(Unicode)
ရှောင်းကျန့်လာမှာမို့လို့ ရိပေါ် ကျောင်းပြန်လာကတည်းက အကျီလဲပြီး ခြံပေါက်ဝက ဒန်းပေါ်မှာထိုင် ဖုန်းသုံးရင်း မျှော်နေမိတာ လည်ပင်းတဆန့်ဆန့်နဲ့။
စိတ်ဆိုးသွားပြီလားဆိုပြီး စိတ်ပူနေပေမယ့် ရှောင်းကျန့်ကတော့ သေချာပေါက်လာလောက်မှာပါ။
စိတ်မပါတပါနဲ့ ဂိမ်းဆော့နေတာ ဂိမ်းတောင်ရှုံးသည်။
" ဟေ့ကောင် ဒန်းပေါ်ထိုင်ပြီးဘာလုပ်နေတာလဲ "
အိမ်ပေါက်ဝကနေ ခါးထောက်လို့ လှမ်းအော်တဲ့ယွီပင်းက အောက်က ပေါင်လယ်လောက် ကာတွန်းဘောင်းဘီတိုနဲ့ အပေါ်က ကျောင်းယူနီဖောင်းနဲ့။ တကယ့် ဖိုသီဖတ်သီနိုင်တဲ့ကောင်။
ကျောင်းမှာဆိုစော်ကြည်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဘဝင်မြင့်နေတဲ့ကောင်။
အိမ်နေရင်း ဒီလိုဖို့ယို့ဖားယားပုံစံကို သူ့ကိုကြွေပါတယ်ဆိုတဲ့စော်တွေတွေ့ကြည့်ပါလား။ သွေးအန်လို့တောင် သေသွားဦးမယ်။
" ဒန်းစီနေတာလေ စောက်လုံးကန်းနေတာလား "
စိတ်ပေါက်ပေါက်နဲ့ ဆဲလိုက်တော့ မျက်ဖြူဆိုက်ပြပြီး အိမ်ထဲပြန်ဝင်သွားလေသည်။
ရှောင်းကျန့်က ခုထိမလာသေးဘူး !
" ဟေ့ကောင် ပန်းသီးစားမလား "
" တော်ပြီ "
ပန်းသီးတစ်လုံးက်ို ကိုက်လို့ အိမ်ထဲကနေထွက်ပြီး ရိပေါ်နားလာထိုင်တဲ့ ယွီပင်းက နောက်တစ်ခေါက် အဆဲခံချင်နေတဲ့ပုံပင်။
" မင်းရေမချိူးရသေးဘူးမလား...မှန်းစမ်း "
ယွီပင်းက နှာခေါင်းတရှုံ့ရှုံ့နဲ့ ပန်းသီးကိုင်ရင်း အနံ့ခံနေလေ၏။
" မနက်အစောကြီးကတည်းက ရေချိုးပြီးသား .. မင်းလို စောက်ညစ်ပတ်ထင်နေလား "
" အနံ့ရနေလို့ပြောတာပါကွ... ငါက ခနနေရေချိုးတော့မှာ။ သန့်ပြီပြန့်ပြီလေ... အဟဲ "
ယွီပင်းပြောလိုက်မှပဲ ကိုယ့်ကိုယ်ကို သံသယတောင်ဝင်လာသလိုပင်။
YOU ARE READING
Let Me Be The One (Zhanyi)