Unicode
"ဧကရာဇ်ကိုဘယ်တုန်းကခေါ်ထားလိုက်တာလဲ"
ဘရိုက်၏အသံကြားတော့တိုရီကပြုံးပြုံးလေးဖြင့် "omm ရန်မဖြစ်ခင်စကားစများထဲကထင်တယ်..."
"အဲ့လောက်ထိမလိုဘူးလေ ဘာလို့လူကြီးကိုဒုက္ခပေးနေရတာလဲ"
ရိုနာကထိုသို့ပြောတော့တိုရီကအမြန်ချေပလာသည်။
"ဧကရာဇ်လာရင်ဖေဖေလည်းပါလာနိုင်တာပဲ ညီမလေးလည်းပါလာနိုင်တယ်လေ..."ကျန်ညီအကိုများကလက်မထောင်လိုက်ပြီး..."တော်တယ်ငါ့ညီ"ဟုပြောလိုက်သည်။
"ထားလိုက်တော့ နောက်တစ်ခါတစ်ခုခုရှိရင်ငါ့ကိုလာပြော...ကိုယ့်ဘာသာမဆုံးဖြတ်နဲ့...ကြားလား"
ဘရိုက်ကတိုရီကိုပုံမှန်လေသံလေးဖြင့်ပြောလိုက်သည်။"ဟုတ်ကဲ့ဖေဖေလေး"
ထို့နောက်ဂျိမ်း၏အထိုးခံထားရ၍လဲကျနေသည့်ကလေးနှင့်ထောင့်မှာကပ်နေသည့်ကောင်မလေးကိုကြည့်ကာ တိုရီကိုကြမ်းပြင်ပေါ်ပြန်ချပေးလိုက်ပြီးဂျိတ်ဒ်ဘက်သို့လှည့်လိုက်သည်။
"ဂျိတ်ဒ် အဲ့နှစ်ယောက်ရဲ့မိဘတွေကိုဆင့်ခေါ်လိုက်...ငါ့အမိန့်လို့သာပြော"
ဂျိတ်ဒ်ကဘာမှပြန်မပြောပဲခေါင်းငြိမ့်လိုက်သည်။ ဘရိုက်မှာဖေဖေလေးဆိုတဲ့ရာထူးရှိတာပေါ့သေးသေးမဟုတ်ဘူး။
"ရိုနာ...ကျောင်းအုပ်နဲ့ကြီးကြပ်ရေးမှူးတွေကိုခေါ်လိုက်...အာ..မဟုတ်ဘူး ခန်းမထဲမှာလူစုခိုင်းထားလိုက်...သွား ငါ့အမိန့်"
ရိုနာနှင့်ဂျိတ်ဒ်ထွက်သွားတာကိုတွေ့တော့ဂျိမ်းအရိုက်ခံထားရသည့်ကောင်လေးမှအလန့်တကြားထအော်လေသည်။
"ခင်ဗျားကဘယ်သူမို့လို့...မိဘတွေကိုခေါ်ရဲရတာလဲ...ခေါ်ရဲခေါ်ကြည့် နိုရာရိုဒယ်ကတော်ဝင်မိသားစုနဲ့သွေးဝေးတဲ့တော်ဝင်မိသားစုပဲ..."ထိုကောင်လေး၏စကားကြောင့်နိုရာရိုဒယ်၏စိတ်ထဲတွင်ကြိတ်ဆိုဆဲလိုက်သည်။
'စောက်ရူးကောင်...နယ်စားဆူရွန်ရဲ့သားတွေတောင်အဲ့လူရဲ့စကားတစ်ခွန်းဆိုတစ်ခွန်းပဲနားထောင်တာမမြင်ဘူးလား..အသုံးမကျလိုက်တာ အဲ့လူကပေါ့သေးသေးမဟုတ်ဘူး..'
YOU ARE READING
I am a System30 (series1)
Fantasyဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ ဘာမှန်းမသိတဲ့အပြစ်ကြောင့်systemအဖြစ်hostပေါင်းများစွာနဲ့လက်တွဲကာmissionများစွာထမ်းဆောင်ရမည့် System 30 ........ Glo🍁🍁 🍇🍇🍇 Start=Nove...