Unicode
ဒီလိုနဲ့Junနဲ့Wonwooတို့နှစ်ယောက်သားcanteenဘက်ကိုထွက်လာကြတယ်။
Girl Students:wow!အသစ်ပြောင်းလာတဲ့တစ်ယောက်ကလည်းလုံးဝvisualပဲ။visualနှစ်ယောက်ကအတူသွားနေတာမြင်ရတာမျက်စိအေးလိုက်တာဟယ်။
Junကတော့အဲ့စကားတွေကိုအမြဲကြားနေကြဆိုတော့အေးဆေးပဲဆက်လျှောက်နေတယ်။Wonwooကတော့မနေတတ်မထိုင်တတ်တွေဖြစ်ပြီးမျက်နှာလည်းပန်းရောင်သမ်းနေတာပေါ့။
Jun:wonwooရေမင်းအဲ့လောက်လည်းရှက်မနေပါနဲ့။ဒီကျောင်းကလူတွေကအဲ့လိုပဲနေ့တိုင်းပြောနေတော့တာ။
Wonwoo:ဘယ်သူကရှက်နေလို့လဲ?
Jun:Umm!မင်းမျက်နှာကလိမ်လို့မရဘူးနော်မကြာခင်အနီရောင်ဖြစ်တော့မယ်
Wonwoo:တော်ပါမြန်မြန်သွားရအောင်။လိပ်လိုပဲနှေးလိုက်တာ။
Jun:ဟုတ်ပါပြီwonwooအလိုတော်အတိုင်းမြန်မြန်သွားပါ့မယ် ဟီးဟီး။အဲ့လိုနှစ်ယောက်သားစနောက်ပြီးပျော်ရွှင်နေတုန်းJunမကြားချင်ဆုံးအသံကိုကြားလိုက်ပါတော့တယ်။လှည့်ပြီးနားထောင်စရာမလိုလောက်အောင်Eunsolရဲ့အသံမှန်းjunသိပါတယ်။
Eunsol:Junရေ!
Jun's mind:တစ်ကယ့်ကိုငှက်ဆိုးအသံကြီးနဲ့။မသိချင်ယောင်ဆောင်နေမှ။
Wonwoo:Junရေမင်းကိုလှမ်းခေါ်နေတာထင်တယ်အနောက်မှာ။
Jun:ထားလိုက်ငါတို့မြန်မြန်သွားရအောင်။
Wonwoo:omm
Jun:တစ်ကယ်လို့ငါ့ကိုအဲ့တစ်ယောက်စကားလာပြောရင်ငါနဲ့အလိုက်အထိုက်သရုပ်ဆောင်ပေးနော်။
Wonwoo:Ummငါသရုပ်မဆောင်တတ်ဘူးဟ။
Jun:ဒီအတိုင်းငါပြောသမျှကိုအလိုက်အသင့်ပြန်ပြောရုံပဲ။အရေးကြီးတာကမင်းငါ့အနားကလုံးဝမထွက်သွားနဲ့နော်။
Wonwoo:အင်းပါ။
Eunsol:Junကလည်းခေါ်နေတာမကြားဘူးလားအနောက်ကပြေးလိုက်ရတာမောလိုက်တာ။
Jun:ဘယ်သူကပြေးခိုင်းလို့လဲ?
Eunsol:ထမင်းတူတူစားမလို့ပေါ့လိုက်ခေါ်နေရတာ။
Jun:sorryပဲ။ငါwonwooနဲ့တူတူစားမှာ။
Eunsol:အော်အသစ်ပြောင်းလာတဲ့တစ်ယောက်။တို့နဲ့လည်းတူတူစားကြတာမယ်လေရင်းနှီးသွားတာပေါ့။
Wonwoo: ...........
Jun:Wonwooကသူစိမ်းတွေနဲ့မစားချင်ဘူးထင်တယ်ဟုတ်တယ်မလား။
Wonwoo:humm!အင်းဟုတ်တယ်။
Eunsol:ဒါဆိုလည်းမတတ်နိုင်ဘူးလေ။နောက်မှပဲအတူစားကြတာပေါ့။
Jun:ငါကနေ့တိုင်းwonwooနဲ့ပဲစားမှာ။သူ့မှာသူငယ်ချင်းဆိုလို့ငါတစ်ယောက်ပဲရှိတော့မင်းလိုက်မနှောင့်ယှက်နေရင်သူအနေရမခက်တော့ဘူးပေါ့။
Eunsol:ဟုတ်ပြီလေကျောင်းဆင်းရင်တွေ့ကြတာပေါ့။အန်တီလာကြိုရင်တို့လည်းကားကြုံလိုက်စီးမယ်လေ။
Jun:မရဘူးwonwooကဒီနေ့ငါ့အိမ်လိုက်လည်မှာ။Eunsol:ယူတို့ကအဲ့လောက်တောင်ခင်နေကြပြီပေါ့။ဟုတ်ပါပြီတို့နောက်မှပဲလိုက်ခဲ့တော့မယ်။
Jun:ဗိုက်ဆာနေပြီသွားရအောင်wonwooရေ။
Wonwoo:ommသွားမယ်လေ။
Eunsol's mind:ဘယ်လိုအရှုပ်ထုပ်မှန်းမသိဘူးငါနဲ့junကြားမှာလာနှောင့်ယှက်နေတယ်။
YOU ARE READING
OUR DESTINY
Romancepersonalityမတူတဲ့လူသားနှစ်ယောက်အချစ်နဲ့ထိတွေ့တဲ့အခါသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုလှည့်စားလိမ့်မလဲ?