ကျွန်တော့် ဘဝမှာ အချစ်ရဆုံး မေမေ့ ကို ကျွန်တော့်မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ်။ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာတွေကိုလည်း သူအကုန်အပိုင်စီးသွားခဲ့တယ်။သူသာ မွေးမလာခဲ့ရင် ကျွန်တော် အရမ်းတောင့်တခဲ့တဲ့ နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခွင့် ရခဲ့မှာ။ခုတော့....ဟုတ်တယ် အဲ့ဒါတွေအားလုံးက မင်းကြောင့်... မင်းကြောင့်ပဲ ဝမ်ရိပေါ်။ငါ့မိသားစုကို ပြိုကွဲအောင် လုပ်ခဲ့တဲ့ မင်းကို ငါ အရမ်းမုန်းတယ်။ ရှောင်ကျန်း။ ===== ကျွန်တော် ကျွန်တော့်ကိုယ် ကျွန်တော် အရမ်းမုန်းတယ်။ကျွန်တော့်ရဲ့ ဖြစ်တည်လာမှုကြောင့် ကျန်းကောတို့ မိသားစုလေး ပြိုကွဲခဲ့ရတယ် ဆိုပြီး ကော့နှုတ်ဖျားကနေ နာနာကျည်းကျည်း ပြောလိုက်တိုင်း ကျွန်တော် အရမ်းဝမ်းနည်းမိတယ်ကော။ဒါပေမဲ့ ကျွန်တော်ကော့ကို မမုန်းပါဘူး။ ဝမ်ရိပေါ်။
20 parts