|8|

3.5K 467 27
                                    

ရိပေါ်က စာအုပ်စင်ပေါ်မှာ တင်ထားတဲ့ ပါးနဲ့မားရဲ့ ပုံကို ယူကြည့်လိုက်သည်။ ၇နှစ်ကြာသွားပေမယ့် သူ ပါးနဲ့မားကို အရင်လိုပဲ လွမ်းပါသည်။ သေချာတောင် နှုတ်ဆက်ခွင့် ရမသွားခဲ့လို့လည်း ခံပြင်းသည်။ ဆိုးခဲ့တာတွေအတွက် တောင်းပန်ချင်သည်။
ပါးနဲ့မားနဲ့သာ လောကကြီးထဲက ထွက်မသွားပဲ ကိုကိုနဲ့ ခွင့်ပြုပါတယ်ဆိုတဲ့ စကားပြောပေးခဲ့မယ်ဆို အခုလောက်ဆို သူလည်း ကိုကိုနဲ့ ပျော်နိုင်ကောင်းပါရဲ့။ ဖြစ်လာရမယ့်အရာတွေက အကုန်လုံးလွဲချော်ခဲ့တော့ နှလုံးသားတွေက ဓားစာခံဖြစ်ကုန်ရသည်။

"မား...ကိုကိုက ဆိုးတယ်။"

"မားတို့မရှိတော့ ကိုကိုက သားကို မချစ်တော့ဘူး။"

"ပါပါး ကိုကို့ကို မင်္ဂလာဆောင်ရင် ရိုက်မယ်ဆိုပြီး ခြိမ်းခြောက်ပေးပါဦး"

"မားမား..ကိုကိုက ကျွန်တော့်ကို ထားသွားတော့မှာ"

"ကျွန်တော်က တစ်ယောက်ထဲ ကျန်ခဲ့တော့မှာ..လုပ်ပါဦး...ကိုကို့ကို တားပေးပါဦး"

ရိပေါ်က စာအုပ်စင်ပေါ်က ဓာတ်ပုံလေးကို ရင်မှာပိုက်ရင်း ငိုတယ်။ ဒီငါးနှစ်လုံး သူကိုကို့ကို မေ့နိုင်ပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ်လိမ်ထားရတာ။ ကိုယ့်ကိုကိုယ်လိမ်ရင်း အလုပ်တွေဖိလုပ်၊ ကိုကို့အပေါ် ခပ်တန်းတန်း ဆက်ဆံရင်း သံယောဇဉ်တွေ ဖြတ်တောက်နိုင်မယ်ထင်ခဲ့တာ။ ဒါပေမယ့် တကယ်တန်းလည်း ဆုံးရှုံးရမယ်ဆိုတော့ သူမှာ သွေးရူးသွေးတန်း။ တကယ်တော့ သူကိုကို့ကို စွန့်လွှတ်ခဲ့တာ မုန်းလို့မှ မဟုတ်ခဲ့တာ။ မချစ်တော့လို့မှ မဟုတ်ခဲ့တာ။ ကိုကို့ကို ကောင်းစေချင်လို့ပါ။ သူက ကိုကို့အတွက် အနှောက်အယှက်တစ်ခုလို ဖြစ်နေခဲ့လို့ပါ။

-📦

လွန်ခဲ့သည့်၅နှစ်ခန့်က....

ပါးနဲ့မားဆုံးပြီးတဲ့နောက် ကိုကိုက အများကြီး ရင့်ကျက်သွားသည်။ ရိပေါ်နဲ့ တီတီတာတာတွေ ချစ်စကားတွေ ပြောမနေတတ်တော့ပဲ စာကြိုးစားဖို့ ပြောပြီး ထမင်းပုံမှန်စားဖို့ ပြောတတ်တဲ့ အုပ်ထိန်းသူ ပုံစံမျိုး ဖြစ်လာခဲ့သည်။ အရင်ရွေးချယ်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲကိုလည်း ဖျက်ခဲ့ပြီး Bandကနေ ခွဲထွက်ကာ ပေကျင်းက နာမည်ကြီး Entertainmentက ကျင်းပတဲ့ သီချင်းဆို ပြိုင်ပွဲကို ရွေးချယ်ခဲ့သည်။

Meant to be [Completed ]Where stories live. Discover now