Extra-4-Zawgyi

2.6K 223 12
                                    


မှောင်အတိကျသွားတဲ့ တီဗွီမှန်သားပြင်။ ထို့နောက် စိုင်းဝေယံ လက်ထဲက ရီမုကွန်ထရိုးကို စားပွဲပေါ်ပစ်တင်လိုက်သည်။ ခန္ဓာကိုယ်ကိုလူပ်ရှားလိုက်သည့်အချိန် ဘယ်ဘက်လက်မောင်းပေါ်မှာ ပိကျလာတဲ့အလေးချိန်ကို အတွေ့အာရုံက ခံစားလိုက်မိသည်။ လှည့်ကြည့်လိုက်တော့ လက်မောင်းပေါ်ခေါင်းမှီထားတဲ့ သော်လေး။ ခေါင်းငိုက်စိုက်ချထားတာကြောင့် မျက်နှာလေးကိုတော့ မမြင်ရ။

"အိပ်ပျော်သွားပြီလားမသိဘူး။"

စိုင်းဝေယံနူတ်ကခပ်တိုးတိုးရေရွတ်ရင်း ခေါင်းလေးကို အသာပင့်မလိုက်သည်။ နိုးသွားမှာလည်းစိုးရိမ်ရသေး။်ဇက်က တပတ်လည်ပြီး စိုင်းဝေယံပုခုံးပေါ်သာ ပြန်စိုက်ကျလာတာကြောင့် အိပ်မောကျနေပြီမှန်း သိလိုက်ရသည်။

မထူးပါဘူး။ အိပ်ခန်းထဲဘဲ သယ်သွားပေးရမှာပေါ့။

အပေါ်ထပ်ထိ မသယ်နိုင်တာနဲ့ဘဲ စိုင်းဝေယံ အောက်ထပ်ကအခန်းထဲဘဲ ထည့်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ကိုယ်ကတော့ ဒီနေ့လည်း အပေါ်ထပ်က သူ့အခန်းထဲအိပ်ရမှာပေါ့။ ဒကောက်ကွေးဒူးဆစ်လောက်ကနေ ပွေ့လိုက်တော့ ၀ါဂွမ်းစလေးတစ်စလို စိုင်းဝေယံရင်ခွင်ထဲ ပါလာလေသည်။ ပွေ့ချီထားရင်း အမြတ်တနိုးနှင့် ငုံ့ကြည့်မိသေးသည်။ ရင်ခွင်ထဲခေါင်းတည်ပြီးအိပ်နေတာ ပီဘီကလေးလေးလိုပင်။ ခြေဖျားလက်ဖျားတွေထိလုံအောင်ဖုံးထားတဲ့ အ၀ါရောင်ည၀တ်ဝမ်းဆက်လေးက ကိုယ်လုံးကိုပိုသေးငယ်သွားစေပုံရပြီး ၂၁နှစ်အရွယ်ကောင်လေးကို ၁၀နှစ်လောက် ပိုနုနယ်သွားစေသည်။

အိပ်ခန်းတံခါးကို ကိုယ်နှင့်တစောင်းတိုက်ဖွင့်လိုက်ရင်း အခန်းထဲဝင်လိုက်ကာ ကုတင်ပေါ်အသာအယာလေး တင်ပေးလိုက်သည်။ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ကလေးငယ်ဟာ အပူအပင်ကင်းလွန်းသည်။ စောင်ကို ရင်ဘတ်အထိ ဆွဲခြုံပေးရင်းမှာဘဲ တဘက်သို့စောင်းကျနေတဲ့ မျက်နှာလေးကို စိုင်းဝေယံ သတိလက်လွတ်ငေးမောမိသွားသည်။

ထိပ်ကလေးလုံးနေတဲ့ နှာတံလေးအောက်က နူတ်ခမ်းထူထူအိအိလေးတွေ။ အေးနေတဲ့ပတ်ဝန်းကျင်ကြောင့် သွေးရောင်လွှမ်းနေတဲ့ ပါးပြင်မို့မို့လေး။ အချောအလှတွေပေါလွန်းတဲ့ ဒီကမ္ဘာကြီးမှာ ဒီမျက်နှာလေးကို ချောလှတယ်မမြင်မိပေမဲ့ ဒီတန်းနေတဲ့ မျက်ခုံးထူထူလေးအောက်က ပိတ်ထားတဲ့မျက်လုံးလေးတွေများ ပွင့်လာရင် ရင်ထဲလိုက်ခုန်သွားတဲ့အထိတော့ ဖမ်းစားခံရဖူးသည်။

စိန်ပန်းပြာဒဏ္ဍာရီ-စိန်ပန်းပြာဒဏ္ဍာရီWhere stories live. Discover now