(Unicode)
ရှောင်းကျန့်အိမ်ရောက်တော့ယွီပင်းကမရှိတော့ပေ။
ပြန်သွားပြီထင်သည်။ ယွီပင်းပြန်သွားတာကောင်းတယ် ရှောင်းကျန့်ကို ပြောစရာရှိတာလေးတွေအေးအေးဆေးဆေး ပြောလို့ရသွားပြီ။
ဧည့်ခန်းထဲက ထိုင်ခုံပေါ်ကို ရိပေါ်ကိုချပေးပြီး ရှောင်းကျန့်က အောက်မှာ ဒူးတစ်ဖက်ကိုထောက်ကာထိုင်လို့ ရိပေါ်ခြေထောက်ကိုသေချာကြည့်သည်။
ရှောင်းကျန့်က လက်နှစ်ဖက်စလုံးနဲ့ သေချာ ခြေထောက်ကိုက်ိုင်ထားတာကိုရိပေါ်က သဘောကျတာနဲ့ တစ်ဆက်တည်း အားလည်းအားနာရသည်။
" ကြွက်တက်သေးလား "
" ဟင့်အင်း မတက်တော့ဘူး "
အသာခေါင်းယမ်းပြလိုက်တော့ ရှောင်းကျန့်က ထလို့ သူ့အခန်းထဲဝင်သွားသည်။
ဘာသွားလုပ်တာလဲတော့မသိပေမယ့် ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ အခန်းထဲကနေထွက်မလာ။
ဘာလား ! ရှောင်းကျန့်က ခြေထောက်ကို မကြည့်ပေးတော့ဘူးလား ။ ကြွက်မတက်ပေမယ့် ခြေထောက်ပေါက်နေသေးတယ်လေ ! (ಥ﹏ಥ)
" ခဏစောင့်ဦးနော် ကလေး "
" အင်း "
အခန်းထဲကထွက်မလာလို့စိတ်ပူနေကာမှ ကလေးလို့ခေါ်ခံလိုက်ရတဲ့အချိန်မှာတော့ ရိပေါ် ပါးတွေက ရှိန်းတိန်းတိန်းဖြစ်သွားသည်။
အိစ် ! ကလေးတဲ့ ရှောင်းကျန့်က ငါ့ကိုကလေးတဲ့။
ရှောင်းကျန့်နေရာမှာ ယွီပင်းကသာ ကလေးလို့လာခေါ်လို့ကတော့ မင့်မေစပကို ကလေးလားဆိုပြီး လှန်ပြလိုက်မည်။
အကျီကိုပြောတာ..... ဗိုက်က ကြွက်သားတွေကိုပြမလို့ (¬_¬)
အသက်မပြည့်သေးလို့ လူကြီးတော့ မဖြစ်သေးပေမယ့် ကလေးလည်းမဟုတ်တော့ဘူးလေ ။
ဒါပေမယ့် ရှောင်းကျန့်က ကလေးဆိုတော့လည်း ကလေးပေါ့။ ရှောင်းကျန့်တစ်ယောက်တည်းရဲ့ ကလေးလေး။ ノಠ_ಠノ
အခန်းထဲက ထွက်လို့ အိမ်နောက်ဘက်က်ို ဝင်သွားတဲ့ ရှောင်းကျန့်က ဘာတွေအရေးကြီးနေတာလည်းမသိ။ သုတ်သုတ်ပျာပျာနဲ့။
YOU ARE READING
Let Me Be The One (Zhanyi)