မိုးရေစက်တွေက သူ့ကိုများ တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုသလား။ သူရောက်လာတဲ့ အချိန်တိုင်း ကောင်းကင်က မျက်ရည်မစဲတော့တာ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်စိုစွတ်နေခဲ့ပြီ... ဒါပေမဲ့ အဲ့ဒီ့ တမူထူးခြားတဲ့သူကိုပဲ ကျွန်တော့်လို သာမန်လူတစ်ယောက်က အရူးအမူး စွဲလမ်းနေမိခဲ့ပြီလေ။ -Do Kyung Soo ~•*•~ မစားကောင်းတဲ့အသီးလို့ တားမြစ်ထားတာကမှ ပိုမိုချိုမြိန်တတ်တာလား။ ရုန်းထွက်မရတဲ့ သံယောဇဉ်နွံကြီးထဲ တဖြည်းဖြည်းနစ်နေခဲ့မိတယ်... တစ်ခါတစ်ရံတော့လည်း ကျွန်တော် ချုပ်နှောင်ခံထားရတဲ့ စည်းမျဉ်းတွေကနေ ရုန်းထွက်လွတ်မြောက်ချင်ပါသေးတယ်။ -Kim Jun Myeon