18

7.4K 689 46
                                    

ပထမဆုံး Chanel ကို အလုပ်စဝင်ခွင့်ရတုန်းကခံစားချက်ကို Jisoo မှတ်မိသေးတယ်။ အလုပ်ဝင်ခွင့် အောင်မြင်ပါသည် ဆိုတဲ့ Email ကို ရတုန်းက ရင်ထဲမှာ လှပ်ခနဲပျော်တဲ့အပျော်။ နောက်ပြီး ကော်ဖီဆိုင်စဖွင့်တုန်းကလဲ ငါ့ရဲ့ အေးအေးဆေးဆေးနားစရာ အရိပ်အမြုံလေး ဆိုပြီး ဆိုင်ရှေ့မှာ ခဏရပ်လို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေခဲ့ဖူးတယ်။

ဘဝရဲ့ ပထမဆုံးပေါင်းများစွာရှိပေမယ့် အခုရနေတဲ့ခံစားချက်ကို မမှီပါဘူး။ စောင်ပုံထဲက အမျိုးသမီးငယ်လေးဟာ အိပ်မောကျနေသည့်တိုင် ချစ်ချင်စရာကောင်းနေတုန်းပဲ။ ပုခုံးကျော်အထိ စောင်ကိုဆွဲခြုံထားတာမို့ တစ်ဝက်လောက်ပဲပေါ်နေတဲ့ ပါးအိအိလေးတွေကို Jisoo ဖိကပ်နမ်းပစ်လိုက်တယ်။ Jane ငယ်လေးကို ပွေ့ဖက်နမ်းရှုံ့ရင်း နှိုးထလာရတဲ့ Christmas နောက်တစ်ရက် ဒီမနက်ခင်းဟာ Jisoo ဘဝရဲ့ အမှတ်တရတွေထဲမှာ အကောင်းမွန်ဆုံးဖြစ်လာနိုင်တယ်။

Jane က ပင်ပန်းထားတဲ့လူတစ်ယောက်လိုကို အိပ်မောကျနေတယ်။ မနှိုးရက်တာမို့လို့ Jisoo စောင်ကိုအသာလှပ်ပြီးထတော့ စောင်ထဲရောက်သွားတဲ့အကြည့်က ခေါင်းထဲရှိန်းခနဲဖြစ်စေတဲ့ မြင်ကွင်းကို ယူဆောင်လာပြန်တယ်။ Jane ရဲ့လည်ပင်းက နီရဲရဲအကွက်လေးနှစ်ခု သုံးခုလောက်ကိုပဲ Jisoo ဟာ ဒီလောကက အလှပဆုံးအစိတ်အပိုင်းတွေလို့မြင်နေတာ။

စားပွဲပေါ် ကြုံသလိုပစ်တင်ထားတဲ့ အဝတ်တွေကိုအရင်ကောက်သိမ်းပြီး၊ မသုံးဖြစ်တာကြာတဲ့ အခန်းရဲ့ဗီရိုထဲက သူမရဲ့ အဝတ်အစားတစ်စုံကို ထုတ်ဝတ်လိုက်တယ်။ Jane ရဲ့ ကုတ်အင်္ကျီနဲ့ အဝတ်တွေကိုတော့ Jisoo သေချာခေါက်ပြီး ကုတင်ဘေးက ခုံအမြင့်ပေါ်မှာတင်ပေးထားခဲ့တယ်။

မာဖလာအကြီးကြီးကို လည်ပင်းမှာမပတ်ပဲ ပုခုံးပေါ်ကနေခြုံပြီး အိမ်ထဲကထွက်လာတော့ အအေးဓာတ်ကိုသိမ့်ခနဲခံစားရတယ်။ ခြံပတ်လည်ထဲကို လှမ်းငေးတော့ နှင်းစတွေ ရှိနေတုန်းပဲ။ လျှောက်လမ်းကနေ လျှောက်တော့ မနေ့က Jane လက်ကိုဆွဲပြီး ခေါ်လာတုန်းက အရှေ့ကနေ သူမ နှုတ်ခမ်းတွေတုန်ယင်နေတာ။ အကြောက်တရားကိုရော ချစ်ခြင်းမေတ္တာကိုရော၊ ရောပြွန်းနေအောင် ခံစားနေရတဲ့ အရှုံးသမားတစ်ယောက်ကို Jane ဟာ အပြစ်စကားလေးတစ်ခွန်းတောင် မဆိုခဲ့ပြန်ဘူး။ သူမထက်ငယ်ပေမယ့် သူမကိုအမြဲခွင့်လွှတ်ပေးနေတဲ့ အဲ့အမျိုးသမီးလေးကို တစ်ဘဝလုံး စောင့်ရှောက်ပြီး အတူရှင်သန်သွားချင်တယ်။

ချည်တိုင်Where stories live. Discover now