(Unicode)
စနေတနင်္ဂနွေတိုင်းမှာ ရိပေါ်က ရှောင်းကျန့်အိမ်ကိုအလည်သွားသည်။
ဒါပေမယ့် မနက်ခင်းမှာ ရှောင်းကျန့်က ချင်းယွဲ့အိမ်ကိုစာသွားသင်ရတာမို့ နေ့လည်မှ တွေ့ရတာကိုကြာတော့ စိတ်မရှည်ချင်တော့ဘူး ။ မဖြစ်တော့ဘူး နောက်နေ့ကစပြီး ရှောင်းကျန့်ကို အိမ်ခေါ်စာသင်ပေးရမယ်။
ဘလိုင်းကြီးစာသင်ပေးလို့မဖြစ်တာမို့ ဂွင်နည်းနည်းတော့ ဖန်ရဦးမှာပဲ။
ကျောင်းသားသစ်ဖြစ်တဲ့ ရိပေါ်က အတန်းထဲက တခြားသူတွေကိုကျော်လွန်ပြီး ချင်းယွဲ့နဲ့ ပြိုင်ဘက်ဖြစ်လာသည်။
ချင်းယွဲ့ကတော့ ခပ်ပြုံးပြုံးပေမယ့် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာကိုတော့ ရိပေါ်သိသားပဲ။
အဲ့လိုမကျေမနပ်ကိုဖြစ်စေချင်နေတာ။
ကျောင်းမှာလည်း အမြဲရှောင်းကျန့်နားကပ်လို့ကြည့်လို့ကိုမရဘူး။
ရှောင်းကျန့်နဲ့သာမပက်သက်ခဲ့ရင် ချင်းယွဲ့က စာတော်တဲ့မိန်းမချောလေး။
တောမြို့လေးက သူဌေးသမီးဆိုတဲ့ ဂုဏ်သေးသေးလေးနဲ့ မောက်မာနေတာကလွဲရင်ပေါ့။
"မြို့သား" "သူဌေးသား" "စျေးကြီးတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းကနေပြောင်းခဲ့တဲ့ကျောင်းသားသစ်" ဒီဂုဏ်ပုဒ်တွေနဲ့ ရိပေါ်က ချင်းယွဲ့ကို ပြိုင်စရာမလိုလောက်အောင် အတန်းထဲမှာထင်ပေါ်ပြီးသား။
ယွီပင်းက ရှောင်းကျန့်အိမ်သွားလည်ရင် အမြဲဂိမ်းဆော့နေတတ်တာမို့ ရိပေါ်
က ယွီပင်းကို မခေါ်တော့ဘူး။ယွီပင်းမပါရင် ရှောင်းကျန့်နဲ့ လွတ်လွတ်လပ်လပ်တွေ့ရတာလည်းပါလို့ဖြစ်သည်။
လွတ်လွတ်လပ်လပ်တွေ့တယ်သာဆိုတယ် နှစ်ယောက်တည်းရှိတဲ့အချိန်ကျ ထမင်းစားပြီးပြီးလားနဲ့ စာတွေရပြီလားကလွဲရင် ဘာမှတောင်သိပ်မပြောဖြစ်ကြပေ။
ဘာဟင်းနဲ့စားလည်းလို့မေးလာရင်တောင် အခြေအနေတိုးတက်လာတယ်ပြောရဦးမည်။
ဆရာမတွေက အသွက်လေးလို့ခေါ်တဲ့ ရိပေါ်က ရှောင်းကျန့်ရှေ့ရောက်ရင် ဘာပြောရမှန်းမသိတော့တဲ့ တကယ့် နုံနုံအအလေး။
YOU ARE READING
Let Me Be The One (Zhanyi)