Extra-6-Unicode

5.6K 542 195
                                    

သော်လွှမ်းအိပ်ရာပေါ်မှာ လဲလျောင်းနေရင်း စာကြည့်စားပွဲမှာထိုင်နေတဲ့ကိုကို့ကို ကြည့်နေသည်မှာ အတော်ကြာပေပြီ။ စာရင်းဇယားတွေ လုပ်နေတဲ့ကိုကိုသည် ခေါင်းရှုပ်နေဟန်ဖြင့် မျက်မှောင်ကို ခဏခဏကျုံ့သည်။ ပြီးလျှင် စာရင်းစာအုပ်ထဲက စာရင်းတွေကိုတစ်ခါပြန်ကြည့်သည်။ ကြည့်ရတာ စာရင်း မကိုက်လို့ ခေါင်းကိုက်နေတယ်ထင်ပါရဲ့။

သော်လွှမ်းကတော့ နာရီကိုတကြည့်ကြည့်နှင့်သာ လုပ်နေမိလေသည်။ လက်တံတိုကတော့ ဆယ်နာရီကို ညွှန်ပြလျှက်။

"ကိုကို။ နောက်ကျနေပြီလေ။ လာတော့။"

စိတ်မရှည်တဲ့အဆုံး သော်လွှမ်း လှမ်းအော်ခေါ်လိုက်ပေမဲ့ ကိုကိုက မကြားပါ။ သူ့နဖူးပြောင်ပြောင်ကို ပွတ်လိုက်၊ ဇက်ကို ဟိုဘက်ဒီဘက်ချိုးလိုက်နှင့် သက်ပြင်းချလိုက်နှင့်သာ စာရင်းထဲ အာရုံစိုက်လျှက်ရှိတော့သည်။ ဒီတိုင်းအော်ခေါ်နေလျှင်တော့ ကိုကို ကုတင်ဆီ ရောက်လာဖို့ မရှိနိုင်တာသိလိုက်ပြီမို့ သော်လွှမ်း ကုတင်ပေါ်မှထလိုက်သည်။

"ဟင်။သော်လေး။"

ပုခုံးကို နောက်ကသိုင်းဖက်လိုက်တော့မှ ကိုကိုကလှည့်ကြည့်လာတော့သည်။

"အိပ်တော့လေ။ နောက်ကျနေပြီ။"

ခေါင်းကိုဖွဖွလှမ်းပုတ်လျှက် ကိုကိုကဆိုသည့်တိုင် သော်လွှမ်းကတော့ ကိုကို့ကိုမှီတွယ်ထားရာမှ မလွှတ်ပေးပါချေ။ အေးစက်နေတဲ့ကိုကို့ပါးနားကို ပါးချင်းအပ်လိုက်ရင်းဖြင့် သော်လွှမ်း ထပ်ချွဲလိုက်မိသေးသည်။

"ကိုကိုချော့သိပ်မှ ဒီကလေးလေးက အိပ်မှာလို့။"

"ဒီကလေးဆိုးလေးကတော့။"

ကိုကိုက သော်လွှမ်းရဲ့ခေါင်းကို ခပ်ဖွဖွလေးတစ်ချက်မျှထုလိုက်လေသည်။ ကိုကိုအသည်းယားတဲ့အခိုက်အတန့်တွေမှာကိုကိုကသော်လွှမ်းကို မနာတနာလေး နဖူးကို ဖွဖွထုကာ ကျီစယ်တတ်သည်။

"ကိုယ်အလုပ်များနေတယ်လေ။ ကိုယ့်ကိုစောင့်ရင် အိပ်ရာဝင်နောက်ကျလိမ့်မယ်။ အရင် အိပ်နှင့်လေနော်။ "

စိန်ပန်းပြာဒဏ္ဍာရီ-စိန်ပန်းပြာဒဏ္ဍာရီWhere stories live. Discover now