ပြန်မလာတာ ၅နှစ်ကြာခဲ့ပြီဖြစ်တဲ့ မွေးရပ်မြေ လော့ရန်မြို့သို့ ရိပေါ် ပြန်ရောက်လာခဲ့သည်။
လော့ရန်မြို့က ဆိုင်အသစ်အချို့တိုးလာတာရယ်၊ လမ်းအချို့ပြင်လိုက်တာရယ်ကလွဲလို့ ဘာမှမပြောင်းလဲ။ အရာအားလုံး သူအသက်၂၀တုန်းကအတိုင်း ရှိနေဆဲဖြစ်သည်။
ရိပေါ်တို့ရဲ့ အိမ်ပတ်ဝန်းကျင်မှာ မိသားစုတစ်စုနှစ်စုလောက်ကတော့ ပြောင်းသွားခဲ့ပြီ။ တကယ်တော့ သူတို့လည်း ပြောင်းသွားတဲ့ မိသားစုတွေထဲ အပါအဝင်ပါပဲ။
အိမ်ခြံဝင်းရှေ့ရောက်ရောက်ခြင်း သံချေးတက်နေတဲ့ သော့ခလောက်တစ်ခုက စီးကြိုနေတာကြောင့် ဒီကြားထဲ ကိုကိုက အိမ်ကို တစ်ခါမှ ပြန်မလာကြောင်း သိရသည်။ ပြန်လာနိုးနိုးနဲ့ သူထားခဲ့တဲ့ သော့အပိုလေးကလည်း စာတိုက်ပုံးအောက်မှာ သူထားခဲ့တဲ့အတိုင်းရှိနေသည်။ အဖြူရောင်ဆေးသုတ်ထားတဲ့ သူတို့ပျဉ်ထောင်အိမ်လေးကလည်း အရောင်ကျွတ်တဲ့နေရာကကျွတ်နဲ့...။ လေဒဏ် မိုးဒဏ်ခံထားရပုံရသည်။
အိမ်ထဲဝင်လိုက်တော့ နေ့ခင်းဘက်ပေမယ့် ခန်းစီးတွေကာထားတာကြောင့် မှောင်မှောင်မည်းမည်း။ ပရိဘောဂတွေကလည်း အဝတ်စအဖြူနဲ့ဖုံးအုပ်လျက်ရှိသည်။
"ဟင်း...."
ဝမ်ရိပေါ် သက်ပြင်းချလိုက်သည်။
လေယာဉ်ပေါ်ကဆင်းဆင်းချင်း ကုတင်ပေါ် ပက်လက်လန်လိုက်ချင်ပေမယ့် ဒါတွေကို သူရှင်းရဦးမည်။
phone ringing*
ရိပေါ် ပစ္စည်းတွေနေရာချနေရင်း ဖုန်းဝင်လာခဲ့သည်။"ဝေ ရိပေါ်။ ရောက်ပြီလား။ အိမ်မှာလား။ အဆင်ပြေရဲ့လား"
ရိပေါ်ရဲ့ မန်နေဂျာ ကျိုးလုယန်ထံမှ ဖြစ်သည်။
"အင်း။ ရောက်ပြီ။ အဆင်ပြေတယ်။"
"ဟုတ်ပြီ။ ဟုတ်ပြီ။ အိမ်တွေ ဘာတွေရှင်းဖို့ ဝန်ဆောင်မှုခေါ်ပေးရမလား။ ဒီကြားထဲ တစ်ခါမှ မရောက်ဖြစ်ဘူးမလား"
"မလိုဘူး"
ရိပေါ်က ဧည့်ခန်းကို ဝေ့ဝဲကြည့်ရင်း ပြန်ဖြေသည်။ ဟုတ်တယ် ...မလိုဘူး။ ဒီအိမ်က ပစ္စည်းတွေ သူကလွဲ တခြားသူထိတာမျိုးမလိုချင်ဘူး။ သူပဲ အပင်ပန်းခံလို့ ရှင်းချင်သည်။
YOU ARE READING
Meant to be [Completed ]
FanfictionXiao Zhan x Wang Yibo [Unicode Only] Gift for my Precious Hwan 🌸