|4|

3.5K 460 5
                                    

လွန်ခဲ့သည့် ၉နှစ်ခန့်က.....

ရိပေါ်ဟာ အသက်၁၆နှစ်အရွယ်ကစ၍ ရှောင်းကျန့်အပေါ်ထားတဲ့ သူ့ရဲ့ မေတ္တာတွေက အဖြူရောင်ကနေ အရောင်တွေပါလာခဲ့သည်။ ငယ်ငယ်က မွေးချင်းမောင်နှမမရှိလို့ ရှောင်းကျန့်ကို အကိုတစ်ယောက်လို တွယ်တာရုံလို့ပဲ ထင်ခဲ့တဲ့ရိပေါ်က တကယ်တော့ အကြည့်စူးစူး၊ အပြုံးချိုချို၊ ချောမောတဲ့ရုပ်ရည်၊ သူ့ထက်ခေါင်းတစ်လုံးသာတဲ့အရပ်တို့နဲ့ ကြည့်ကောင်းနေပြီဖြစ်တဲ့ ၂၂အရွယ်ရှောင်းကျန့်ကို စိတ်အာရုံတို့ တိမ်းညွှတ်ခဲ့ပြီးဖြစ်သည်။

သူရှောင်းကျန့်ကို ချစ်သည်။ အကိုတစ်ယောက်ထက်ကို ပိုလွန်၍ ရင်ခုန်သည်။ ရင်ခုန်တတ်စအရွယ်မှာ သူပထမဆုံးရင်ခုန်ခဲ့ဖူးတာက မှဲ့နက်လေး ခိုလှုံရာ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းပါးတွေပဲဖြစ်တော့သည်။

ရိပေါ်က ရှောင်းကျန့်ဆီမှ မေတ္တာကို ငံ့လင့်ပါသည်။ သို့ပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက အေးခဲသွားတဲ့ ဆက်ဆံရေးမှာ သူ့ဘက်က ရှေ့တိုးဖို့ ခက်နေတာပါပဲ။ နဂိုကတည်းက ရှောင်ဖယ်ချင်နေတဲ့ ကိုကိုက သူချစ်နေတာများ သိသွားခဲ့ရင် မုန်းလို့သွားမလားတောင် စိုးမိပါသည်။

.
.
.

ရိပေါ်က အထက်တန်း စာမေးပွဲနီးတာကြောင့် အိမ်ရှေ့ဧည့်ခန့်မှာ စာအုပ်တွေ ဖြန့်ချနေသည်။ တရုတ်စာပေကို အာရုံစိုက်ပြီး မှတ်နေတုန်းမှာပဲ အနောက်က တစ်စုံတစ်ယောက်က ကြည့်နေသည်ဟု ခံစားရတာကြောင့် ရိပေါ် လှည့်ကြည့်လိုက်တော့ ကော်ဖီခွက်ကိုင်ပြီး သူ့ကို စိုက်ကြည့်နေတဲ့ ရှောင်းကျန့်။ ရိပေါ် ခပ်ကြောင်ကြောင်လေး ဖြစ်သွားရသည်။

"ဟို ကိုကို ...ဘာလိုလို့လဲ"

ရိပေါ် မေးလိုက်တော့ ရှောင်းကျန့်က ခေါင်းခါပြပြီး သူ့ဆီလျှောက်လာကာ လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်တင်​ေပးလိုကါသည်။

"ကော်ဖီ သောက်ဦးလေ။ စာတွေကျက်တာ မောနေမှာပေါ့"

ထူးထူးဆန်းဆန်း သူ့နားထိုင်ကာ စကားတွေပြောနေသည့် ကိုကို့ကို ရိပေါ် ငေးကြည့်နေမိသည်။

Meant to be [Completed ]Onde histórias criam vida. Descubra agora