Unicode
တိတ်ဆိတ်မှောင်မဲပြီးကျဥ်းမြောင်းတဲ့လမ်းထဲမှာအနီရေင်ဝတ်စုံဖြင့်ကောင်လေးကဖြေးဖြေးမှန်မှန်လျောက်နေသည်။
အရမ်းအေးစိမ့်ပြီးခြောက်ခြားစရာကောင်းတဲ့အခြေအနေကိုလုံးဝဂရုမစိုက်သည့်အလားပင်...'30ဟုတ်ရောဟုတ်ရဲ့လား'
<"ဟုတ်ပါတယ်ဆို ဒါအလကားမဟုတ်ဘူး ပန်းနတ်မင်းဆီကဓားပြတိုက်လာတာ...">
'အဲ့လိုလား'...
<"ဟိုတစ်ခါpointအညာမိသွားလို့လေ...">
'ဘယ်တုန်းကလဲ...'
<"တနေ့ညက...">
'ဘယ်လို...'
<"အားး ခနလေးရောက်တော့မယ်">
စကားလမ်းကြောင်းမြန်မြန်လွှဲရသည်။ မဟုတ်ရင်စစ်မေးလို့ဒုက္ခ...
30ကကိုယ့်ဘက်ကမှန်သ၍မည်သူ့ကိုမဆိုပြန်ခံပြောရဲ၊အနိုင်ကျင့်ရဲသည်။ မိမိကတခုခုမဟုတ်တာလုပ်ထားရင်တော့အိုးမလုံအုံပွင့်နည်းနည်းလေးကြောက်တတ်သည်။
မြေပုံကိုကြည့်ရင်းတဖြည်းဖြည်းရှေ့တိုးလာသည်။ မြေပုံမှာပြနေတဲ့လမ်းကြောင်းကထွက်ပေါက်ရောက်ရန်အရှေ့သို့နှစ်ဖာလုံခန့်ကျန်နေသေးသည်။ တစ်ဖာလုံကျော်ကျော်သွားပြီးနောက်အလင်းစက်လေးတစ်စက်ကိုတွေ့လိုက်ရသည်။
<"hostရေ ဟိုမှာထွက်ပေါက်ပဲ...">
'ဘယ်မှာလဲ...'
<"ဟိုမှာလေပြူးနေတာပဲ...">
'အဲ့ဒီအလင်းစက်သေးသေးလေးလား...'
<"သွားစရာရှိတာမြန်မြန်သွား ဗိုက်ဆာနေပြီမလား">
ပြန်ဖြေဖော်တောင်မရတော့ဘဲအပြေးတစ်ပိုင်းဖြင့်ထိုနေရာကိုပြေးသွားပေသည်။
ထိုအပေါက်ကလူတစ်ယောက်တွားသွားလို့ပဲရသည်။ ၅နှစ်ကလေးအရပ်လောက်တောင်မရှိပေ။
Hostကခန္ဓာကိုယ်သေးသွယ်တော့သာသာလေးထွက်လို့ရသည်။
အပြင်ရောက်တော့ပတ်ဝန်းကျင်ကမြေအောက်လှိုဏ်ဂူထဲရောက်နေသည့်ပုံပေါ်သည်။ စမ်းချောင်းသေးသေးလေးတစ်ခုကစီးဆင်းနေသည်။
YOU ARE READING
I am a System30 (series1)
Fantastikဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ ဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ Glo🍁🍁 🍇🍇🍇 Start=Nove...