for4.end
ဆူရွန်တို့တွေမြေစွမ်းအားရှိသူတွေကိုအကူအညီတောင်းကာ မြေအောက်လှိုဏ်ဂူတူးပြီးသစ်သားအင်ပါယာထဲအတင်းဝင်လာခဲ့သည်။ မြေအောက်မှာဆိုသော်လည်း သစ်ပင်အမြစ်တွေကအရမ်းကိုရှည်လျားလှသည့်အပြင် လူသားတွေကိုလည်းတိုက်ခိုက်ကုန်ကြသည်။ ဒါမို့အားလုံးက
ဒဏ်ရါကိုယ်စီနှင့်ပင်။မြေပြင်ပေါ်ရောက်တော့ အားလုံးအရင်ဆုံးအနားယူရလေသည်။ ဇွင်းကိုယ်တိုင်လိုက်လာသည်မို့သူ့စိတ်စွမ်းအားရှိတဲ့ဘယ်နေရာကိုမဆိုဝင်လာတဲ့အရာတိုင်းမြေပြင်ထဲနှစ်ဝင်သွားရန်စည်းချလိုက်၏။
အားလုံးပြီးတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကျိုးပျက်နေပေမဲ့ခမ်းနားနေသေးသောကျောက်တိုင်တွေကြောင့် ဒါဘယ်နေရာဖြစ်မည်ကိုခန့်မှန်းမိသည်။
"ဒါနန်းတော်အဝင်ဝပဲ"
ဆူရွန်ကပြောလေသည်။ ရွိုင်းရဲ့စာကြည့်တိုက်ထဲမှာသူဖတ်ဖူးသည်။တချို့ကိုဒီမှါစခန်းချစေပြီး ဆူရွန်ကသူ့သားတွေနှင့်သမီးကိုထားခဲ့ကာ နန်းတော်ထဲဝင်ဖို့ပြင်လေသည်။ အမှန်ကဆူရွန်တစ်ဉီးတည်းဝင်ဖို့ပြင်ခြင်းပေ။ သို့သော်အားလုံးကတစ်သီတစ်တန်းကြီးလိုက်လာချင်ကြသည်။
သူတို့ကမြေအင်ပါယာကလူ၅ဉီးမှလွဲ၍အပြင်လူတွေကိုမခေါ်လာပေ။ ဆူရွန်ရဲ့ကလေး၅ယောက်၊မိုရှာထာနှင့်ဘရိုက်တို့သာပါလာသည်။ ရွိုင်းတို့ကပိုင်ရှင်မဲ့နယ်မြေကသစ်ပင်ကြီးထံသွားနေကာ လာရွန့်တို့ကနယ်စပ်ကသစ်ပင်ကြီးကိုစစ်ဆေးနေလေသည်။ မြေအင်ပါယာက စစ်သူကြီးနှင့် လက်ရွေးစင်၃ဉီးကသူတို့၏အိမ်ရှေ့စံနှင့်အနားယူကာကျန်ခဲ့လေသည်။ မိုရှာထာနှင့်ကလေး၅ယောက်လုံးကိုလည်းထားခဲ့ကာ သူနှင့်ဘရိုက်သာထွက်လာလေသည်။
နန်းတော်ထဲရောက်ရောက်ခြင်း၌သူ့နှလုံးသားကတစ်နေရာသို့သွားရန်တိုက်တွန်းနေသည်။ အစကအနားတစ်ဝှိုက်ဘေးကင်းမကင်းကိုသာကြည့်ရှူရန်ဆိုပေမဲ့အချိန်မနှေးဘဲ ထိုနေရာသို့သွားဖို့ဆုံးဖြတ်လိုက်သည်။
သူ့ရွေးချယ်မှုကမှန်သွားသည်။
နန်းတော်ရဲ့ရင်ပြင်လိုနေရာမှာသစ်ပင်ကြီးတစ်ခုကရှိနေကာ လူတစ်ချို့ကပြန့်ကြဲကာလဲကျနေသည်။ အစိမ်းရောင်ဆံပင်နှင့်ကလေးကလည်းရှိနေသည်။ ထိုကလေးနားမှာဆံပင်အနက်နှင့်သူတစ်ဉီးကရှိနေသည်။ ထိုသူကဂျိတ်ဒ်...
YOU ARE READING
I am a System30 (series1)
Fantastikဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ ဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ Glo🍁🍁 🍇🍇🍇 Start=Nove...