Ep - 14

2.3K 359 13
                                    

(Unicode)

" ကျောင်းမလစ်ဖူးဘူးလား တစ်ခါမှ "

အုတ်တံတိုင်းပေါ်ကျော်တက်နေရင်း ရိပေါ်က လှမ်းမေးလိုက်တာဖြစ်သည်။

" အင်း မလစ်ဖူးဘူး "

" သတိထားဆင်း "

ရိပေါ်က ကျောင်းခဏခဏလစ်နေကျမို့ အုတ်တံတိုင်းကျော်တာလောက်တော့ သိပ်မဆန်း။ နောကျေနေပြီ။

အရင်ဆုံး အုတ်တံတိုင်းကိုကျော်လို့ ခုန်ဆင်းသွားပြီးနောက် ရှောင်းကျန့်ခုန်ဆင်းတာကို အောက်နေက လက်ကိုလှမ်းလို့ ရှောင်းကျန့်ပြုတ်ကျခဲ့ရင် လှမ်းဖမ်းဖို့ အဆင်သင့်အနေအထားနဲ့။

ရှောင်းကျန့် တံတိုင်းပေါ်က ခြေချော်ပြီးပြုတ်ကျသွားလို့ နောက်ထပ် အနမ်းခံရလည်း နည်းသလား။

ဒါပေမယ့် ရိပေါ်စိတ်ကူးထားတဲ့အတိုင်းမဖြစ်ခဲ့ပါဘူး။

ရှောင်းကျန့်က ရိပေါ်ရှိရာဘက်ခုန်မချပဲ ဘေးဘက်ကိုခုန်ချသွားတာများ အေးဆေးလေး။

မသိရင် အုတ်တံတိုင်းကျော်နေကြလိုပဲ။

တံတိုင်းကျော်တဲ့မစ်ရှင် နှစ်ယောက်လုံးအောင်မြင်သွားပြီဆိုတော့ နှစ်ယောက်လုံးက ကျောင်းအပြင်ဘက်ကိုရောက်နေကြပြီ။

" ပြုတ်ကျမှာစိုးလို့ အောက်ကနေ လက်ခံပေးထားတာကို "

" ဝက်စုတ်လေးကိုယ်ပေါ်ပြုတ်ကျရင် ထိခိုက်မိမှာစိုးလို့ပါကွာ "

ရိပေါ်က မကျေမနပ်ဟန်နဲ့ ဆူပုပ်ပုပ်လေးရေရွတ်တော့ ရှောင်းကျန့်က ရယ်ရင်း ရိပေါ်ဆံပင်တွေကိုဆွဲဖွသည်။

ရိပေါ်ခေါင်းကို ခပ်ဖွဖွ ပုတ်ရတာတော့ရှောင်းကျန့်က အတော်လေးသဘောကျသည်။

ခုချိန်ထိ ကလေးလေးလိုပဲ ဆက်ဆံခံနေရတုန်းမို့ ရိပေါ်က တကယ်အဆင်ပြေမနေတော့ဘူး။

ရှောင်းကျန့်မျက်လုံးထဲမှာကိုယ်က ကလေးတစ်ယောက် ညီလေးတစ်ယောက်ထက် အဆင့် မပိုတော့ဘူးလား။ (¬_¬)

ကျောင်းလစ်ပြီးတော့ ဘယ်သွားကြလဲဆိုရင် ထူးထူးထွေထွေနေရာကြီးတော့မဟုတ် ရွာပြင်ဘက်ကကုန်းပြင်မြင့်ဆီ။ ကုန်းပြင်မြင့်ပေါ်က သစ်ပင်အကြီးကြီးအောက်မှာ သစ်သားထိုင်ခုံတန်းလေးတွေလည်းထားထားသေး။

Let Me Be The One  (Zhanyi)Where stories live. Discover now