|9|

3.6K 498 67
                                    

"ကိုကို့ ...လွမ်းနေတာ...သတိရလွန်းလို့ သေပြီလို့တောင် ထင်တာ။"

"ရိ..ရိပေါ်...?"

"ခဏလေး..ခဏလေး ဒီတိုင်းနေပေးပါဦး။ ကျွန်တော်ဖက်ထားချင်လို့ပါ"

ရိပေါ်က ငိုယိုကာ ပြောတော့ ရှောင်းကျန့်က အသာငြိမ်နေပေးလိုက်သည်။ ရိပေါ်ထံမှ ရှိက်သံလေးတွေတိုးပြီး သူ့ခါးမှာ ချိတ်ထားတဲ့ လက်တွေက အားလျော့သွားပြီဆိုတော့မှ ဖြည်းဖြည်းချင်းဖြုတ်လို့ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် အနေအထားကို ပြောင်းလိုက်သည်။

​ရိပေါ်က မျက်ရည်စီးကြောင်းကြီးနှစ်ခု ပါးမှာထင်းနေပြီး ပါးတွေရော နားတွေရော နီရဲလို့။ ရှောင်းကျန့်အသည်းယားစွာဖြင့် ရိပေါ်မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ကာ မျက်ရည်စတွေကို ဖယ်ရှားပေးလိုက်သည်။

မျက်ခမ်းစပ်ရဲရဲလေးနဲ့ ငိုထားလို့ရဲနေတဲ့ နှာထိပ်လေး။ ပြီးတော့ စိုစွတ်နေတဲ့ နှုတ်ခမ်းလုံးလုံးလေး။ ရှောင်းကျန့်က ရိပေါ်ရဲ့ မျက်နှာ အစိပ်အပိုင်းတစ်ခုကို ကြည့်ရင်း ရေငတ်လာသလို ခံစားလိုက်ရသည်။

"ကိုကို ..ဘာလို့ အကြာကြီး စိုက်ကြည့်...အွန့်"

သူ့ကို အကြာကြီးစိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကို စကားပြောဖို့ စဉ်းစားနေတုန်းမှာပဲ ရှောင်းကျန့်က သူ့မျက်နှာကို အတင်းဆွဲယူ နမ်းလိုက်တာကြောင့် ရိပေါ်မှာ ခြေဖျားလေးပင်ထောက်မိပြီး ခါးလေးကော့ကာ ရှောင်းကျန့်ရဲ့ ဆွဲခေါ်ရာနောက် ပါသွားခဲ့ရသည်။

​ထိတွေ့ခံစားနေရတဲ့ ရှောင်းကျန့်ရဲ့ အနမ်းတွေက ဘယ်လိုမှ မနူးညံ့။ ပါးစပ်ထဲ အတင်းတိုးဝင်ရစ်ပတ်လာတဲ့ ရှောင်းကျန့်ရဲ့ လျှာဖျားတွေကြောင့် ရိပေါ်က အသက်ရှူပင်ကြပ်လာပြီး ခြေထောက်တွေပါ ခွေကျချင်လာသည်။

တဖြည်းဖြည်း ပြိုကျလာတဲ့ ရိပေါ်ရဲ့ ခန္ဓာကိုယ်ကို ရှောင်းကျန့်က ကောက်ပွေ့လိုက်ပြီး ခြေထောက်တွေကို သူ့ခါးထက် ချိတ်ထားစေသည်။ အနမ်းတွေကိုတော့ အပြတ်လပ်စေရ။ ထို့နောက် အနီးနားရှိ ထမင်းစားပွဲပေါ်သို့တင်ကာ အနမ်းတို့ကို အရှိန်မြှင့်လိုက်သည်။

Meant to be [Completed ]Where stories live. Discover now