Ep - 4

2.4K 330 10
                                    

(Unicode)

ကျောင်းတက်တာ တစ်လကျော်ပြီမို့ အတန်းထဲကကျောင်းသားတွေအကုန်လုံးနဲ့ရိပေါ်ဟာရင်းနှီးနေပြီ။

ယောကျာ်းလေးဆိုရင်တော့ ရေပက်မဝင်ပြောတတ်တဲ့ရိပေါ်ဟာ မိန်းကလေးတွေနဲ့ဆိုရင်တော့ စကားဆယ်ခွန်းပြည့်အောင်မပြော။

မိန်းကလေးတွေနဲ့ ရောရောနှောနှောနေရတာ ရိပေါ်မကြိုက်တာဖြစ်သည်။ ပြီးတော့ ယောကျာ်းလေးနဲ့ ဖက်လဲတကင်းပေါင်းတတ်တဲ့ မိန်းကလေးတွေဆို တန်ဖိုးမရှိသလိုခံစားရလို့ဖြစ်၏။

အတန်းထဲက ကျောင်းသားတွေအကုန်လုံးနဲ့ရင်းနှီးနေပေမယ့် ရှောင်းကျန့်နဲ့ဆိုရင်တော့ ရိပေါ်ဟာ ကောင်းကောင်းကို စကားမပြောဖူးသေး။

ရှောင်းကျန့်သာ ထမင်းဘူးမပါခဲ့ရင်ဆိုပြီး နေ့တိုင်း ထမင်းဘူးထဲကို ထမင်းတွေပိုပြီးထည့်လာပေမယ့် သယ်ရတာလေးတာကလွဲပြီး ရှောင်းကျန့်ကို ကျွေးဖိူ့ အခွင့်အရေးမရသေး။

အဲတာထက် ရှောင်းကျန့်ကိုခေါ်စားဖို့ ပါးစပ်ကမထွက်ပဲ ဝန်လေးနေတာရောပါသည်။

ပိုပြီးထည့်လာတဲ့ထမင်းတွေကို ရှောင်းကျန့်ကိုမကျွေးရလို့ အလကားဖြစ်သွားတာတော့မဟုတ်။

ဝူချန်နဲ့ မင်လျန် အဲ့ဒီ အငတ်နှစ်ကောင်က စားသွားလိုက်ကြတာချည်း။

အစပိုင်းက  ဘယ်သူနဲ့မှ စောက်ကြောမတည့်ပုံရမယ့် ခပ်ချေချေဒီဇိုင်းနဲ့ ရိပေါ်ဟာ ခုတော့ အတန်းထဲမှာ တကယ့်အချစ်ခံကြီးပဲ။

ဘယ်လောက်ပဲ စောက်ခွက်ပြောင်ပြောင် ရှောင်းကျန့်ရှေ့ရောက်ရင် အနည်းနဲ့အများ ရုပ်တည်သွားတတ်တာက ခြွင်းချက် ။

ဘေးနားကနှစ်ကောင်ကတော့ ရိပေါ်နဲ့ ပြောမနာဆိုမနာသူငယ်ချင်းတွေကိုဖြစ်လို့။

တစ်ခါတလေကျ သူတို့နဲ့ စောက်ကြောမတည့်ချင်တာကြောင့် သူတ်ို့က ရိပေါ်ရဲ့ အနိုင်ကျင့်ခံရတာ ခဏခဏ။

သူများကျောင်းကိုပြောင်းလာပြီး အတန်းခေါင်းဆောင်ကိုဗိုလ်လုပ်နေတဲ့ ရိပေါ် ..... အမုန်းမခံရတာ ကံကောင်းသည်။

Let Me Be The One  (Zhanyi)Where stories live. Discover now