Extra-1-Unicode

5.1K 644 78
                                    


"အပြင်သွားတော့မလို့လား။"

"အင်း။"

ရေမိုးချိုးအဝတ်စားလဲပြီး အပြင်ထွက်ဖို့ပြင်နေတုန်း သော်လေးကို လှမ်းပြောရသည်။ အိမ်သားတစ်ယောက်ပိုလာပြီဆိုတော့ အဘွားအပြင် ဒီကောင်လေးကိုလည်း စိုင်းဝေယံမှာ မမေ့မလျော့နူတ်ဆက်ရသေးသည်။ အပြင်သွားဖို့ပြင်ဆင်ထားတဲ့ ကိုကို့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် သော်လွှမ်းမျက်လုံးက အပေါ်ဘက်တစ်နေရာမှာ ရပ်တန့်သွားလေသည်။ ထို့နောက် အလိုမကျစွာနှင့် မျက်မှောင်ကို ကုတ်လိုက်မိသည်။

"လာဦး။ဒီနားလာဦး။"

နူတ်ဆက်ပြီးလို့ ကားသော့ကိုဆွဲပြီး အိမ်ပြင်ကိုခြေတောင်ချနေပြီ။ အဲ့တာကို အတင်းပြန်ဆွဲခေါ်နေတဲ့ သော်လေးကြောင့် စိုင်းဝေယံမှာ အိမ်ထဲကို တရွတ်တိုက်ဆွဲပြီး ပြန်ပါလာရလေသည်။ ပြီးတော့ စိုင်းဝေယံကိုအိမ်ရှေ့ခန်းထဲက ခုံပေါ်မှာ အတင်းဆွဲချထိုင်ခိုင်းသည်။ ထို့နောက် ဘူးတစ်ဘူး သွားယူပြီး စိုင်းဝေယံနားပြန်ရောက်လာတဲ့ သော်လေး။ ငြင်းဆန်ခွင့်တောင် မရလိုက်ဘဲ ခေါင်းပေါ်စီးကျလာတဲ့ စေးပျစ်ပျစ် အရည်အချို့။

"ဟာ။ သော်လေးကကွာ။ သွားခါနီးလာခါနီးကိုလုပ်ပြီ။"

အနံ့နဲ့တင် ခေါင်းပေါ်လောင်းချတာတွေက သံလွင်ဆီတွေမှန်း စိုင်းဝေယံ သိလိုက်သည်။

"ဘာကိုလုပ်ပြီလဲ။ ကိုကို့ဆံပင်ကို သံလွင်ဆီ မှန်မှန်လိမ်းပေးပါ လို့ ပြောထားတယ်မဟုတ်ဘူးလား။ အသက်က ၃ဝမပြည့်သေးဘူး။ငယ်ငယ်လေးနဲ့ ထိပ်ကပြောင်ချင်နေပြီ။"

ထိပ်ကမပြောင်ပါဘူး။ နဖူးကကျယ်ပြီးရှေ့ဆံပင်က ပါးနေလို့ပါလို့ ရှင်းပြလည်း အဲ့ပါးနေတဲ့ ဆံပင်ကို ပြန်ထူဖို့ဆိုပြီး အားရှိသရွေ့ဆီတွေပွတ်လူးပေးနေတော့တာဘဲ။ စိုင်းဝေယံကလည်း ငယ်ငယ်ကတည်းက ဗိုလ်ကေအတိနှင့် နေလာပြီး ဆီမလူးဘာမလူးနေလာတဲ့ကောင်ဆိုတော့ အဲ့ဆီမွှေးတွေ သဘောမကျဘူး။

"ငြိမ်ငြိမ်နေနော်။ သေချာလူးပေးနေတယ်။"

စိုင်းဝေယံကိုနည်းနည်းလေးတောင် လူပ်ခွင့်မပေး။ သော်လေးနဲ့မှဘဲ ဆံပင်လည်း အရင်လိုဆံတိညှပ်မရဘဲ အရှည်ထားနေရတယ်။ ဆီလည်းလူးနေရတယ်။ ငြင်းမရမှန်းသိတော့ ဘာလုပ်လုပ်လွှတ်ပေးထားလိုက်သည်။

စိန်ပန်းပြာဒဏ္ဍာရီ-စိန်ပန်းပြာဒဏ္ဍာရီWhere stories live. Discover now