ မအိပ်ခဲ့ရဘူးဟုဆိုကာ ၀သုန် ပခုံးကို မှီကာ အိပ်လိုက်လာသည်။ မင်းခကတော့ ပြောပါသေးသည် သူ့ကားနှင့် သွားမည်ဟု၊ ၀သုန်လက်မခံခဲ့ လိုက်ချင်ရင် လိုင်းကားနှင့်ပင်သွားမည်ဟု ပြောခဲ့သဖြင့် လိုက်ပါလာသည်။
မင်းခကတော့ အိမ်ကို သူငယ်ချင်းများဖြင့် ခရီးထွက်မည်ဟုပြောဆိုကာ ထွက်ခဲ့ပါသည်။ သူငယ်ချင်းများကလဲ ချောင်းသာ ခရီးထွက်သွားကြပါသည်။ သူကိုတော့ အစကခေါ်ကြသေးသည်။ သူက ကိုကြီးနှင့် လိုက်သွားမည်ဟုပြောခဲ့သဖြင့် သူငယ်ချင်းများ အလိုက်သိကာ ဇွတ်မပြောခဲ့တော့ပါ။ ထိုကြောင့်လဲ မင်းခသည် ကိုကြီးနောက်သို့စိတ်အေးလက်အေးလိုက်လာခြင်း ဖြစ်ပါသည်။
၀သုန်ပခုံးကို မှီကာ အိပ်နေသော မင်းခသည် အပြစ်ကင်းစင်သည့်ကလေးငယ်လေး အတိုင် ကြည်လင်းနေပါတော့သည်။ ၀သုန်ကတော့ မင်းခအပေါ်မရိုးသားစွာ ဆက်ဆံလာသည့် အလျောက် အားတော့နာသည်။ သို့ပေမယ့် မသနားနိုင်ပါ၊ ကြီးမေသည် မင်းခထက်ပိုလို့တောင် သနားဘို့ကောင်းသည်။
ငယ်ငယ်ကတည်းက လူတလုံးသူတလုံး ဖြစ်လာအောင် ရိုးသားစွာ သူတို့ ညီအကို နှစ်ယောက်အပေါ် သံယောဇဉ် ရှိစွာ သားများကဲ့သို့စောက်ရှောက်လာခဲ့သည်။ ယခုတော့ ကြီးမေ၏ ရင်ခွင်ကို ခွဲကာ ကိုကို ကိုကြီးမေလက်ထဲမှ လုသွားခဲ့သော မင်းခ အမေ ဒေါ်မိမိနိုင်ကိုလုံး၀ မကျေနပ်နိုင်၊ သုတို့ဆီမှာ ငွေကြေးမပြည့်စုံလို့ ခံစားခဲ့ရသည့် ဒုက္ခများကို သိရှိနိုင်လညပေးနိုင်စွမ်းမရှိခဲ့ကြ၊ ကိုကိုသည်သာ ဆရာ၀န်ကြီး မဟုတခဲ့လျှင် ဒေါ်မိမိနိုင်သည် သူမ၏ သမီးကို ကိုကိုနှင့် ပေးစားလိမ့်မည်မဟုတ်ဆိုသည်မှာ မြေးကြီးလက်ခတ်မလွဲအောင် မှန်ကန်နေပေမည်။ ဆရာ၀န်ကြီး ဖြစ်လာအောင်ကြိုးစား ရုန်းကန်ခဲ့ရသည့် ကြီးမေ၏ မေတ္တာကို နားလည်ပေးနှိူင်စွမ်း၊ အသိမှတ်ပြု လေးစားလောက်သည့် အနေထားလေတောင် မပြသည့်အပြင် ငွေနှင့်ပေါက်ကာ ရိုင်းပြသွားခဲ့သည့် ဒေါ်မိမိနိုင်ကိုတော့ ၀သုန်လုံးဝကျေအေးနိုင်မည် မဟုတ်ပါ။
By Jin Jar #TBC#

စမ်းရေကြည်ပေါက်(Uni+Zawgyi)              စမ်းရေကြည်ပေါက်(Complete)Where stories live. Discover now