CHAPTER(10)💗

84 5 0
                                    

Unicode

ရုပ်ရှင်ကြည့်ပြီးအပြန်မှာတော့နှစ်ယောက်သားWonwooတို့အိမ်ကိုသွားခဲ့ကြတယ်  Wonwooရဲ့အိမ်ကိုရောက်တော့သူ့အဒေါ်ကအကုန်ပြင်ဆင်ပြီးတော့စောင့်နေတာပေါ့

"ငါတို့အိမ်နဲ့သိပ်မဝေးဘူးပဲနော်" JunကWonwooကိုအံသြတကြီးလှမ်းမေးလိုက်တယ်
"အင်းလေ ငါမင်းကိုမပြောမိသေးဘူးထင်တယ်"
"ငါကတော့မသိပါဘူးအိမ်ကဝေးတယ်ထင်နေတာ" လို့Junကမျက်စောင်းလေးထိုးပြီးပြောလိုက်တယ်

"ဘာလဲခဏခဏလာလည်မလို့လား ဪမသိပါဘူးJunnieကငါကိုဒီလောက်သတိရနေလိမ့်မယ်လို့"
ဟုWonwooရဲရွှတ်နောက်နောက်အဖြေကြောင့်Junတစ်ယောက်ရှက်ကိုးရှက်ကန်းဖြစ်ပြီး
"မမြင်ချင်လောက်အောင်နေ့တိုင်းမြင်နေရတဲ့ဒီမျက်နှာကြီးကိုသတိရစရာလား" လို့ဖြေလိုက်တော့တယ်
"အဲ့လောက်တောင်မမြင်ချင်ရင်လည်းပြန်တော့" လို့Wonwooကစိတ်ဆိုးဆိုးနဲ့ပြောလိုက်တယ်
"ငါကဒါလေးစလိုက်တာကိုအတည်ပေါက်ကြီးစိတ်ဆိုးစရာလား" လို့Junကပြန်ချော့ရတာပေါ့
Junရဲ့aegyoလေးတွေကိုမလွန်ဆန်နိုင်တဲ့Wonwooကပဲနောက်ဆုံးတော့အလျှော့ပေးရတာပါပဲ
"ကဲကဲဝင်ကြမယ်"လို့Wonwooကဒေါ်လေးခြံရှေ့မှာစောင့်နေတာကိုတွေ့ပြီးပြောလိုက်တယ်
"အင်းအင်း"
"ကဲကလေးတို့အိမ်ထဲမဝင်သေးဘဲဘာတွေပြောနေကြတာလဲ" Wonwooရဲ့အဒေါ်ကမေးလိုက်တယ်
"ဘာမှမဟုတ်ပါဘူး"လို့Wonwooက​ပြန်ဖြေလိုက်တယ်
"သူကကျွန်တော်ပြောတဲ့Junဆိုတဲ့တစ်ယောက်လေ"
WonwooကJunကိုသူ့အဒေါ်နဲ့မိတ်ဆက်ပေးလိုက်တယ်
"တွေ့ရတာဝမ်းသာပါတယ်အန်တီကျွန်တော်ကMoon Junhuiပါ Junnieလို့ခေါ်လို့ရပါတယ်"
"အေးကွယ်Junnieလေးကချောလည်းချောချစ်စရာလည်းကောင်းနေရောကွယ်"
"ဟီးဟီး အန်တီကတော့မြောက်နေပါပြီ" Junကရှက်ကိုးရှက်ကန်းလေးပြန်ပြောလိုက်တယ်
"ပါးစပ်ကနားရွက်တက်ချိတ်တော့မယ်"WonwooကJunကိုမျက်စောင်းလေးထိုးပြီးပြောလိုက်တယ်
"အယ်Wonwooတစ်ယောက်မနာလိုနေတာ အန်တီကသားကိုချောတယ်ပြောလို့ ဟီးဟီး" JunကWonwooအဒေါ်ကိုလှမ်းပြောလိုက်တယ်
"WonwooရောJunnieရောနှစ်ယောက်လုံးကချောပြီးသားပါကွယ် ကဲကဲဗိုက်ဆာနေကြရောပေါ့ လာကြဒေါ်လေးအကုန်ပြင်ပြီးသွားပြီ"
"ရေးးး စားကြမယ် Wonuလာလေ" အစားနဲ့ပတ်သက်ရင်ကလေးလေးတစ်ယောက်လိုပျော်မြူးနေတတ်တဲ့Junကသူ့ကိုငေးကြည့်နေတဲ့Wonwooကိုလှမ်းခေါ်လိုက်တယ်
"အင်းပါ သူစားရတော့မယ်ဆိုရုပ်ကတစ်မျိုး" Wonwooကနှာခေါင်းလေးရှုံ့ပြီးပြောလိုက်တယ်
"ဒီလိုရုပ်လေးကချစ်စရာကောင်းနေတာမလား" လို့ကလေးလေးတစ်ယောက်လိုပြုံးပြီးပြောနေတဲ့Junကိုကြည့်ပြီးWonwooရဲ့ရင်ထဲအေးချမ်းသွားတော့တယ်

OUR DESTINYWhere stories live. Discover now