Unicode
ထမင်းစားပြီးသွားတဲ့အချိန် အပြင်မှာလည်းမှောင်စပြုနေတာကြောင့်Wonwooကအိမ်ပြန်ဖို့နှုတ်ဆက်ရတော့တယ်။
"ဒီနေ့အတွက်ကျေးဇူးပါအန်တီ ကောင်းကောင်းစားခဲ့ရပါတယ်"
"ရပါတယ်ကွယ် နောက်လည်းမကြာမကြာလာလည်အုံးနော်"
"ဟုတ်ကဲ့"
"အပြင်မှာသားတို့အိမ်က ကားထင်တယ်"
"ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားတော့မယ်နော် Junnieရေငါသွားပြီ bye"
wonwooကသူ့ကိုအကြည့်လွှဲနေသောJunကိုလှမ်းပြောလိုက်တယ်။
"Bye Wonu"
သူ့ကိုမကြည့်ဘဲပြန်ဖြေပေမဲ့Junရဲ့နှုတ်ခမ်းပေါ်ကအပြုံးလေးကသူ့ကိုစိတ်သက်သာသွားစေတယ်။အိမ်ပြန်ရောက်တော့Wonwooတစ်ယောက်ပင်ပန်းပြီးခဏနားနေတုန်းသူ့ဖုန်းringtoneသံကိုကြားပြီးထကြည့်တော့သူ့အရင်ကျောင်းကသူငယ်ချင်းSoonyoungဖြစ်နေတော့သူဖုန်းကိုင်လိုက်တယ်။
"Hello Wonwooလား" Soonyoungကစမေးတယ်။
"အင်းSoonyoungပြော"
"တခြားတော့မဟုတ်ပါဘူး မင်းကျောင်းအသစ်မှာအဆင်ပြေရဲ့လားလို့လှမ်းမေးတာ၊ ပြီးတော့မင်းကနဂိုတည်းကသူငယ်ချင်းသိပ်မထားတော့မင်းကိုစိတ်ပူလို့"
"ပြေပါတယ် အခုငါ့မှာတောင်သူငယ်ချင်းတစ်ယောက်ရှိသွားပြီ"
"ဟာ ငါတို့Wonwooကတယ်ဟုတ်ပါလား၊အရင်ကတုန်းကမင်းကိုစကားအရင်လာပြောတဲ့သူတောင်မှချေနေတဲ့သူကအခုဘယ်လိုဖြစ်ပြီးသူငယ်ချင်းရသွားတာလဲဟ"
"ဒီလိုပဲ သူ့ကိုကြည့်ရတာစိတ်ဝင်စားဖို့ကောင်းလို့"
"ဒါဆိုလည်းမင်းသူငယ်ချင်းအကြောင်းပြောပါဦး"
"Humm!ငါကဘာပြောရမှာလဲ"
"သူ့နာမည်တို့ ပုံစံတို့ ပြီးတော့မင်းနဲ့ဘယ်လိုခင်သွားတာလဲ အဲ့ဒါတွေပြောပြပေါ့"
"နာမည်ကMoon junhuiတဲ့၊လူပုံစံကတော့အရပ်ရှည်တယ်၊ချောတယ်၊မျက်လုံးလေးတွေကလှတယ်၊ကြည့်လိုက်ရင်modelလိုပဲ၊ခင်သွားတာကတော့ဆရာမကသူ့ဘေးမှာထိုင်ခိုင်းရင်းစကားပြောကြပြီးခင်သွားတာ၊ပြီးတော့သူက တစ်ခါတစ်လေကလေးလေးလိုပဲချစ်စရာကောင်းတယ်"
"ခဏလေး ခဏလေး "soonyoungကwonwooကိုစကားဖြတ်ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲ"
"Wonwooရေ မင်းမဟုတ်မှလွဲရော သူ့ကိုသဘောကျနေတာလား"
"ငါခုဏကသူ့အိမ်ကပြန်လာပြီးအဲ့ဒါကိုပဲစဥ်းစားနေတာ၊ငါ့စိတ်ကိုငါမသိတော့ဘူး၊သူ့ကိုသဘောကျနေမိပြီထင်တယ်"
"သူ့ဘက်ကရောမင်းကိုစိတ်ဝင်စားရဲ့လား"
"ငါလည်းမသိဘူး သူကမိန်းကလေးတွေကြားထဲမှတော့kingပဲ ပြီးတော့သူတွဲခဲ့ဘူးတဲ့ကောင်မလေးတွေကလည်းအများကြီးပဲဟ"
"ဒါဆိုသူကstraightလား"
"ငါလည်းမသိတော့ဘူးတစ်ကယ်လို့ငါသူ့ကိုသဘောကျနေတာကိုသူသိသွားရင်ငါ့ကိုရှောင်ဖယ်သွားမှာငါကြောက်တယ်"
"ငါကတော့မင်းတို့နှစ်ယောက်အဆင်ပြေသွားရင်တောင်မင်းအဖေကြားဝင်လာမှာကိုအစိုးရိမ်ဆုံးပဲမနှစ်တုန်းကလိုပေါ့၊မင်းကိုထပ်ပြီးစိတ်ဒဏ်ရာမရစေချင်တော့ဘူး"
" ............."
"Hello Wonwooနားထောင်နေလား"
"Ahh!sorry ပြော"
"Sorryပါကွာ ငါအစမဖော်သင့်တဲ့ဟာကို"
"မဟုတ်တာ ရပါတယ်၊ပြီးတာတွေလည်းပြီးသွားခဲ့ပြီပဲ"
"အင်းပါ ဒါဆိုမင်းလည်းနားတော့၊ကျောင်းပိတ်ရက်တစ်ရက်လောက်တွေ့ကြတာပေါ့"
"တွေ့ကြမယ်လေ ဒါဆိုဒါပဲနော် bye"
"Bye"
YOU ARE READING
OUR DESTINY
Romancepersonalityမတူတဲ့လူသားနှစ်ယောက်အချစ်နဲ့ထိတွေ့တဲ့အခါသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုလှည့်စားလိမ့်မလဲ?