About prince no.1

2.9K 307 17
                                    

Unicode

ကောင်းကင်နတ်ဘုရားဖြစ်တဲ့နတ်မင်းဧကရာဇ်ရဲ့သားအကြီးဆုံးဖြစ်တဲ့မင်းသား1...
မိခင်ဖြစ်သူနတ်နဂါးတိုင်းပြည်ရဲ့အကြီးဆုံးမင်းသားဖြစ်သူကိုယ်ဝန်နှင့်ပျောက်ဆုံးနေသည်မှာညီတော်4နှင့်5မဖွားခင်ကပင်....ဖွားမြင်ပြီးမှသာကလေးငယ်နှစ်ယောက်ကိုပို့ဆောင်ခဲ့သည်။....ဦးရီးတော်ဖြစ်သူကလည်းမိခင်ဖြစ်သူနှင့်တစ်ချိန်တည်းမှာပျောက်ဆုံးခဲ့လေသည်။

မိခင်မေတ္တာငတ်မွတ်နေတဲ့မင်းသားငယ်နှစ်ပါးကို အစ်ကိုကြီးဖြစ်တဲ့ပထမမင်းသားနဲ့ဒုတိယမင်းသားအမွှာနှစ်ယောက်ဖြင့်သာစောင့်ရှောက်ခဲ့ရသည်။ ဖခမည်းတော်ဖြစ်သူမှာလည်းတာဝန်များကြောင့်တစ်ခါတစ်လေမှသာလာရောက်ကြည့်ရှုနိုင်လေသည်။ မအားသည့်အချိန်များတွင် နတ်စစ်သူကြီးဖြစ်သူကိုစေလွှတ်တတ်လေသည်။

မင်းသားငယ်နှစ်ပါးကိုစောင့်ရှောက်ဖို့မိထွေးတော်တွေနှင့်အတူနေစေသော်လည်း အစ်ကိုတော်နှစ်ပါးအနားကမခွါသောကြောင့် မင်းသားကြီးနှစ်ပါးကသာသားသမီးသဖွယ်ပျိုးထောင်ခဲ့ကြရသည်။ အသက်နှစ်7000ကျော်သာရှိသေးတဲ့ညီအစ်ကိုနှစ်ယောက်က ကလေးအဖေတစ်ပိုင်းဖြစ်နေပေပြီ။ အသက်1500သာရှိသေးသည့်တတိယမင်းသားကပါကလေးကူထိန်းပေးရပေသည်{ကလေးကသူ့ပြန်ထိန်းနေရတာခုတောင်နှစ်10000ကျော်ငယ်တဲ့ကလေးနဲ့ပြိုင်ုငင်းနေပြီးတော့}
... {🍁🍁နှစ်5000ဆိုပေမဲ့လူပျိုအရွယ်လေးပဲရှိပါသေးတယ်}....

အမွှာငယ်လေးနှစ်ယောက်က အရွယ်ရောက်လာလေမိခင်ဖြစ်သူနှင့်ပို၍တူညီလာသောကြောင့် အစ်ကိုဖြစ်သူမင်းသားကြီးနှစ်ပါး၏အသဲစွဲပင်ဖြစ်လေသည်။ ဖခင်ဖြစ်သူမှာလည်းသူ့သားငယ်နှစ်ပါးကိုအရမ်းနှစ်သက်အလိုလိုက်ပေသည်။ တတိယမင်းသားမှာတော့ကလေးထိန်းတိုင်းသူ့သားရဲတွင်းထဲကိုခေါ်သွားပေသည်။ ကလေးငယ်နှစ်ယောက်ကအသက်ငယ်သေးပေမဲ့အရှိန်အဝါကသူ့နီးပါးပင်....သူ့သားရဲတွေကိုကလေးကူထိန်းခိုင်းခြင်းဖြစ်ပေသည်။

အသက်100ပြည်သည့်အချိန်မှာ ကိုယ့်စွမ်းရည်ကိုစမ်းသပ်မဲ့အချိန်ရောက်တော့ နတ်ဘုရားများ နတ်မင်းများအားလုံး၏ အာရုံစိုက်မှုက မင်းသားနှစ်ပါးအပေါ်သာရှိလေသည်။

I am a System30 (series1)Where stories live. Discover now