17

9K 694 60
                                    

Christmas ၏ အငွေ့အသက်သည် December လကို လွှမ်းခြုံထားပြီး လူတိုင်း၏ စိတ်အစဉ်၌ Christmas သီချင်းသံတို့ စီးဆင်းနေနိုင်သည်။ ကြွေကျနေသည့် နှင်းဖွဲများကိုမြင်၍သော်လည်းကောင်း၊ ပြင်ဆင်ထားသည့် Christmas သစ်ပင်တို့ကို ကြည့်၍သော်လည်းကောင်း စိတ်ပျော်ရွှင်မှုတို့ကို လူတို့ဖွေရှာတွေ့ရှိခံစားကြသည်။

Jennie သည် အဝတ်အစားတစ်စုံကို အိတ်ငယ်ထဲထည့်၍ ကုတင်ဘေး၌ ခပ်တွေတွေ သို့မဟုတ် စိတ်လှုပ်ရှားစွာ ငြိမ်သက်ပြေးလွှားနေမိသည်။ အခန်းဝရန်တာသို့ထွက်၍ မတ်တပ်ရပ်လိုက်သည်။ မာမီရှိတုန်းက ညဘက်များတွင် မကြာခဏ သူမနှင့်မာမီ ဤဝရန်တာ၌ အတူတူရပ်ပြီး စကားပြောဖြစ်ကြသည်။

လိုလားစွာပတ်သတ်တော့မည့် ပတ်သက်မှုတစ်ခုကို ပြောပြဖို့ရန် မာမီမရှိတော့။ ပြောပြစရာတွေများလွန်းသည်။ မာမီထွက်သွားပြီး တစ်နှစ်အကြာမှာ ပျော်ရွှင်မှုတွေကို နာကျင်စရာနှင်းစတွေဖုံးပြီး Santa က သမီးဆီပို့ပေးခဲ့သည်ဟူ၍လည်းကောင်း၊ ဘတ်စကတ်ဘောဆော့တုန်းက သမီးကိုကြည့်ပြီး အော်ဟစ်ရယ်မောနေခဲ့သည့်အမျိုးသမီးဟာ အခုတော့ သမီးရဲ့ကမ္ဘာတစ်ခုဖြစ်လာသည့်အကြောင်း။

နှင်းထုဖုံးနေတဲ့ လမ်းမကြီးဘေးက မတ်တပ်ရပ်နေခဲ့တဲ့ပုံရိပ်က ဘဝတစ်ခုလုံးကို စိုးမိုးသွားတာခံလိုက်ရပြီဟူ၍လည်းကောင်း၊ ငိုစရာတွေကို .. ခံစားရတာတွေကို လက်ချင်းဆုပ်ကိုင်လိုက်ရုံ၊ နှုတ်ခမ်းချင်းထိလိုက်ရုံနဲ့ ကုစားပစ်နိုင်တဲ့ မှော်ဆန်ဆန်အမျိုးသမီးတစ်ဦးဆီ သူမနစ်ဝင်နေပြီဆိုတဲ့အကြောင်း။ မာမီနားမထောင်ပေးနိုင်တော့ပေမယ့် Jennie ပြောပြချင်နေသည်။

ဝရန်တာဘက်သို့ထွက်သည့်တံခါးကိုပိတ်လိုက်တော့ လေတစ််ချက်ဝေ့သည်။ ကုတင်ထက်က ဖုန်းက တုန်ခါလာသည်။ ခေါ်ဆိုသူအမည်ဟာ သူမ၏ ချည်တိုင်ဖြစ်ပြီး၊ ထုံနေတဲ့ အေးစက်စက်လက်တွေနဲ့ လှမ်းယူတော့ စိုးရိမ်မှုနဲ့တွေဝေမှုတွေ ဘုန်းခနဲပြုတ်ကျသွားတယ်။

"ဟယ်လို"

"Jane"

ထိုခေါ်သံသည် အချစ်၏ခေါ်သံဖြစ်သည်။ ထိုခေါ်သံသည် နှစ်တစ်နှစ်၏အဆုံး၌ နွယ်ခဲ့သည့် ချည်တစ်မျှင်၏ စတင်တွယ်နှောင်ရာဖြစ်သည်။

ချည်တိုင်Where stories live. Discover now