Unicode
Jun's Mom:သားရေဒီနေ့မာမီအစည်းအဝေးရှိလို့လိုက်မပို့တော့ဘူးနော်
Jun:မာမီကလည်းသားကကလေးမှမဟုတ်တော့တာလိုက်ပို့စရာမလိုပါဘူး
Jun's Mom:သားကလည်းမာမီကစိတ်မချလို့ပါ သားမှာသူငယ်ချင်းတွေလည်းရှိတာမှမဟုတ်ဘဲမာမီတစ်ယောက်တည်းမလွှတ်နိုင်လို့ပေါ့
Jun:မာမီနဲ့တော့ခက်တာပါပဲ
Jun' Mom:driver Kimကိုအပြန်လွှတ်လိုက်မယ်ဒါဘဲ ပြီးတော့လမ်းကိုသေချာကြည့်သွားနော်ကားလမ်းကူးလည်းသတိထား
Jun:အမိန့်တော်အတိုင်းလိုက်နာပါမယ်🙄မာမီကအဲ့လိုပဲကျွန်တော့်ကိုကလေးလေးတစ်ယောက်လိုပဲဆက်ဆံနေတာ
ဘာပဲဖြစ်ဖြစ်ဒီနေ့တစ်ယောက်တည်းလွတ်လွတ်လပ်လပ်သွားတော့မှာပျော်စရာကြီး😁ဒါပေမဲ့Junတစ်ယောက်သူမျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲလမ်းမှာတင်Eunsolကိုတွေ့လိုက်ပါတော့တယ်
Eunsol:ဟာJunပါလားမတွေ့တာတောင်ကြာပြီ၊တို့ကလွမ်းနေတာ၊ ဒီနေ့အန်တီလိုက်မပို့ဘူးလား၊ယူကလေတစ်နေ့ထက်တစ်နေ့ကိုချောလာတော့တာဘဲ
Jun:ရေအရင်သောက်လိုက်ပါအုံးနင့်အစားငါမောတယ်
Eunsol:တွေ့လားJunကတို့ကိုတွေ့တာနဲ့အကောင်းမ ပြောဘူး
Jun:အဲ့ဒါကိုသိရင်လာမပြောနဲ့လေ မင်းကိုငါသဘောမကျဘူးလို့ပြောပြီးသားပဲ
Eunsol:အဲ့လိုကြီးမပြောနဲ့လေကွာ လူ့ရဲ့စိတ်ဆိုတာပြောင်းလဲနိုင်တာပဲ
Jun:အခြားအရာတွေသာပြောင်းရင်ပြောင်းမယ် မင်းကိုသဘောမကျတာကတော့မပြောင်းလဲဘူး
Eunsol:Okလေစောင့်ကြည့်ကြတာပေါ့ တို့အရင်သွားနှင့်တော့မယ်
Jun:ကြွကြွ တစ်ကယ့်ကိုစိတ်အနှောင့်အယှက်ပေးတဲ့မိန်းမပဲ(တစ်ယောက်တည်းရေရွတ်နေခြင်း)ဒီလိုနဲ့ပဲJunတစ်ယောက်စိတ်ညစ်ညစ်နဲ့ကျောင်းကိုရောက်လာတော့တယ်။
သူ့တို့ပထမနှစ်မှာsection 3ခုခွဲထားတယ်။Junကတော့section(A)မှာတက်ရမှာပါ
ဒီနေ့Jumအတွက်ပထမဆုံးကံကောင်းတာကတော့EunsolကSection(B)မှာဆိုတာသိလိုက်ရတာပါပဲ။
အမြဲတမ်းအတန်းတူနေတဲ့Eunsolရဲ့နှောင့်ယှက်တာမခံရဘူးပေါ့Zawgyi
YOU ARE READING
OUR DESTINY
Romancepersonalityမတူတဲ့လူသားနှစ်ယောက်အချစ်နဲ့ထိတွေ့တဲ့အခါသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုလှည့်စားလိမ့်မလဲ?