Unicode
အတန်းဆင်းချိန်မှာတော့ကျောင်းသားတိုင်းကတက်တက်ကြွကြွပါပဲ။အဲ့ဒီထဲမှာJunလည်းပါတာပေါ့။အတန်းပြီးပြီးချင်းWonwooကိုခေါ်ပြီးအိမ်ကလာကြိုမယ့်ကားကိုရှာနေမိတယ်။ဒီနေ့မှပဲစောစောလာကြိုတတ်တဲ့မာမီကမလာသေးတာကြောင့်Junတစ်ယောက်ခုန်ဆွခုန်ဆွဖြစ်နေတော့တယ်။
Jun:မာမီကလည်းလာမကြိုသေးဘူးဗိုက်ဆာလာပြီ။
Wonwoo:လာမှာပေါ့။မင်းခုဏလေးတင်မှမုန့်ခိုးစားထားသေးတယ်လေအခုချက်ချင်းဗိုက်ဆာနေပြန်ပြီလား။
Jun:energyတွေကိုနောက်ဆုံးအတန်းချိန်မှာသုံးလိုက်ရတယ်လေ။အဲ့တော့ဗိုက်ဆာပြီပေါ့။
Wonwoo:အဲ့တာဆိုလည်းငြိမ်ငြိမ်လေးနေပါလားကွာ မင်းကြည့်ရတာမျက်စိနောက်နေတာပဲ။
Jun:ရဘူးရဘူး ကားမလာမချင်းဒီလိုပဲနေမှာ။ဟော ကားလာပြီဟေး။Junရဲ့အမေကကားပေါ်ကနေပြီးတော့သူ့သားလေးခုန်ဆွခုန်ဆွဖြစ်နေတာကိုမြင်ပြီးမြန်မြန်ပြေးလာပါတော့တယ်။
Jun'mom:Junရေဘာဖြစ်လို့လဲ?မျက်နှာကြီးကလည်းစူပုပ်နေတာပဲ။
Jun:မာမီဆိုးတယ်သားကဗိုက်ဆာနေတာကိုမြန်မြန်လာမကြိုဘူး ဟွန်း။
Jun'mom:မာမီအလုပ်မပြီးသေးလို့ပါ။မနက်ကပဲသားက ကလေးလေးမဟုတ်တော့ဘူးလိုက်မပို့နဲ့ဆို။
Jun:လာမကြိုနဲ့လို့မပြောဘူးလေ။ဒါနဲ့သူကသားသူငယ်ချင်းWonwooတဲ့ဒီနှစ်မှကျောင်းပြောင်းလာတာလေ။ခုသားကအိမ်ကိုဖိတ်ထားတာ။
Jun'mom:ဪ အန်တီကသားမှာခုလိုသူငယ်ချင်းလေးရှိစေချင်တာ။အိမ်ရောက်ရင်အန်တီကအထူးစပယ်ရှယ်ချက်ကျွေးမယ်ဘာမှအားမနာနဲ့။
Wonwoo:ဟုတ်ကဲ့ ကျေးဇူးပါအန်တီ။
Jun'mom:ကဲ သွားကြစို့။Junရဲ့အမေကတော့နောက်ခန်းမှာစနောက်နေကြတဲ့ကလေးနှစ်ယောက်ကိုကြည့်ပြီးပြုံးနေမိတယ်။သူမကသားလေးကိုသူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေစေချင်ပေမဲ့Junကအမြဲတစ်ယောက်တည်းဖြစ်နေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့မိတာပေါ့။ခုတော့လည်းသူငယ်ချင်းရှိတာကိုမကြိုက်တဲ့Junတစ်ယောက်Wonwooကိုဘာကြောင့်ခင်တွယ်နေမှန်းသူမ မစဥ်းစားတတ်တော့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုပျော်ရွှင်နေတဲ့Junကိုမြင်ရတာသူမကိုစိတ်ချမ်းသာစေပါတယ်။
YOU ARE READING
OUR DESTINY
Romancepersonalityမတူတဲ့လူသားနှစ်ယောက်အချစ်နဲ့ထိတွေ့တဲ့အခါသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုလှည့်စားလိမ့်မလဲ?