Unicode
The next morning.........
Wonwoo Pov:
Junnieနဲ့တွေ့ရင်ဘယ်လိုစပြောရမှန်းမသိတော့ဘူး
ကျွန်တော့်ကိုသူစိတ်ဆိုးနေတုန်းလား ဒါမှမဟုတ်မနေ့ကကျွန်တော့်ရဲ့အပြုအမူတွေကိုသူရိပ်မိသွားတာလား
အားးးတစ်ကယ်မသိတော့ဘူး အရင်ဆုံးတော့သူနဲ့တွေ့ရမှာပဲလေ အဲ့တော့မှပဲမီးစင်ကြည့်ကရမှာပေါ့Jun Pov:
Wonwooနဲ့တွေ့ရတော့မှာဆိုပေမဲ့စိတ်တွေကမတည်ငြိမ်သေးဘူး ရင်တွေခုန်နေတာကြောင့်တစ်ညလုံးလည်းကောင်းကောင်းအိပ်မပျော်ပါဘူး သူ့အကြောင်းပြန်တွေတိုင်းလည်းရင်ခုန်နေတုန်းပဲ ဒါကိုအချစ်လို့ခေါ်တာလားတော့မသိဘူး ဟုတ်တယ်ဆိုရင်တော့ကျွန်တော်သူ့ကိုချစ်မိနေပါပြီ ဘယ်သူနဲ့တိုင်ပင်ကြည့်ရမလဲမသိဘူး မာမီကိုတော့မပြောရဲပါဘူး ဒါကသာမန်ကိစ္စမှမဟုတ်ပဲ ကျောင်းရောက်ရင်တော့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားမှဖြစ်မယ် မဟုတ်ရင်သူရိပ်မိသွားမှာဒီလိုနဲ့ပဲသူတို့နှစ်ယောက်အတွေးကိုယ်စီနဲ့ကျောင်းရောက်လာကြတယ် Junကစောစောလာခိုင်းထားတာမို့ကျောင်းမှာလူသိပ်မရှိသေးတဲ့အချိန်Wonwooကကြိုပြီးရောက်နေနှင့်တယ် သူရောက်ပြီးသိပ်မကြာမှာJunလည်းရောက်လာခဲ့တယ်
Wonwooကိုမြင်တော့လက်လေးပြပြီးအပြေးတစ်ပိုင်းလျှောက်လာတဲ့ကောင်လေးကိုမြင်တော့junnieသူ့ကိုစိတ်မဆိုးတော့မှန်းသိလိုက်ရတယ်
သူ့နားရောက်တော့မောနေတဲ့ကောင်လေးကိုရေဘူးလေးထုတ်ပေးလိုက်တော့မျက်လုံးလှလှလေးတွေနဲ့မော့ကြည့်လိုက်တဲ့ကောင်လေးရဲ့အကြည့်တွေကသူ့နှလုံးသားကိုလှုပ်ခတ်စေလိုက်တယ်"Aigooမောလိုက်တာ မာမီကနောက်ကျနေလို့sorry
တော်တော်လေးစောင့်လိုက်ရလား"
"ဟင့်အင်း ငါလည်းခုဏကမှရောက်တာ နောက်ဆိုပြေးမလာပါနဲ့နောက်ကျလည်းကိစ္စမရှိဘူး တော်ကြာလမ်းမှာချော်လဲနေဦးမယ်"
ချော်လဲတယ်ဆိုတဲ့စကားလုံးကJunရဲ့အတွေးကိုမနေ့ကအဖြစ်အပျက်ဆီရောက်သွားစေတာကြောင့်သူ့ရဲ့ရင်တွေခုန်လာပြန်တယ် အဲ့တာကိုထိန်းချုပ်ပြီးwonwooကိုစကားပြန်ပြောရတော့တယ်
"လာပါ မုန့်သွားစားကြရအောင်ဗိုက်ဆာနေပြီ"
"ဗိုက်ကလည်းမဆာတဲ့အချိန်ကိုမရှိဘူး"
"ဟီးးး သွားကြမယ်မြန်မြန်"
YOU ARE READING
OUR DESTINY
Romancepersonalityမတူတဲ့လူသားနှစ်ယောက်အချစ်နဲ့ထိတွေ့တဲ့အခါသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုလှည့်စားလိမ့်မလဲ?