Extra-0-Zawgyi

2.3K 190 19
                                    

Extra

ဟဲလို။ မိုင်ဆုန်ခ..။ ><

ရှမ်းလိုလှမ်းနူတ်ဆက်တာ အံ့သြမသွားနဲ့ဦး။ တောင်ကြီးမယ် အခြေချနေတာ ဆိုတော့ ရှမ်းစကားလေးသင်ထားရတယ်။ ဟိုဘက်အိမ်က အဒေါ်ကြီးဆီက သင်ထားရတာ။ ဒီတစ်လုံးဘဲတတ်သေးတယ်။ သြော် ပြောနေရတာနဲ့ ကိုယ့်ကိုယ်ကိုတောင် မိတ်ဆက်ဖို့မေ့နေတယ်။

ဟုတ်ကဲ့။ ကျွန်တော့်နာမည်သော်လွှမ်းပါ။ ကျွန်တော့် အဖေ၊ အမေ၊ အစ်ကို၊ အစ်မကအစ ကျွန်တော်ကြည့်မရတဲ့အကောင် တူပေါက်စကအစ အကုန်လုံးသိနေပြီးသားဖြစ်မယ်ထင်နေလို့ အထူးတလည် မိတ်ဆက်မပေးတော့ပါဘူး။ ကျွန်တော်အခုပြောချင်တာလေးကတော့ သတင်းထူးလေး ကြေညာချင်လို့ပါ။

အဟမ်း။ အဟမ်း။ ဟမ်း။

ဟုတ်ကဲ့..။

ကျွန်တော့်နဲ့.. ဦးပြောင်..အဲ့..ကိုကိုနဲ့ ညားသွားပါပြီ။

အဲ့တာလေးကို လာပြောပြတာပါ။ အားလုံးလည်း တူတူ ၀မ်းသာရအောင်ပေါ့လေ။ ဟေး..ရို့..။ ကိုကို့အိမ်မှာအခုတူတူနေပြီး အတူတူထမင်းချက်စားကြတယ်။ အတူတူ အိမ်အလုပ်တွေမျှဝေလုပ်တယ်။ အတူတူဈေးသွားဝယ်တယ်။ အတူတူ တီဗွီကြည့်တယ်။ ကိုကို့အလုပ်ကိုလည်း လိုက်သွားတယ်။ ကိုကိုကလည်းလေ ကျွန်တော့်ကို အခုဂရုစိုက်လိုက်တာမှ တုန်နေတာရော။ သိလား။ သိလား။ အဲ့လောက်ဆို ညားတယ်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား။ အဲ့တာကြောင့် ညားတယ်လို့ဘဲ ပြောလိုက်တော့မယ်။

ညားတယ်ဆိုလို့လည်း ပျော်မနေကြနဲ့ဦး။ ကျွန်တော်တို့က ဖွတ်ခနဲ ကောက်ညားသွားကြတာ မဟုတ်ဘူး။ စာရေးသူ မမသက်တန့်ရောင်က သာ ရေးရမှာ ပျင်းလို့ ကျော်ချပစ်လိုက်တာ။ လွယ်လွယ်ကူကူညားခဲ့တာတော့ မဟုတ်ဘူး။ ကြားထဲမှာ အခက်အခဲတွေက အများကြီးရင်ဆိုင်ရသေးတာ။ ဘ၀က ရိုမီရိုနဲ့ဂျူးလီယက် နီးပါးဘဲ။ ကျွန်တော်တို့က ညားသွားသေးလို့ သူတို့လောက် အဖြစ်မဆိုးတာ။

အဓိက ဗီလိန်ကြီးကတော့ ခင်ဗျားတို့ရဲ့အချစ်ဆုံး ကိုလေးလေ။ ကိုလေး။ သိတယ်မဟုတ်လား။ သူဟာ အခု ကျွန်တော့်ရဲ့ ဒုတိယအဖေလိုဘဲ။ ပြောရရင်အဖေအရင်းကမှ တော်ဦးမယ်။ အစ်ကိုရင်းလက်ထက်မှာ ကျွန်တော့်မှာ လှောင်အိမ်ထဲက ကြွက်ကလေးလို ဖြစ်နေတော့တာဘဲ။ ဟိုသွားလည်း ချုပ်ချယ်၊ဒီသွားလည်း ချုပ်ချယ်၊ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနဲ့။ နောက်ဆုံးသည်းမခံနိုင်တော့ အိမ်ပေါ်ကဆင်းလိုက်တယ်လေ။ ဘာစိတ်ပူစရာရှိသေးလဲ။ အဟင်း။ တင်းကျွေးမယ့် ကိုကိုတစ်ယောက်လုံး ရှိတယ်လေ။

စိန်ပန်းပြာဒဏ္ဍာရီ-စိန်ပန်းပြာဒဏ္ဍာရီWhere stories live. Discover now