Unicode
"အ..အကိုတော်5"
ထွက်ပြေး၍မရသည့်အဆုံးပန်းနတ်မင်းမှမဝံ့မရဲခေါ်လိုက်သည်။မင်းသား5သည်ကံကြမ္မာနတ်ဘုရားအမွှာညီအစ်ကိုနှစ်ဦးမှအငယ်တစ်ဦးဖြစ်သည်။
မင်းသား5မှပန်းနတ်မင်းကိုအထက်အောက်စုန်ဆန်ကြည့်ကာပြောလာသည်။
"အသင်ကဘယ်သူလဲ....တော်ဝင်အနွယ်ထဲကပဲလား"ပန်းနတ်မင်းတော့သူ့အကိုတော်၏စကားကြောင့်မည်သို့ရှိမည်မပြောတတ်ပေမဲ့30တော့သွေးတက်သွား၏။
30တစ်ယောက်တကယ်ကိုပင်ရှင်ချင်စိတ်ပေါက်လာ၏။
<"ဒါအရှင့်ရဲ့ညီတော်ပဲလေ...မသိဘူးလား...">မင်းသား5ကသေချာလေးမေးထောက်စဥ်းစားပြီးမှ.."မြင်တော့မြင်ဖူးတယ် ဘယ်သူမှန်းမသိတာ"
ပန်းနတ်မင်းအတော့်ကိုစိတ်မကောင်းဖြစ်သွားပုံပေါ်သည်။ သူတို့ကဖိန့်ဖိန့်တုန်အောင်ကြောက်နေပေမဲ့ ဟိုကသူတို့ကိုလုံးဝပင်မသိချေ။
"ဒါနဲ့ကိုယ်တော့်မှာညီအကိုဘယ်နှစ်ယောက်ရှိလဲ"<"နောက်နေတာလား">
30အကျယ်ကြီးအော်မိသွား၏။ထိုအခါမင်းသား5ကမျက်နှာငယ်ဖြင့်ပြောလာသည်။
"ကိုယ်တော့်မှာအကိုတော်4ပါးရှိတယ် ကျန်တာမသိတော့ဘူး"ပန်းနတ်မင်းက30ကိုစိတ်ဖြင့်ဆက်သွယ်လာသည်။
'အကိုတော်5ကသူ့ထက်အကြီးတွေပဲသိတာထင်တယ်'"ညီတော်ကအကိုတော်ရဲ့9ယောက်မြောက်ညီပါ"
"အော်ဟုတ်လား ဖြစ်နိုင်ပါတယ် ဧကရာဇ်ကအားနေကြင်ယာတော်ယူပြီးကလေးမွေးဖို့ပဲသိတာလေ ဖြစ်နိုင်ပါတယ်"မင်းသား5ကမထုံတတ်တေးဖြင့်ပြောလာသည်။
ပန်းနတ်မင်းတစ်ဖြစ်လည်းမင်းသား9အနေဖြင့်ဖခင်ကိုဤကဲ့သို့စော်ကားခွင့်မပြုနိုင်ချေ။
"ခမည်းတော်ကိုရိုင်းစိုင်းစွာမဆိုနဲ့ အခုချက်ချင်းပြန်ရုတ်သိမ်းပါ"မင်းသား5အနေနဲ့ကဘယ်လိုခံစားခဲ့ရမှန်းမသိပေမဲ့ပန်းနတ်မင်းကိုလူပြတ်ကိုကြည့်နေသကဲ့သို့ကြည့်နေသည်။ 30လိုSystemတစ်ယောက်အနေဖြင့်နတ်ဘုရားတွေ၏သဘောကိုနားမလည်နိုင်ပေမဲ့ ဒီနတ်ဘုရား၏မျက်ဝန်းတွေကနာကျဥ်းချက်နှင့်ဝမ်းနည်းရိပ်များပြည့်လျှံနေသည်ကိုအတိုင်းသားမြင်တွေ့နေရ၏။
YOU ARE READING
I am a System30 (series1)
Fantasíaဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ ဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ Glo🍁🍁 🍇🍇🍇 Start=Nove...