"ဒါဆို 3rd January မှ ရုံးပြန်တက်ကြလို့ပြောလိုက် Jongsuk. အန်ကယ်အဲ့နေ့လာခဲ့မယ် မင်းတို့ဆီကို။ Little Jane ကိုလဲ ရုံးလိုက်ပို့ရင်းပေါ့"
Jennie စာအုပ်ထိုင်ဖတ်နေရာကနေ ဆတ်ခနဲဖြစ်သွားတယ်။ အစ်မနဲ့သွားမလို့ စဉ်းစားထားတာကို ဘာလို့ ဒယ်ဒီကလိုက်ပို့မှာလဲ။ တစ်ဖက်ဖုန်းထဲက Jongsuk နဲ့ အလုပ်ကိစ္စတွေပြောနေသေးတဲ့ ဒယ်ဒီက တော်တော်ကြာမှ Jennie အနားကိုရောက်လာတယ်။
"Ruby"
"Happy New Year ဒယ်ဒီ"
"ည၁၂မထိုးသေးဘူးလေ"
ဒယ်ဒီပြောလာတော့ Jennie စာအုပ်ကိုချပြီး ဒယ်ဒီ့ကို မျက်နှာငယ်နဲ့ငေးလိုက်တယ်။ လူကောင်သေးသေးလေးနဲ့ ဆိုဖာခုံထဲ နစ်နေတဲ့ Jennie ကို ဒယ်ဒီက ခါးထောက်ကြည့်တယ်။
"Kim Jisoo အိမ်မှာ သွားနေဦးမယ်လို့တော့မပြောနဲ့နော်"
"မပြောပါဘူး အစ်မအိမ်ကိုမသွားပါဘူး"
"ဒါဆို အဲ့မျက်နှာပေးကဘာတုန်း"
ဒယ်ဒီက သူ့ဘောင်းဘီအပွကြီးကိုမပြီး ထိုင်ချလိုက်တယ်။ Jennie ဆိုဖာခုံထဲ လှဲချမိမတတ် ခွေခေါက်ထိုင်နေတာမို့ ခါးတွေနာလာတယ်။ အသက်ကငယ်ပေမယ့် သူမက တကယ့်အဘွားကြီးလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဟိုနေရာကနာ ဒီနေရာကနာနဲ့။
"အစ်မနဲ့ တစ်နေရာရာသွားမလို့"
အန်တီကြီးက လက်ဖက်ရည်ပူပူတွေ လာချပေးတာမို့ ဒယ်ဒီရော သူမရော လှမ်းယူသောက်လိုက်တယ်။
"ဘယ်သွားမှာလဲ"
"မသိဘူး အစ်မခေါ်တဲ့နောက်လိုက်မယ်"
ဒယ်ဒီက လက်ဖက်ရည်ခွက်ကို ဆောင့်ခနဲချသည်။
"သွား။ တစ်လပိုင်း သုံးရက်နေ့ကျ ရုံးပြန်တက်ရမယ်။ အဲ့နေ့တော့ ငါလိုက်ပို့ပါရစေ Runy Jane ရေ။ အလုပ်ကိုမသွားခင် ခေါ်သွားစရာ တစ်နေရာလဲရှိသေးလို့"
ဒယ်ဒီ့ဆီက ခွင့်ပြုချက်ရပြီမို့ Jennie ပျော်သွားတယ်။ သူမနဲ့ဒယ်ဒီက အရင်က မတည့်တဲ့အခြေအနေတွေမှာတောင် ဒယ်ဒီ့ကိုပေးမသိပဲ သူမ အပြင်မှာ ညမအိပ်ဖူးဘူး။ ဒယ်ဒီဟာ သူမကို သမီးတစ်ယောက်အပေါ်မှာထားရမယ့် စိတ်ပူမှုမျိုးတွေရှိတာ အတိုင်းသားခံစားလို့ရခဲ့တာကြောင့်လဲပါပါတယ်။ အစ်မနဲ့ အပြင်ထွက်ရဖို့အဓိကမို့ အလုပ်အတူမသွားရလဲ နည်းနည်းအဆင်ပြေပါသေးတယ်။
YOU ARE READING
ချည်တိုင်
Fanfictionချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...