Arc-2.15(ညှိုး)

3.3K 357 12
                                    

Unicode

လှပပြီးနွေးထွေးနေဟန်ပေါ်တဲ့ရုံးခန်းသဏ္ဍအခန်းငယ်လေးဟာတိတ်ဆိတ်နေပေသည်။ လူ7ယောက်ရှိပေမဲ့တစ်ယောက်မှစကားမစပေ။ အားလုံးဟာအတွေးကိုယ်စီနှစ်မြောနေပေသည်။

ထိုအထဲမှာမှဦးဝဏမင်းစိုးနှင့်
Bless၏မျက်နှာအမူအယာကဒေါသတွေကိုချုပ်တီးထားဟန်ပေါ်နေပြီး ဒေးဗစ်နဲ့မောင်မျိုးကတော့စိုးရိမ်နေပေသည်။

လပြေငယ်နဲ့အောင်မြင်သူကလည်းပဲစိုးရိမ်နေပုံပေါ်ပေသည်။ လင်းရောင်သူတို့ကိုမုန်းသွားမည်စိုး၍ပင်။

ကာယကံရှင်လင်းရောင်ကတော့ချောင်ကျကျအခန်းထောင့်ကခုံလေးမှာထွေထွေကြီးဖြင့်အာရုံမကပ်သလိုဖြစ်နေပြီးဘယ်သူ့ကိုမှလည်းမကြည့်ပေ။

ဦးဝဏမင်းစိုးကငမွှေထိုးနှစ်ကောင်ကိုဒေါသထွက်ပြီးအော်ချင်သော်လည်းသားဖြစ်သူစိတ်ထိခိုက်မည်စိုး၍စိတ်ထိန်းနေပေသည်။

လင်းရောင်ကတော့တခြားသူများသူ့အပေါ်အာရုံရှိနေခြင်းကိုမသိပေ။ သူ့ရှေ့က30ကိုသာစစ်ဆေးနေလေသည်။

'30မှန်မှန်ပြောပါဦး ဟို2ယောက်ကငါ့ရဲ့ဦးဆိုတာသေချာလို့လား'

<"သေချာပါတယ်ဆို...ပြောပြနေတာလည်းအခေါက်56ခေါက်ရှိပြီ">

'ဒါနဲ့ငါကဘာလို့မသိရတာလဲ'

<"hostရယ်အရင်တုန်းကhostကငယ်သေးတယ်လေ">

'ဟုတ်မှာပါ...ဒါနဲ့30ကဘယ်ချိန်မှသိတာလဲ'

မုသားမပါလင်္ကာမချောဟူသည့်30က
<"hostတို့အတူနေလိုက်မှသိတာပါ">

'ငါတို့ကအတူမနေပါဘူး မနေ့ညမှတွေ့တာကို...'

လူကသာကြည့်တော့အမှောင်လောက
သားတုံးချက်ကလန်ထွက်နေပေသည်။
<"papapaတာပါ သိပြီလားမသိရင်ထပ်ပြောမယ်">

ထိုအခါမှမျက်နှာကြီးနီလာပြီး
'ရတယ်သိပြီ'

လင်းရောင်မျက်နှာနီလာသောကြောင့်အခြားသူများရဲ့စိတ်ပူမှုကထိုးတက်လာပြီး...

"သား.."

"ကိုကို...စိတ်မကောင်းမဖြစ်နဲ့နော်"ဆိုပြီးBlessကလင်းရောင်ကိုရင်ခွင်ထဲထည့်ကာကျောလေးကိုအသာပုတ်ပေးလေသည်။

I am a System30 (series1)Where stories live. Discover now