Unicode
Wonwoo Pov:
ကျောင်းမသွားခင်ကတည်းကစိတ်လှုပ်ရှားနေမိတယ်။
ကျောင်းအသစ်မှာဘယ်လိုအရာတွေကကျွန်တော့်ကိုစောင့်ကြိုနေမှာလဲ?ကောင်းတာတွေလား ဆိုးတာတွေလား?
ကျောင်းအသစ်မှာရောကျွန်တော်ပျော်နိုင်ပါ့မလား?အရင်လိုပဲတစ်ယောက်တည်းဖြစ်နေအုံးမှာလား?
မေးခွန်းပေါင်းများစွာကျွန်တော့်ခေါင်းထဲဝင်လာတယ်။
ဒီလိုအတွေးတွေနဲ့ပဲကျောင်းရောက်လာခဲ့တယ်။ ကျောင်းရောက်ရောက်ချင်းဆရာမရုံးခန်းသွားပြီးမိတ်ဆက်ရတယ်။
ဆရာမကတော့သဘောကောင်းမဲ့ပုံပါပဲ။Wonwoo:မင်္ဂလာပါ ကျွန်တော်ကအထက်တန်းပထမနှစ်ကိုပြောင်းလာတဲ့ကျောင်းသားသစ်ပါ။နာမည်ကတော့ Jeon Wonwooလို့ခေါ်ပါတယ်။
Teacher: ဪwonwooကိုး မင်းကSection(A)မှာတက်ရမယ်။ ခဏနေအတန်းစတော့မှာတီချယ်နဲ့တစ်ခါတည်းလိုက်ခဲ့ ပြီးတော့မင်းကိုသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်။
Wonwoo:ဟုတ်ကဲ့Jun Pov:ကျောင်းလာတုန်းကအဆင်မပြေတာတွေကအတန်းထဲရောက်မှပဲအေးချမ်းသွားတော့တယ်။အမြဲကျောင်းနောက်ကျနေတာကြောင့်နောက်ဆုံးတန်းမှာဘယ်တော့မှကျွန်တော်မထိုင်ရဘူး။ကျွန်တော်ကနောက်ဆုံးတန်းကိုသိပ်ကြိုက်တာပဲ။ဘေးမှာပြတင်းပေါက်လည်းရှိတော့လေအေးအေးနဲ့အိပ်များပျော်သွားရင်သိပ်ကောင်းမှာ။ဒါပေမဲ့ဒီနေ့တော့ဆုတောင်းပြည့်သွားပြီ နောက်ဆုံးတန်းလွတ်နေတယ်လေ။တစ်ခုရှိတာက ကျွန်တော်ကတစ်ယောက်တည်းထိုင်ချင်တာဒါပေမဲ့ခုံကနှစ်ခုံတွဲကြီး။သိပ်စိတ်ပူစရာတော့မလိုပါဘူး ယောက်ျားလေးတွေကကျွန်တော့်ကိုသိပ်ကြည့်မရကြဘူးလေ။အတန်းထဲမှာကမနှစ်ကလူတွေကြီးပဲ(Eunsolကလွဲလို့ပေါ့) အတန်းပိုင်ကလည်းမနှစ်ကတီချယ်ပဲ။ပျင်းစရာတော့ကောင်းသား။ဇိမ်ခံနေတုန်းရှိသေးဆရာမကအစောကြီးလာနေပြီ။ဆရာမနောက်မှာမမြင်ဘူးတဲ့ကောင်လေးတစ်ယောက်ပါလာတယ်။သူ့ကြည့်ရတာအေးတိအေးစက်နဲ့ ဒါပေမဲ့ထူးခြားတာကသူ့မျက်လုံးတွေကစူးရှနေတယ်။
Teacher:ကဲအားလုံးပဲတိတ်တိတ်လေးနေမယ်။တီချယ့်ကိုမင်းတို့သိပြီးသားပဲဆိုတော့မိတ်မဆက်တော့ဘူး။ဒါမေဲ့တီချယ်တို့အတန်းကိုကျောင်းသားအသစ်ရောက်လာတယ်။wonwooရေမိတ်ဆက်လိုက်ပါဦး။
Wonwoo:မင်္ဂလာပါ Jeon Wonwooလို့ခေါ်ပါတယ်။
Teacher:Wonwooကနောက်ဆုံးတန်းကJunဘေးမှာသွားထိုင်လိုက်
Wonwoo:ဟုတ်ကဲ့
Jun' mind:တီချယ်ကတော့လုပ်ပြီ ငါ့ဘာသာအေးအေးဆေးဆေးနေမယ်ဆိုမှ အဲ့ရေခဲတုံးကြီးကိုငါ့နားလာထိုင်ခိုင်းတယ်
Wonwoo Pov:သူ့ကိုကြည့်ရတာရုပ်လေးချောသလောက်ကြောင်တောင်တောင်နိုင်မဲ့ပုံပဲ ငါနဲ့အဆင်ပြေပါ့မလား။
Jun Pov:ငါကတော့အဆင်ပြေတဲ့နေ့ကိုမရှိဘူး။ဒါပေမဲ့သူငယ်ချင်းတစ်ယောက်လောက်တော့ရသွားတာပေါ့
Wonwoo:ဟိုင်း ငါကJeon wonwooပါ။wonwooလို့ခေါ်လို့ရပါတယ်။
Jun:ငါကMoon Junhuiပါ။ရင်နှီးတဲ့သူတွေကတော့Junလို့ပဲခေါ်ပါတယ်။
Teacher:အားလုံးပဲသင်ခန်းစာတွေကိုစလိုက်ရအောင်။
Jun: wonwooရေအဲ့ဆရာမကစာသင်ရင်မပြီးနိုင်တော့ဘူး အိပ်ချင်လာပြီ
Wonwoo:ငါကတော့physicsကိုစိတ်ဝင်စားတယ်
Jun's mind:hyperကြီးနဲ့လာတွေ့နေတာပဲ။သူ့ကိုသေချာပေါင်းထားမှ။ ဘာဘဲဖြစ်ဖြစ်သူ့ဆီကnotesတွေငါယူလို့ရပြီ။
Jun:အဲ့တာဆိုမင်းnotesတွေငါ့ကိုငှားလို့ရမလား။
Wonwoo:ရတယ်လေ
Jun:ကျေးဇူးအရမ်းတင်သွားပြီ ဟီးဟီး။
Wonwoo's mind:ဒီလိုကြည့်တော့လည်းကလေးလေးကျနေတာပဲ။
Teacher:စာသင်နေတာကိုသေချာအာရုံစိုက်ကြ
YOU ARE READING
OUR DESTINY
Romancepersonalityမတူတဲ့လူသားနှစ်ယောက်အချစ်နဲ့ထိတွေ့တဲ့အခါသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုလှည့်စားလိမ့်မလဲ?