Arc-1.10(ညှိုး)

5.4K 537 26
                                    

Unicode

"ဟာအဘိုးကြီး လူအိပ်ချိန်ကို..."

"ဟေ့..ငါ့baeကိုဘာလို့ဂုတ်ကနေဆွဲနေတာလဲ..အား...ငါ့နားရွက်ကိုလွှတ်"

"ရှူး ကောင်လေးအိပ်နေတာမသိဘူးလား"

ည12နာရီအချိန်လောက်မှာ ဟင်နရီကဒန်နီရယ်နဲ့ဂျော်နရီကို သူတို့အခန်းထဲမှ တရွတ်တိုက်ဆွဲကာခေါ်ခြင်းဖြစ်သည်။

"မင်းကောင်လေးအိပ်နေတာငါနဲ့ဘာဆိုင်လို့လဲ"

"ခင်ဗျား..."

မျက်ထောင့်နီကြီးနဲ့ကြည့်နေတဲ့ baeကိုတွေ့မှစကားမှားမှန်းသိသွားကာ...

"ကိုယ့်ယောက်ဖလေနော့်...ကိုယ့်ယောက်ဖ..."ဟိုဘက်ပြန်လှည့်သွားတဲ့baeကြောင့် 'တော်သေးတာပေါ့ဟူး'

"ဟို2ကောင်ဘာလုပ်နေတာလဲ လာခဲ့ကားပေါ်တက်" ဆိုတဲ့ဟင်နရီစကားကြောင့်အိမ်တော်ရှေ့မှအသင့်ရပ်ထားတဲ့ ကားပေါ်နှစ်ယောက်သားတက်လိုက်ကြသည်။ ပြီးနောက်ကားလေးကအိမ်တော်မှတစ်ဖြေးဖြေးထွက်ခွါလာခဲ့လေသည်။

အားလုံးမသိလိုက်တာက ခြေထောက်တိုတိုလေးတွေနဲ့ systemက ကားပေါ်မှာပါသွားတာကို.....

ဟင်နရီနဲ့ဒန်နီရယ်တို့ လက်ထပ်ခွင့်တောင်းပြီးနောက်ပိုင်း ကိုယ့်အိမ်တော်သို့ကိုယ်မပြန်ကြတော့ပဲ ဆင်ဘာအိမ်တော်မှာပဲကပ်နေခဲ့ကြသည်။

အတူနေတာကြာတော့ ဒန်နီရယ်နဲ့ ဂျော်နရီတို့ကအဆင်ပြေသွားပြီး မကြာခင်လက်ထပ်တော့မည်ဖြစ်သည်။ အဆင်မပြေသူကဟင်နရီ...ယောက္ခမတော်ကသူ့ရဲ့အချစ်တုံးလေးကိုသူ့နားမှာအချိန်ပြည့်ခေါ်ထားလေသည်။ ဒါကြောင့်ကိစ္စတွေကိုအပြတ်ဖြတ်ရန် အမြန်စီစဥ်ကာ ကောင်လေးကိုတစ်ခါတည်းလက်ထပ်လိုက်တော့မည်။

1လဆိုတဲ့အချိန်အတွင်း ယောက်ဖကလည်းသူ့လင်နဲ့သူအဆင်ပြေသွားတော့ ဘာမှသိပ်ပြီးမချုပ်ချယ်တော့ဘူး... ခက်တာကယောက္ခထီး....ယောက္ခထီးကိုလည်းလင်ပဲပေးစားရမလား...ဒါမှသူ့လင်အနားကမခွါနိုင်မှာ...
{ကြံစီနေတာကျန်း}

လမ်းတစ်ဝက်ရောက်တဲ့အထိ စကားတစ်ခွန်းမှမပြောပဲနဲ့ မှိုင်တိုင်တိုင်နဲ့ကားမောင်းနေတဲ့ လင်ညီအစ်ကို​ကို ဒန်နီရယ်ကအကြိမ်ကြိမ်ခေါ်သော်လည်း အသိမဝင်သောကြောင့် လက်ထဲရှိဖုန်းနှင့်ပိတ်ခေါက်လိုက်မှ
~ဒေါက်~

I am a System30 (series1)Where stories live. Discover now