CHAPTER(11)💗

203 8 0
                                    

Unicode

Wonwooရဲ့အိမ်ကနေပြေးထွက်လာပြီးလမ်းပေါ်ကခုံလေးပေါ်မှာထိုင်ရင်းJunတစ်ယောက်အဆက်မပြတ်မြည်နေတဲ့ဖုန်းပေါ်ကနာမည်လေးကိုငေးကြည့်ရင်းငိုနေမိတယ်။ ထိုစဥ်သူ့ဘေးနားလေးမှာလာထိုင်နေတဲ့ကြောင်လေးတစ်ကောင်ကိုသတိထားမိသွားတယ်။ သူ့ကိုငေးကြည့်နေတဲ့ကြောင်လေးရဲ့မျက်ဝန်းလေးကိုကြည့်ပြီး "မင်းလည်းအခုငါ့ကိုသနားလို့လာနှစ်သိမ့်ပေးတာမလား" လို့ပြောလိုက်တယ်။ ကြောင်လေးကသူ့ကိုမကြည့်တော့ဘဲသူ့လက်မှာဝတ်ထားတဲ့လက်ကောက်လေးကိုလှမ်းကုတ်နေတော့တယ်။ လက်ကောက်ကလေးမှာကြောင်ရုပ်လေးဆိုတော့စိတ်ဝင်စားလို့နေမှာပေါ့လေ။ "ဒီလက်ကောက်လေးကိုဆင်တူဝတ်ရလို့ကြည်နူးနေမိတဲ့ငါကိုကရူးနေတာထင်ပါရဲ့ ၊သူ့မှာငါမဟုတ်တဲ့ချစ်ရတဲ့သူကသီးသန့်ရှိနေခဲ့ပြီးသားလေ" သူရင်ထဲကနေနာကျင်စွာပြုံးလိုက်မိတယ်။ "ကဲငါသွားတော့မယ် bye"ကြောင်လေးရဲ့ခေါင်းကိုပုတ်ပေးပြီးထွက်လာခဲ့တယ်။

"ဟယ် မာမီ့သားလေးမျက်လုံးတွေကဖောင်းနေလို့ပါလား" မှိုင်တိုင်တိုင်နဲ့အိမ်ပြန်ရောက်လာတဲ့Junကိုကြည့်ပြီးစိတ်ပူမိ၍မေးလိုက်တော့သည်။
"ဟို... ရုပ်ရှင်ကတအားဝမ်းနည်းစရာကောင်းလို့ပါမာမီရဲ့
မာမီသိတဲ့အတိုင်းသားကအဲ့လိုကားတွေကြည့်ရင်ငိုတော့တာပဲလေ"
"ဟုတ်ပါပြီ အဲ့ဒါဆိုသားလည်းနားတော့လေ မာမီညနေစာပြင်လိုက်ဦးမယ်"
"သားမစားတော့ဘူး Wonwooတို့အိမ်မှာအများကြီးစားလာတော့ဗိုက်ပြည့်နေပြီ၊ နားလိုက်ဦးမယ်"
"အေးပါကွယ် နားတော့"

Junတစ်ယောက်အခန်းထဲရောက်မှသူ့ဖုန်းလေးကိုပြန်ထုတ်ကြည့်မိတယ်။
"အင်းလေ ငါကရုတ်တရက်ကြီးထပြန်သွားတော့သူလည်းစိတ်ပူသွားမှာပဲလေ၊ messagesတွေလည်းအများကြီးပို့ထားတာပဲ"
*messages*
Wonu:Junnieအဆင်ပြေရဲ့လားဖုန်းကိုင်ပါဦး
Wonu:ဖုန်းကိုင်မှရှင်းပြလို့ရမှာလေ မင်းတွေ့ခဲ့တဲ့ပုံကြောင့်ငါ့ကိုအထင်လွဲနေတာလား???
Wonu:တစ်ခုခုဖြစ်နေတာတော့မဟုတ်ပါဘူးနော်
Wonu:အိမ်ကိုရောသေချာပြန်ရောက်ရဲ့လား??

"ရှင်းပြမယ်ဆိုတာဘာကိုလဲ၊ဘယ်သူကြည့်ကြည့်ဒီဓာတ်ပုံထဲကလူနှစ်ယောက်ချစ်သူတွေပါလို့အတပ်အအပ်ပြောနိုင်နေတဲ့ပုံကို ငါကပဲအထင်လွဲနေတာတဲ့ ရီတော့ရီရသား"Junတစ်ယောက်တွေးရင်းနဲ့မဲ့ကွေးလေးပြုံးလိုက်တယ်။ ထိုစဥ်ဖုန်းမြည်သံကသူ့အတွေးတစ်ပိုင်းတစ်စကိုရပ်တန့်စေခဲ့တယ်။ ဘယ်သူ့ဆီကဆက်တဲ့ဖုန်းမှန်းသိနေတာကြောင့်ဖုန်းကိုင်လိုက်မိတယ်။

You've reached the end of published parts.

⏰ Last updated: Jan 21, 2021 ⏰

Add this story to your Library to get notified about new parts!

OUR DESTINYWhere stories live. Discover now