"အစ်မ နိုးတာတောင် ညီမကိုမနှိုးဘူး"
ကျောပြင်က နွေးသွားတဲ့ အထိအတွေ့ကြောင့် Jisoo အလိုလိုပြုံးမိသွားတယ်။ ကော်ဖီဖျော်နေရင်း သူ့ကိုလည်ပြန်လှည့်ကြည့်လိုက်သည်။
"ဟေးး အင်္ကျီဝတ်လာလေ"
အောက်ခံနှစ်ခုပဲဝတ်ထားတဲ့ ကလေးမကြောင့် Jisoo အမြန်ပြောတော့ သူက ညစ်ကျယ်ကျယ်ပြုံးတယ်။
"ဘာဖြစ်လဲ နှစ်ယောက်တည်းရှိတာကို။ ဘာမှမဝတ်ထားတာမှမဟုတ်တာ"
မြင်နေရတဲ့ ပုခုံးသားတွေ၊ ချပ်ရပ်ပြီး ကျစ်လစ်နေတဲ့ ခါးနားက မြင်ကွင်း၊ ဖြောင့်သွယ်နေတဲ့ ခြေတံတွေ။
"Jane အင်္ကျီသွားဝတ်ကွယ် ဒီနေ့အလုပ်သွားရမှာကို"
"ဘာဖြစ်လဲလို့ အလုပ်သွားရင်တော့ဝတ်မှာပေါ့"
"အစ်မကမဆိုးတော့ဘဲ Jane က ဆိုးလာတာပဲ"
"ချစ်တာကို"
ကော်ဖီနှစ်ခွက်ကို မယူသေးဘဲ Jisoo သူ့ဘက်လှည့်ရပ်လိုက်တယ်။ Jane က သူ့လက်တွေနဲ့ မိမိလည်တိုင်ကို ချိတ်တွယ်သည်။
"နှာတံကို နမ်းစမ်းမယ်။ အနားကိုတိုးအစ်မ"
Jisoo ခပ်သဲ့သဲ့ပြုံးပြီး သူ့အနားကို မျက်နှာတိုးပေးလိုက်တယ်။ ခက်တော့တာပဲ။ အင်္ကျီမပါဘာမပါနဲ့။
"ဆိုင်ကိုပြန်မှာမလားဒီည"
နှာဖျားကို ဖြတ်ခနဲနမ်းပြီး Jane က မေးတယ်။
"အင်း မပြန်တာ ငါးရက်ရှိပြီလေ ကလေးမရဲ့"
"သိပါတယ် မပြန်နဲ့မပြောပါဘူးနော်"
Jane ကို ဒီတိုင်းကြည့်နေရတာ Jisoo တော့ အဆင်မပြေပါဘူး။ အခန်းထဲ ခပ်သွက်သွက်သွားပြီး သူ့အဝတ်အစားတွေယူလာတဲ့ထိ သူက တခစ်ခစ်ရယ်ပြီး မီးဖိုချောင်စားပွဲပေါ်မှာ တက်ထိုင်နေတုန်း။
"ရော့ ဝတ်တော့။ ပြီးရင် မနက်စာစားမယ်။ ပြီးရင် ရေချိုးမယ်။ ပြီးရင် အလုပ်သွားမယ်"
"ရေအတူချိုးမယ်နော်"
ထပ်စချင်ပုံမပေါ်တော့တဲ့သူက အသာတကြည်ပဲ အဝတ်တွေဝတ်ရင်းပြောတယ်။
VOCÊ ESTÁ LENDO
ချည်တိုင်
Fanficချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...