(Unicode)
ပြတင်းပေါက်နားမှာထိုင်လို့ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ရိပေါ်တစ်ယောက် ပြုံးစိစိနဲ့ တဟီးဟီး လုပ်နေတာ အတော်ကြာပြီ။
နှုတ်ခမ်းကိုကိုင်လို့ ခဏခဏပြုံးရတာလည်းအမော။
ရှောင်းကျန့်နဲ့ နမ်းမိပြီးကတည်းက ဂိမ်းတောင်မဆော့နိုင်တော့ပဲ ရှောင်းကျန့်ဆီပဲစိတ်က တစ်ချိန်လုံးရောက်နေတော့တာ။
နောက်တစ်ခေါက်ထပ်နမ်းရရင် သိပ်ကောင်းမှာပဲ !
ဒါမှမဟုတ် နမ်းမိသွားရင်ပဲ အဆင်ပြေပါတယ် !
ရှောင်းကျန့်နဲ့ နမ်းမိသွားတယ်ဆိုတာကြီးပဲ အကြိမ်ကြိမ်တွေးမိပြီး ဟိုနေ့တုန်းက အဖြစ်အပျက်ဆီကိုပဲ စိတ်ကရောက်ရောက်သွားသည်။
" အာ ဆောရီး.... ကိုယ် "
ရှောင်းကျန့်နဲ့ နှုတ်ခမ်းချင်းထိသွားတယ်ဆိုတာသိသိချင်း ရိပေါ်ဟာ မျက်လုံးကို အတင်းမှိတ်ချလိုက်မိတာဖြစ်သည်။
မသိမသာနဲ့ ရှောင်းကျန့်နှုတ်ခမ်းကို ခပ်ဖွဖွစုပ်ယူလိုက်သေးတာကို ရှောင်းကျန့်ကတော့ သတိထားမိတဲ့ပုံမရပါဘူး။
"ရ ...ရပါတယ် "
ဘာကိုရပါတယ်ပြောမိမှန်းလည်း ရိပေါ်မသိဘူး။
နှစ်ယောက်လုံးက ရှက်ကိုးရှက်ကန်းနဲ့အိမ်ပြန်လာခဲ့ကြသည်။
အပြန်မှာရှောင်းကျန့်က ရိပေါ်ကိုစေ့စေ့မကြည့်ရဲပဲ စက်ဘီးတွန်းရင်းလမ်းလျှောက်နေတာ မျက်နှာကရဲတွတ်လို့။
ရိပေါ်ကတော့ ဂုတ်ပိုးကိုပွတ်လိုက် လက်တွေအချင်းချင်းဆုပ်ချေလိုက်နဲ့ ရှိုးတိုးရှန့်တန့်ပုံစံလုပ်ပြနေပေမယ့် စိတ်ထဲမှာ ကြိတ်ပျော်နေတာ ကိုယ်စောင့်နတ်အသိဆုံး။
အဲဒီနေ့မှာ ရိပေါ်က ရှောင်းကျန့်နဲ့အတူ စျေးမလိုက်သွားဖြစ်ခဲ့ဘူး ။
ပထမဆုံးအနမ်းက ကိုယ်သဘောကျရတဲ့သူကိုပေးခဲ့ရတာ ဘယ်လောက်တန်ဖိုးရှိသလဲ။
ကိုယ့်ဘက်က ပထမဆုံးအနမ်းဆိုပေမယ့် ရှောင်းကျန့်ဘက်ကရော !
YOU ARE READING
Let Me Be The One (Zhanyi)