(Unicode)
ဒီနေ့ကတော့ ကျောင်းကို ထမင်းဘူးယူလာခဲ့တာမို့ အတန်းထဲမှာပဲ တစ်ယောက်သော သူနဲ့အတူစားရမယ့်အရေးကိုတွေးရင်း စိတ်ရွှင်နေသည်။
အိမ်ကနေ ကျောင်းအထိ ကားနဲ့လာရတဲ့ ရိပေါ်ဟာ ပေကျင်းမြို့သား သူဌေးသားလေးဖြစ်သည်။
ဝတ်တာစားတာရော ရုပ်ရည်ရော အကုန် စမတ်ကျ ပြည့်စုံပေမယ့် ကားပေါ်က ဆင်းတဲ့အခါ ထမင်းဘူးနှစ်ဘူးကို က်ိုင်ထားရလို့ ရှိုးပဲ့လိုက်တာဆိုပြီး ယွီပင်းကတော့ ရှုံ့မဲ့မဲ့ဖြစ်နေ၏။
ရိပေါ်ကတော့ လွယ်အိတ်ကိုဘေးတစောင်းလွယ်လို့ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ပြီး ကျော့ကျော့မော့မော့နဲ့သွားလိုက်ပြီ။
ကျောင်းထဲရောက်တာနဲ့ ရိပေါ်က ယွီပင်းကို အဖက်ကိုမလုပ်တော့တာဖြစ်သည်။ ယွီပင်းလည်းနားမလည်ပါဘူး ဒီကောင်က ဘာဖြစ်ချင်နေတာလဲပဲဟုသာတွေးမိ၏ ။
" ဟေ့ကောင်စောင့်ဦးလေ.... အမြန်ကြီးမလျှောက်နဲ့ "
ထမင်းဘူးနှစ်ဘူးကို လက်တစ်ဖက်စီမှာကိုင်လို့ ရိပေါ်နားအပြေးသွားရသည်။
" ငါလျှောက်တာမမြန်ပါဘူး။ မင်းလျှောက်တာကပဲနှေးနေတာ "
" သြော် ငါပဲမှားပါတယ် "
ယွီပင်းက ဆက်ပြောချင်စိတ်မရှိတော့လို့ ပါးစပ်ပဲပိတ်နေလိုက်တော့သည်။
အတန်းထဲရောက်တော့ ရှောင်းကျန့်က အရင်ရောက်နေ၏။ ခုံပေါ်မှာခေါင်းမှောက်ပြီး အိပ်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်က အပေါက်ဝမှာတင်ရပ်ပြီးသေချာကြည့်မိသည်။
ဒီနေ့လည်း အကျီတွေက တွန့်ကြေနေတုန်း။ ခေါင်းလည်းဖြီးလာပုံမရပြန်ဘူး။
ယွီပင်းကတော့ ထမင်းဘူးကို အတန်းနောက်က စင်ပေါ်မှာတင်လို့ ရှောင်းကျန့်နားကိုဝင်ထိုင်သည်။
ရှောင်းကျန့်ကျောကိုရိုက်ချလိုက်တာ အုန်းခနဲတောင်မြည်လေသည်။
လွယ်အိတ်ကို စားပွဲခုံထဲထည့်နေတဲ့ ရိပေါ်က အုန်းခနဲအသံကြားတာကြောင့်နောက်လှည့်ကြည့်တော့ ယွီပင်းက ရှောင်းကျန့်ကို တဘုန်းဘုန်းထုပြီး ပခုံးကြောတွေကို နှိပ်ပြီး စနေတာဖြစ်လေသည်။
YOU ARE READING
Let Me Be The One (Zhanyi)