"နောက်အပတ်ထဲမှာလုပ်မယ့်ပွဲကို ဒယ်ဒီပါလာမှာနော် Ruby Jane"
"ဟုတ်ကဲ့"
"အင်း အလုပ်ထဲမှာအဆင်ပြေတယ်မလား။ ဟိုတစ်နေ့ကလို အလုပ်ချိန်ကို တစ်ဝက်နဲ့ရပ်ပစ်လိုက်တာမျိုးထပ်မလုပ်နဲ့တော့။ Jongsuk က သမီးမို့လို့ ဘာပြဿနာမှအဖြစ်မခံပဲ လိုက်လျောလိုက်တာ နောက်ထပ်မလုပ်နဲ့"
ထမင်းတမြုံ့မြုံ့ဝါးရင်း Jennie ခေါင်းငြိမ့်ပြလိုက်တယ်။ သူမကလဲ လုပ်ချင်လို့မှမဟုတ်ပဲ။ အဲ့နေ့က အစ်မနဲ့သူမကို ခတ်ထားတဲ့ဘောင်တွေကိုမကြိုက်လို့ သူတို့မျက်စိရှေ့မှာမရှိချင်လို့ ထွက်လာခဲ့တာ။
"Christmas မှာ တစ်ခုခုလုပ်ဖို့ရှိလား"
"အဟွတ်!!"
ရေခွက်ကို အနောက်နားမှ အန်တီကြီးက အပြေးလေးယူပေးသည်။ Jennie ၏ကျောသို့အသာပွတ်ပေးနေသည်။
"ရှိ .. ရှိတယ်ဒယ်ဒီ။ Jisoo နဲ့ .. ဟို ..
"ဪ အလုပ်ကလူတွေနဲ့အတူရှိမှာလား။ ဒါဆိုရပါတယ်။ မနှစ်ကလို နေမကောင်းမဖြစ်တာပဲကံကောင်းလှပြီ"
အစ်မနှင့်ဆုံပြီးနောက်ပိုင်း ဒယ်ဒီနှင့်သူမ၏ဆက်ဆံရေးပါ တိုးတက်လာသည်။ အရာအားလုံးကို အကောင်းမြင်လာသည်နှင့်အတူ မကောင်းလဲမြင်လာတတ်သည်။ အချစ်၏ အဓိပ္ပါယ်ဖွင့်ဆိုပုံတို့ကို Jennie မသိပေမယ့် အစ်မအကြောင်းတွေးလိုက်သည့်အခါတိုင်း ပျော်ရွှင်မှု၊ နာကျင်မှုတို့ကို ရောပြွန်းစွာခံစားရသည်။
"အဲ့ည Jisoo အိမ်မှာပဲ အိပ်လိုက်မယ်နော်"
Jennie အသိပေးတော့ ဒယ်ဒီက ခေါင်းငြိမ့်ပြတယ်။ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး ရယ်ချင်စိတ်တို့ဖြစ်ပေါ်လာသည့် ကိုယ့်ကိုကိုယ် အတင်းထိန်းလိုက်ရသည်။
"အိပ်တော့မယ် ဒယ်ဒီ။ မနက်ဖြန် ရုံးကိုစောစောသွားမလို့"
အပေါ်ထက်သို့တက်လာသည့်ခြေလှမ်းတို့ပေါ့ပါးနေသည်။ ဒီည နှင်းများကျသည်။ အပြင်မှအအေးဓာတ်ကို အတွင်းစိတ်ထဲထိခံစားလို့ရနေသည်။ အစ်မဆီဖုန်းခေါ်လိုက်သည်။
"အစ်မ ဘာလုပ်နေလဲ အိပ်တော့မှာလား"
"ဟယ်လို"
YOU ARE READING
ချည်တိုင်
Fanfictionချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...