ရိပေါ် လော့ရန်ကိုရောက်နေသည်မှာ ၄ရက်ပင်ရှိခဲ့ပြီ။ နောက်၃ရက်နေရင် ရှောင်းကျန့်နဲ့ မင်ယွီကျဲလာတော့မယ်ဆိုတာ တွေးလိုက်တော့ စိတ်ထဲ လေးခနဲ။ အသက်ရှူရပင်ခက်ခဲသွားသလို။
ရိပေါ် အိပ်ယာနိုးနေပေမယ့် ထရမှာပျင်းတာကြောင့် အခန်းထဲတစ်ပြောက်နှစ်ပြောက် ဖြာကျနေတဲ့ နေရောင်ခြည်ကို လျစ်လျူရှုပြီး ပေအိပ်နေမိသည်။ ခေါင်းအုံးဘေးက ဖုန်းLock screenကို ကြည့်လိုက်တော့ ၈နာရီ ၄၆မိနစ်။ ၉နာရီထိုးတာနဲ့ ထမည်ဟု တွေးလိုက်ကာ ဖုန်းသုံးနေလိုက်သည်။ သူ social media တွေနဲ့ အဆက်ပြတ်နေတာ လော့ရန်ကို ရောက်လာကတည်းကလေ။
ရိပေါ် Weibo Accထဲဝင်ကြည့်လိုက်တော့ ရှောင်းကျန့်ရဲ့ မနေ့ကLiveဖျော်ဖြေမှုအကြောင်းတွေနဲ့ ပြည့်နက်လို့နေသည်။ အပေါ်ဆွဲလဲ suitအနက်နဲ့ဆံပင်တို ညပ်ထားတဲ့လူကြီးပုံ၊ အောက်ဆွဲလဲ ဒီsuitအနက်နဲ့လူကြီးပဲ။ Hot search မှာတော့ "ရှောင်းကျန့်ရဲ့ ကြယ်လေးက ဘယ်သူလဲ" ဆိုတာက Trending ဖြစ်လို့နေသည်။ မကြာခင် မင်္ဂလာသတင်းကြားရတော့မယ့် Idolမို့ ပရိတ်သတ်ကများစွာ စိတ်ဝင်စားကာ အမျိုးမျိုးထင်ကြေးပေးနေကြသည်။
ပျင်းလို့ ဖုန်းသုံးတာကို တဖြည်းဖြည်းကျက်သရေပါတုံးလာတော့ ရိပေါ်ဖုန်းပိတ်ပစ်လိုက်တော့သည်။ နာရီကို ကြည့်လိုက်တော့ ၉နာရီ ၂မိနစ်။
ရိပေါ်အတွက် လော့ရန်မှာ လည်စရာပတ်စရာ နေရာရော သူငယ်ချင်းရော မယ်မယ်ရရမရှိတာမို့ ဒီနေ့လည်း အိမ်မှာ ဟိုလုပ်ဒီလုပ်ဖြင့် ကုန်ဆုံးရမည်သာဖြစ်သည်။
မနက်စာစားဖို့ မပြင်ဆင်ခင် မနေ့ညက စားပြီးမဆေးထားတဲ့ ခေါက်ဆွဲပြုတ်အိုးနဲ့ ပန်းကန်က ပန်းကန်ဆေးဘေစင်မှာ ရိပေါ်ကို ကြိုဆိုနေတာကြောင့် ဆေးကြောရေးအမှုကို ပြုရသေးသည်။ သူများတွေတော့ "မနက်အိပ်ယာထရင် စိတ်ကကြည်လင်နေတာပဲ" ဆိုပြီး ပြောကြပေမယ့် ရိပေါအတွက်တော့ ထိုသို့မဟုတ်။ ရိပေါ်က အိပ်ရာထလျှင် စိတ်မကြည်တတ်သည်က များပြီး ဆူပုတ်ပုတ်ဖြစ်လို့နေသည်။ အခုလည်း နှုတ်ခမ်းကြီးဆူပြီး ပန်ကန်ဆေးနေတာများ မသိလျှင် ပန်းကန်နဲ့သူက ရန်သူတွေအလား။
YOU ARE READING
Meant to be [Completed ]
FanfictionXiao Zhan x Wang Yibo [Unicode Only] Gift for my Precious Hwan 🌸