Arc-4.29

636 66 8
                                    

4.29

ဆူရွန်အိမ်ထဲကိုဝင်လိုက်တော့ အိမ်လေးကတစ်ထပ်သာရှိသော်လည်းအတွင်းဘက်တွင်ကျယ်ကာအိပ်ခန်းတစ်ခန်းသာရှိသည်။

ထို့နောက်ရွှေရောင်ဆံပင်နှင့်သူကသူ့ကိုတအံ့တသြကြည့်နေတာကြောင့်သူလည်းမှင်သက်သွားရသည်။ အဲ့လောက်လှတဲ့သူမို့ရွိုင်းအမှီးရရခေါင်းရရအသေအလဲဖြစ်နေတာကိုး။ သူသာအောက်ထပ်မှာမရောက်ခဲ့ရင်ရွိူင်းနဲ့အတူအလှလေးကိုပြိုင်လိုက်နိုင်ချေများသည်။

"ဘရိုက်ကိုမွေးခဲ့တဲ့သူမလား?"
ဆူရွန်ကသာစကားစလိုက်သည်။

"မင်းကဆူရွန်မလား ဘယ်လိုရောက်လာတာလဲ"
သူ့ကိုမှတ်မိနေဟန်ပင်။

"ကျွန်တော်မသိဘူး"
<"သူ့ကိုဒီကနေထွက်သွားချင်လားမေးလိုက်">

30စကားကိူနားထောင်စွာ "ဒီကနေထွက်သွားချင်လား?" ဟုတည်ငြိမ်စွာမေးတော့...

သူကလှပနူးညံ့စွာပြုံးပြီး...
"သူမပါပဲမဖြစ်နိုင်ဘူး"

"သူကအကို့ကိုနာကျင်အောင်လုပ်ခဲ့တာလေ...အန်ကယ်ကိုရောပျောက်ကွယ်အောင်လုပ်ခဲ့တာ"
ဆူရွန်ကပြောသည်။

<"Hostကရွိုင်းရဲ့သူငယ်ချင်းနော်...မေ့မနေနဲ့">
'ငါတကယ်မေ့သွားတာ...'

"ငါတို့ကမဖြစ်သင့်မှန်း၊မဖြစ်နိုင်မှန်းသိတယ်..."
ညှိုးငယ်စွာဆို၏။

"ဒါပေမဲ့ငါသူ့ကိုတွယ်ကပ်ချင်တယ်...သူကငါ့ကိုအချိန်မပေးလေငါသူ့ကိုပိုဆန့်ကျင်ချင်လေပဲ...ငါ့ကလေးတွေကိုတော့သူ့အနားမှာမရှိစေချင်ဘူး...ငါ့ကလေးတွေသာသူ့အနားရှိရင် ငါ့လိုဖြစ်မှာကိုငါကြောက်တယ်...ငါ့ကလေးတွေကိုအပြင်လောကကြီးမှာရှင်သန်စေချင်တယ်...သန်မာလာစေချင်တယ် ငါ့လိုမဖြစ်မနေကာကွယ်ခံလေးမဖြစ်စေချင်ဘူး...သူတို့ကသန်မာမယ်ဆိုတာသိတယ်"
ပြတ်သားစွာပြော၏။

'30သူကmasochistလားဟင်'
<"30သိမလား?">

masochistတစ်ဦးလားဟုထင်မှတ်သွားသည်။

"သားကြီးဘရိုက်ကမလာတာတော်တော်ကြာပြီး သူရောအဆင်ပြေရဲ့လားဟင်"

"သူနဲ့ရွိုင်းပြဿနာဖြစ်ထားပုံပဲ စကားမပြောတာကြာပြီ"
ဆူရွန်ကသိသလောက်အဖြေပေးတော့သူ့မျက်နှာကညှိုးငယ်သွားသည်။

I am a System30 (series1)Where stories live. Discover now