|6|

3.6K 452 14
                                    

လွန်ခဲ့သည့် ၉နှစ်ကျော်လောက်က ...

ရိပေါ်က အခန်းတံခါးမှာ နားလေးကပ်ရင်း အပြင်က TVသံတိတ်မတိတ် နားစွင့်လို့နေသည်။

"ဟာကွာ..ပါပါးကလည်း အိပ်ပါတော့။ ကိုကို့ကို တွေ့ချင်လှပြီဆို"

ပါးနဲ့မားကို အသိမပေးပဲ ခိုးတွဲနေတာမို့ ရိပေါ်က ရှောင်းကျန့်နား စိတ်ကြိုက်နေခွင့်မရ။ ပါးနဲ့မားတို့ အလစ်မှာသာ ချစ်ကြည်နူး တစ်တီတူးရသည်။ ကျန်တဲ့အချိန်တွေဆိုရင်တော့ ရုပ်တည်ကြီးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ခပ်စိမ်းစိမ်းနေပြရတာပေါ့။

တစ်အောင့်ကြာတော့ TVက သတင်းကြေညာနဲ့ မိန်းကလေးအသံက တိတ်သွားပြီး တစ်ဆက်ထဲမှာပဲ မီးခလုတ်ပိတ်သံကို ကြားလိုက်ရသည်။

"ဟိဟိ။ အိပ်ကြပြီထင်တယ်"

ရိပေါ်က ချက်ချင်းပဲ နံရံကို လက်ဖျားလေးနဲ့ ခေါက်လိုက်သည်။

တောက်*

တောက်*

တောက်*

မကြာလိုက် ရိပေါ်ရဲ့ အိပ်ခန်းတံခါးကို ရှောင်းကျန့် ဖွင့်ပြီး ဝင်လာတဲ့အခါ ရိပေါ်က ရှောင်းကျန့်ရဲ့ ရင်ခွင်ထဲတိုးဝင်ပစ်လိုက်​ေလသည်။

"ကိုကို...လွမ်းနေတာ များကြီး"

"ပလီကလေး။ ညစာစားတုန်းကပဲ တစ်စားပွဲထဲ ထိုင်ပြီး စားထားတာလေ။ လွမ်းပြီပေါ့"

"ဟွန်း...ကိုကိုကလည်း အဲ့တုန်းက စကားမှ မပြောရတာ။ မျက်နှာလေး ကြည့်ရတာတောင် ပါပါးကိုက ကြောက်နေရသေးတယ်။"

"ထမင်းစားပြီး ကိုကိုပန်းကန်ဆေးတော့လည်း အသီးခွဲသလိုလိုနဲ့ လာကပ်နေပါသေးတယ်"

"ကိုကိုကလည်း ချစ်လို့ဟာကို..."

"ဟုတ်ပါပြီ ကိုကို့ ချိုချဉ်လုံးလေးရယ်"

ချစ်သူတွေဖြစ်ပြီးသည့်နောက်ပိုင်းတွေ ရှောင်းကျန့် ရိပေါ်ကို ဆက်ဆံပုံတွေက လုံးဝပြောင်းလဲသွားခဲ့သည်။ ရိပေါ်ကို သည်းသည်းလှုပ်စွာချစ်လာသည်။ ရှောင်းကျန့်ရဲ့ အပြုအမူတွေက အရင်က ခါးခါးသီးသီးဖြစ်ခဲ့တဲ့အချိန်တွေနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရ။ ရိပေါ်က တစ်ခါတစ်လေ ကိုကိုက ဘာလို့ အပြောင်းအလဲမြန်ရတာလဲ ဆိုပြီး တွေးမိပေမယ့် လက်ရှိမှာ ရှောင်းကျန့်က သူ့ဘေးနားရှိနေတာမို့ များများစားစား ဆက်၍မစဉ်းစားမိပေ။

Meant to be [Completed ]Where stories live. Discover now