|10|

3.9K 498 69
                                    

"ရိပေါ်"

"ကိုကို? ဘာလာလုပ်တာလဲ"

ရိပေါ်က သူ့ရှေ့က ရှောင်းကျန့်ကို မျက်ခုံးတွေ တွန့်ချိုးကာ လေသံမာမာနဲ့ မေးလိုက်သည်။

တကယ်ပဲ ဘာလာလုပ်တာလဲ။ ဒီအချိန်ပေကျင်းမှာ ရှိနေရမယ့်သူက အခု သူတို့အိမ်ကို....။

ရိပေါ် အံ့ဩသလို စိတ်က ဆတ်ခနဲ။ ဒေါသလည်း ထွက်သွားရသည်။

"အော်..ကိုယ် schedule တွေ စောပြီးလို့ ၃ရက်စောထွက်လာတာလေ။ အစက ဟိုတယ်မှာ တည်းမလို့ပေမယ့် ရိပေါ်လည်း အိမ်ပြန်ရောက်နေတာမလို့ ကိုယ်လည်း အိမ်ပဲ ပြန်လာခဲ့တာ"

"ဘယ်တော့မှ ပြန်မလာဘူးဆို"

"ရိပေါ်ပဲပြောတော့ အရင်ကပေးခဲ့တဲ့ကတိတွေနဲ့ မဆိုင်ဘူးဆို။"

"ဒါ....ဒါက..."

"အဲ့တော့ ကိုယ်လည်း အဲ့လိုပဲလေ။ဒီတိုင်းပဲ နေချင်လို့လာနေတာပေါ့"

ရှောင်းကျန့်ရဲ့ ခပ်အေးအေး လေသံနဲ့ ပြုံးစစမျက်နှာတို့က ရိပေါ်ကို ပိုလို့ ဒေါသထွက်စေသည်။

"ကိုကို ...ခင်ဗျား!!!!"

ဒေါသ​ေတွ တရှူးရှူးတရှဲရှဲ ထွက်နေတဲ့ ရိပေါ်ကိုကြည့်လို့ ရှောင်းကျန့်က ပို၍ ပြုံးလာသည်။ ရှောင်းကျတ့်မျက်စိထဲမှာတော့ အင်္ကျီအဝါရောင်နဲ့ သူ့ရှေ့ကရိပေါ်က ဒေါသထွက်နေတာနဲ့ မတူပဲ စိတ်ကောက်နေတဲ့ ကြက်ပေါက်ကလေးနဲ့ သာ၍တူနေတော့သည်။

"ကဲပါ...ကိုကို အိတ်တွေ သယ်ထားရတာ ညောင်းနေပြီ။ ပြီးတော့ ကိုကိုက အပြင်မှာ ကြာကြာနေလို့မကောင်းဘူး။ ကိုကို အိမ်ထဲဝင်တော့မယ်"

ထိုသို့ပြောပြီး ရှောင်းကျန့်က ရိပေါ်ကိုကျော်လို့ အိမ်ထဲကို ဝင်သွားလိုက်သည်။ ရိပေါ်မှာ အခုထိ ဖြစ်သွားတဲ့ ကိစ္စတွေကို မယုံနိုင်သေး။ တကယ်ဆို ကိုကိုအိမ်ပြန်လာဖို့ဆိုတာ သူမျှော်လင့်ခဲ့ပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စကြီးမဟုတ်လား။

ရှောင်းကျန့်က အိမ်ထဲဝင်ခါနီး အပေါက်ဝမှာ ကျန်ခဲ့တဲ့ ရိပေါ်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ တကယ်တော့ ရှောင်းကျန့်က ရိပေါ် အိမ်ပြန်တယ်ဆိုတာ သိကတည်းက လော့ရန်ကို ပြန်လာဖို့ Schedule တွေကို တမင် အပြတ်ဖြတ်ခဲ့ခြင်းသည်။ ရိပေါ် အိမ်မှာရှိမရှိကိုလည်း သူ့မန်နေဂျာကို ဖုန်းဆက်လို့ မေးရသေးသည်။ ရိပေါ်လို ပြတ်သားပြီး စိတ်မာတဲ့ ကောင်လေးက သူတစ်ခါပြောပြီးသားကို ဘယ်အကြောင်းကြောင်းမှ ပြင်မှာမဟုတ်။ ပြီးတော့ သူ့ကို ရိပေါ်လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကိုလည်း အခုထိ ရှောင်းကျန့်က မတင်မကျဖြစ်နေတုန်း။ ဒီကြားထဲ ရိပေါ်က ဘယ်လိုမှ အဆက်သွယ်မခံလို့ သေချာမမေးဖြစ်ခဲ့တာ။ ဒါပေမယ့် အခု ရှောင်းကျန့်မှာ ရိပေါ်နဲ့ တွေ့ဖို့ အခွင့်အရေးရပြီမလား။ သူ လက်မထပ်ခင်တော့ ရိပေါ်နဲ့ သူ့ကြားက အစိုင်အခဲတွေကို ရှင်းသွားရမည်ဟု ရှောင်းကျန့်က တွေးလိုက်သည်။

Meant to be [Completed ]Where stories live. Discover now