(Unicode)
" အာ့ စပ်တယ် ဖြည်းဖြည်း "
မှောက်လဲလို့ပွန်းသွားတဲ့ ဒူးကို အိမ်ပြန်ရောက်တော့ ရှောင်းကျန့်က ဆေးထည့်ပေးနေတာဖြစ်သည်။
" သတ္တိတွေရှိနေတာပေါ့လေ ။ လုပ်တုန်းက လုပ်ထားပြီး ခုမှလာအော်မနေနဲ့။ စပ်လည်းငြိမ်ခံ။ "
ရှောင်းကျန့်က မငေါက်စဖူး ရိပေါ်ကိူငေါက်တယ်။ လေသံမာမာနဲ့ပြောတယ်။
ဟုတ်တယ်လေ ! တကယ်ကြီး ရိပေါ်ကိုစိတ်ပူသွားတာ။
ကျောင်းသားကြီးတွေနဲ့အတူရိပေါ်လိုက်သွားတာကို ရှောင်းကျန့်မြင်လိုက်သည်။ ဘယ်လိုသိလည်းမမေးနဲ့ နောက်ကနေလိုက်ချောင်းနေတာဖြစ်၍။
တော်သေးတာပေါ့။ အချိန်မှီသွားလို့။ မဟုတ်ရင် ရိပေါ် မျက်နှာလှလှလေးမှာအမာရွတ်ကျန်သွားရင် ဘယ်လိုလုပ်မလဲ ။
ခုတောင်ရိပေါ် ဒူးက ဒဏ်ရာတွေမြင်ရတာ ရှောင်းကျန့် စိတ်မချမ်းသာဘူး။ရိပေါ်ကို ဘာအပွန်းအပဲ့ အထိအခိုက်မှကို မခံစေချင်တာ။ ကလေးစုတ်ကတော့ သူဘာမှမလုပ်ထားတဲ့အတိုင်း စပ်ဖြည်းဖြည်းနဲ့။ ဘာတွေကို ကျေနပ်နေမှန်းမသိ။ သူအနိုင်ရပါတယ်ပေါ့ ဆိုတဲ့အပြုံးကြီးနဲ့ တကယ့် လူဆိုးလေး။
ရုံးခန်းထဲမှာ ပြသနာတွေအကုန်လုံးဖြေရှင်းလိုက်နိုင်လို့တော်ပါသေးတယ်။ ရိပေါ်အိမ်က လူကြီးတွေကိုတော့ ဘောလုံးကန်ရင်းမှောက်လဲလာတာလို့ လိမ်ပေးရသည်။
တစ်သက်နဲ့တစ်ကိုယ်မလိမ်ဖူးတာ ဒီကလေးနဲ့မှပဲ လိမ်ရတော့သည်။
ယွီပင်းကိုတော့ ရန်ဖြစ်တဲ့အကြောင်း အိမ်ကိုတိုင်ပြောရင် စောက်ခွက်ပစ်ထိုးမယ်လို့ပြောထားသတဲ့။ ရိပေါ်က တကယ့်အဆိုးလေး။
" ဟွန်း"
နှုတ်ခမ်းကို တစ်တောင်လောက်စူထားပြီး စိတ်ကောက်တဲ့ပုံစံနဲ့ ရိပေါ်က ဘာမှဆက်မပြောတော့။
အပြင်ပိုင်းကသာမူရာမာယာများနေခြင်း။ စိတ်ထဲမှာတော့ အကျေနပ်ကြီးကျေနပ်လို့။
ရှောင်းကျန့်က သူ့ကို ဆေးထည့်ပေးနေသည်။ ʕ≧ᴥ≦ʔ
" ဖူး ဖူး "
YOU ARE READING
Let Me Be The One (Zhanyi)